ဘရာဇီးလ်မိုးပြင်းထန်မှု လူအမြောက်အများသေဆုံး
ဘရာဇီးလ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ ဖေဖော်ဝါရီလ တတိယ သီတင်းပတ်ကုန် ရက်တွေအတွင်း မိုးသည်းထန် ရွာသွန်းလို့ မြေပြိုကျမှုတွေနဲ့ လူတွေ သေဆုံး၊ အိမ်ခြေတွေ ထိခိုက်ခဲ့ရပါတယ်။ သေဆုံးရသူက ဖေဖော်ဝါရီ ၂၁၊ အင်္ဂါနေ့ထိ အယောက် ၄၀ ကျော်သွားပြီး ပျောက်ဆုံးသူ ၄၀ လောက်ရှိနေဆဲမို့ သေဆုံးဦးရေ ထပ်တိုးနိုင်ပါတယ်။