သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်လာရုစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ထောင် ၁၀ နှစ်ကျ


Belarus Nobel Laureate Trial
Belarus Nobel Laureate Trial

=== [[ZAWGYI ]] ===

ဘယ်လာရုစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ထောင် ၁၀ နှစ်ကျ

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Ales Bialiatski ကို ဘဲလာရုစ် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ သူဟာ ဘဲလာရုစ်နိုင်ငံထဲက အရေးပါတဲ့ လူ့အခွင့်အရေးအဖွဲ့ Viasna ကို တည်ထောင်သူဖြစ်ပါတယ်။

ဘဲလာရုစ်နိုင်ငံက ၂၀၂၀ခုနစ် ရွေးကောက်ပွဲမှာ သဘောထား တင်းမာတဲ့ သမ္မတ Alexander Lukanshenko ပြန်လည်ရွေးကောက်ခံခဲ့ရပြီးတဲ့နောက် လူထုအုံကြွမှုတွေအတွင်း ဆန္ဒပြသူတွေကို တရားရင်ဆိုင်ရေးနဲ့ ငွေကြေး အထောက်အပံ့ပေးခဲ့တဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

ဘဲလာရုစ် သမ္မတ Alexander Lukanshenko ဟာ ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်တဲ့ မိတ်ဆွေ မဟာမိတ်လည်း ဖြစ်ပြီး သူ့ကို ဥရောပရဲ့ နောက်ဆုံး အာဏာရှင်လို့တောင် ခေါ်ဝေါ်ကြပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Bialiatski ကတော့ ဒီစီရင်ချက်ဟာ နိုင်ငံရေး ပယောဂကြောင့်လို့ ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေက လူ့အခွင့်ရေး လှုပ်ရှားသူတွေနဲ့အတူ ၃ ဦးပူးတွဲပြီး နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဘယ်လာရုစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ထောင် ၁၀ နှစ်ကျ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===






XS
SM
MD
LG