=== [[ ZAWGYI ]] ===
ၾကက္ငွက္တုပ္ေကြးေၾကာင့္ ကေမာၻဒီးယားမွာ ကေလးငယ္တစ္ဦးေသဆုံး
ကေမာၻဒီးယားႏိုင္ငံမွာ အသက္ (၁၁)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ၾကက္ငွက္တုပ္ေကြးေရာဂါနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။ ဒါဟာ ကေမာၻဒီးယားမွာ ၂၀၁၄ ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္ H5N1 အမ်ိဳးအစား ၾကက္ငွက္တုပ္ေကြး လူကုိ ကူးစက္ခံရတာျဖစ္ပါတယ္။
အေရွ႕ေတာင္ပိုင္း ေက်းလက္ေဒသဘက္က အဲဒီ မိန္းကေလးငယ္ဟာ ေဖေဖာ္ဝါရီ ၁၆ ရက္က ေနမေကာင္းျဖစ္ခဲ့ၿပီး ၿမိဳ႕ေတာ္ ဖႏြမ္းပင္ရွိ ေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့တယ္ ဆိုပါတယ္။ သူဟာ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာသလို အဖ်ားလည္း ၁၀၂ ဖာရင္ဟိုက္အထိ တက္ၿပီး မၾကာမီ ေသဆုံးသြားတယ္လို႔ ဗုဒၶဟူးေန႔ညက က်န္းမာေရးဌာနက သတင္း ထုတ္ျပန္ပါတယ္။
ေသဆုံးသြားတဲ့ မိန္းကေလးငယ္ရဲ႕ ေနအိမ္အနီးရွိ ေဘးမဲ့ေတာ ဧရိယာမွာ ေသဆုံးေနတဲ့ ေတာ႐ိုင္းငွက္တေကာင္ကို ေတြ႕ရၿပီး အဲဒီငွက္ဆီက နမူနာေတြကို ဓာတ္ခြဲစစ္ေဆးမယ္လို႔ ဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ထပ္မံ သတင္း ထုတ္ျပန္ပါတယ္။ ဖ်ားနာ ေသဆုံးတဲ့ ငွက္ေတြကို ထိေတြ႕ကိုင္တြယ္တာေတြ မလုပ္ဖို႔လည္း အဲဒီ ေဒသမွာ သတိေပးခ်က္ ထုတ္ျပန္ထားတယ္ ဆိုပါတယ္။
ၾကက္ငွက္တုပ္ေကြးလို႔ လူသိမ်ားတဲ့ ကူးစက္ေရာဂါဟာ ပုံမွန္ဆိုရင္ ၾကက္ငွက္ေတြမွာ ပ်ံ႕ႏွံ႔ေလ့ရွိေပမယ့္ ၁၉၉၇ ခုႏွစ္ ေဟာင္ေကာင္က အသားတန္းေတြမွာ ေစ်းဝယ္သူေတြကို ကူးစက္ခံရၿပီးေနာက္မွာ လူကို ၿခိမ္းေျခာက္ႏိုင္တဲ့ ကူးစက္ေရာဂါအျဖစ္ သတ္မွတ္ခဲ့ၾကတာပါ။
ကမာၻတဝန္းရွိ ကူးစက္ခံရသူအမ်ားစုဟာ ေရာဂါကူးစက္ခံထားရတဲ့ ၾကက္ေတြနဲ႔ တိုက္႐ိုက္ထိေတြ႕မႈေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္းမွာ ႏို႔တိုက္သတၱဝါမ်ိဳးစုံမွာ ကူးစက္ခံရၿပီး ဗိုင္းရပ္စ္က ပုံစံေျပာင္းကာ လူေတြၾကား ပိုမိုလြယ္လြယ္ကူကူနဲ႔ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ေျခ ရွိႏိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြလည္း ေပၚေပါက္လာပါတယ္။
H5N1 ကူးစက္မႈ လကၡဏာေတြက ေခ်ာင္းဆိုးတာ၊ ကိုယ္လက္ကိုက္ခဲတာနဲ႔ ကိုယ္အပူအခ်ိန္ တက္တာ အပါအဝင္ တျခား တုပ္ေကြးေတြနဲ႔ ဆင္တူၿပီး ျပင္းထန္တဲ့ အေျခအေနမွာဆိုရင္ လူနာေတြဟာ အသက္အႏၲရာယ္ရွိႏိုင္တဲ့အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားတတ္ပါတယ္။
ကေမာၻဒီးယားမွာ၂၀၀၃ ခုႏွစ္ ကေန ၂၀၁၄ ခုႏွစ္အတြင္း H5N1 ကူးစက္ခံရသူ ၅၆ ဦးရွိခဲ့ၿပီး အဲဒီမွာ ၃၇ ဦး ေသဆုံးခဲ့ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က ေျပာပါတယ္။
တကမာၻလုံးမွာဆိုရင္ ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံမွာ လူကူးစက္ခံရမႈ ၈၇၀ ဝန္းက်င္ရွိခဲ့ၿပီး ေသဆုံးသူက ၄၅၇ ဦး ရွိခဲ့တယ္ ဆိုပါတယ္။ ဒါေပမဲ့ ေရာဂါ ျဖစ္ပြားမႈ အရွိန္အဟုန္က ေႏွးေကြးသြားၿပီး ၿပီးခဲ့တဲ့ (၇)ႏွစ္အတြင္း ကူးစက္မႈ ၁၇၀ နဲ႔ ေသဆုံးမႈ ၅၀ ေလာက္ ရွိခဲ့ပါတယ္။
