တူရကီရဲ႕ ေခတ္သစ္သမိုင္းမွာ အပ်က္အစီးအမ်ားဆုံး ငလ်င္ျဖစ္ၿပီး အသက္ရွင္ က်န္ရစ္ခဲ့တဲ့ လူ ၅.၂ သန္းကို ကူညီဖို႔အတြက္ ေဒၚလာ ၁ ဘီလီယံ အကူအညီ လိုအပ္တယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။ တူရကီနဲ႔ နယ္စပ္ခ်င္း ဆက္ေနၿပီး သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ ဆီရီးယားဘက္က လူ ၅ သန္းကို ကူညီဖို႔ ေဒၚလာ သန္း ၃၉၇ သန္း လိုတယ္လို႔ ကုလသမဂၢက ေျပာခဲ့ၿပီး ၂ ရက္အၾကာမွာ အခုလို တူရကီအတြက္ ထပ္ေတာင္းခံလိုက္တာပါ။
ဒုကၡေရာက္သူ အေရအတြက္က တူသေလာက္ရွိေပမယ့္ အကူအညီေတာင္းခံတဲ့ ေငြပမာဏက တူရကီအတြက္ ၂ ဆခြဲေလာက္မ်ားေနရတာ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းေတြကို ကုသလမဂၢ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric က ၾကာသပေတးေန႔က ေမးျမန္းခံခဲ့ရပါတယ္။
တူရကီအတြက္ ကုန္က်စားရိတ္ကို တြက္ခ်က္ရာမွာ တူရကီအစိုးရနဲ႔ ပူးေပါင္း တြက္ခ်က္ခဲ့တာျဖစ္တယ္လို႔ ကုလေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ေျမငလ်င္ဒဏ္ခံလိုက္ရတဲ့ တူရကီနယ္ေျမအတြင္းမွာ ဒုကၡသည္ ၁ သန္း ၇ သိန္း ၄ ေသာင္း ေနထိုင္ေနၾကတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက ေျပာပါတယ္။
[Unicode]
တူရကီငလျင်ဘေးသင့်သူတွေအတွက် ကုလ ဒေါ်လာ ၁ ဘီလီယံ အကူအညီတောင်း
တူရကီရဲ့ ခေတ်သစ်သမိုင်းမှာ အပျက်အစီးအများဆုံး ငလျင်ဖြစ်ပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူ ၅.၂ သန်းကို ကူညီဖို့အတွက် ဒေါ်လာ ၁ ဘီလီယံ အကူအညီ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ တူရကီနဲ့ နယ်စပ်ချင်း ဆက်နေပြီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဆီရီးယားဘက်က လူ ၅ သန်းကို ကူညီဖို့ ဒေါ်လာ သန်း ၃၉၇ သန်း လိုတယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပြီး ၂ ရက်အကြာမှာ အခုလို တူရကီအတွက် ထပ်တောင်းခံလိုက်တာပါ။
ဒုက္ခရောက်သူ အရေအတွက်က တူသလောက်ရှိပေမယ့် အကူအညီတောင်းခံတဲ့ ငွေပမာဏက တူရကီအတွက် ၂ ဆခွဲလောက်များနေရတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကို ကုသလမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကြာသပတေးနေ့က မေးမြန်းခံခဲ့ရပါတယ်။
တူရကီအတွက် ကုန်ကျစားရိတ်ကို တွက်ချက်ရာမှာ တူရကီအစိုးရနဲ့ ပူးပေါင်း တွက်ချက်ခဲ့တာဖြစ်တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြေငလျင်ဒဏ်ခံလိုက်ရတဲ့ တူရကီနယ်မြေအတွင်းမှာ ဒုက္ခသည် ၁ သန်း ၇ သိန်း ၄ သောင်း နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။