=== {{ UNICODE }} ===
ကြက်ငှက်တုပ်ကွေးကြောင့် ကမ္ဘောဒီးယားမှာ ကလေးငယ်တစ်ဦးသေဆုံး
ကမ္ဘောဒီးယားနိုင်ငံမှာ အသက် (၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ကမ္ဘောဒီးယားမှာ ၂၀၁၄ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး လူကို ကူးစက်ခံရတာဖြစ်ပါတယ်။
အရှေ့တောင်ပိုင်း ကျေးလက်ဒေသဘက်က အဲဒီ မိန်းကလေးငယ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်က နေမကောင်းဖြစ်ခဲ့ပြီး မြို့တော် ဖနွမ်းပင်ရှိ ဆေးရုံကို ပို့ဆောင်ကုသခဲ့တယ် ဆိုပါတယ်။ သူဟာ ချောင်းဆိုး၊ လည်ချောင်းနာသလို အဖျားလည်း ၁၀၂ ဖာရင်ဟိုက်အထိ တက်ပြီး မကြာမီ သေဆုံးသွားတယ်လို့ ဗုဒ္ဓဟူးနေ့ညက ကျန်းမာရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ နေအိမ်အနီးရှိ ဘေးမဲ့တော ဧရိယာမှာ သေဆုံးနေတဲ့ တောရိုင်းငှက်တကောင်ကို တွေ့ရပြီး အဲဒီငှက်ဆီက နမူနာတွေကို ဓာတ်ခွဲစစ်ဆေးမယ်လို့ ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထပ်မံ သတင်း ထုတ်ပြန်ပါတယ်။ ဖျားနာ သေဆုံးတဲ့ ငှက်တွေကို ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့လည်း အဲဒီ ဒေသမှာ သတိပေးချက် ထုတ်ပြန်ထားတယ် ဆိုပါတယ်။
ကြက်ငှက်တုပ်ကွေးလို့ လူသိများတဲ့ ကူးစက်ရောဂါဟာ ပုံမှန်ဆိုရင် ကြက်ငှက်တွေမှာ ပျံ့နှံ့လေ့ရှိပေမယ့် ၁၉၉၇ ခုနှစ် ဟောင်ကောင်က အသားတန်းတွေမှာ စျေးဝယ်သူတွေကို ကူးစက်ခံရပြီးနောက်မှာ လူကို ခြိမ်းခြောက်နိုင်တဲ့ ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ကြတာပါ။
ကမ္ဘာတဝန်းရှိ ကူးစက်ခံရသူအများစုဟာ ရောဂါကူးစက်ခံထားရတဲ့ ကြက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ နို့တိုက်သတ္တဝါမျိုးစုံမှာ ကူးစက်ခံရပြီး ဗိုင်းရပ်စ်က ပုံစံပြောင်းကာ လူတွေကြား ပိုမိုလွယ်လွယ်ကူကူနဲ့ ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။
H5N1 ကူးစက်မှု လက္ခဏာတွေက ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ ကိုယ်အပူအချိန် တက်တာ အပါအဝင် တခြား တုပ်ကွေးတွေနဲ့ ဆင်တူပြီး ပြင်းထန်တဲ့ အခြေအနေမှာဆိုရင် လူနာတွေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့အဆုတ်ရောင်ရောဂါ ဖြစ်ပွားတတ်ပါတယ်။
ကမ္ဘောဒီးယားမှာ၂၀၀၃ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အတွင်း H5N1 ကူးစက်ခံရသူ ၅၆ ဦးရှိခဲ့ပြီး အဲဒီမှာ ၃၇ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
တကမ္ဘာလုံးမှာဆိုရင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ လူကူးစက်ခံရမှု ၈၇၀ ဝန်းကျင်ရှိခဲ့ပြီး သေဆုံးသူက ၄၅၇ ဦး ရှိခဲ့တယ် ဆိုပါတယ်။ ဒါပေမဲ့ ရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်က နှေးကွေးသွားပြီး ပြီးခဲ့တဲ့ (၇)နှစ်အတွင်း ကူးစက်မှု ၁၇၀ နဲ့ သေဆုံးမှု ၅၀ လောက် ရှိခဲ့ပါတယ်။