=== [[ ZAWGYI ]] ===
မေကြးနဲ႔စစ္ကိုင္းတိုင္းတြင္း ပစ္ခတ္မႈ အရပ္သားတခ်ိဳ႕ေသဆုံးဒဏ္ရာရ
မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္မွာ နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားၿပီး ေဒသခံျပည္သူေတြ လက္နက္ႀကီးထိမွန္ ဒဏ္ရာရတာေတြရွိခဲ့ပါတယ္။ စစ္ကိုင္းတိုင္း၊ ယင္းမာပင္မွာဆိုရင္လည္း စစ္တပ္လိုလားေထာက္ခံတဲ့ လက္နက္ကိုင္တခ်ိဳ႕ ပစ္ခတ္တာေၾကာင့္ အရပ္သား ေသဆုံးတာေတြ ရွိေနပါတယ္။ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက ေနာက္ဆုံးရရွိတဲ့ အေျခအေန သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္ ေျပာျပပါမယ္။
မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာ စစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေနၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ မတ္လ ၉ ရက္ မနက္ပိုင္းကစလို႔ တိုက္ပြဲျဖစ္ေနတာပါ။ ေပါက္ၿမိဳ႕နယ္နဲ႔ မိုင္အနည္းငယ္သာ ကြာေဝးတဲ့ ေညာင္ဝန္း ေျမာက္စု ေက်း႐ြာဘက္ကို နယ္ေျမရွင္းလင္းရင္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။
စစ္ေကာင္စီဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီးေတြေၾကာင့္ အရပ္သား ေဒသခံေတြ ထိခိုက္တာေတြရွိတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕က တာဝန္ရွိသူ ကိုဗ်ိဳင္းႀကီးက အခုလို ေျပာျပပါတယ္။
“၇ နာရီ မတ္တင္းေလာက္ကိုမွ ကြၽန္ေတာ္တို႔ေတြက အေရွ႕မွာ စစ္ေၾကာင္းေရာက္ေနတာ သိတယ္ခင္ဗ်။ စစ္ေၾကာင္းေရာက္ေနတာသိေတာ့ အေရွ႕ဘက္ကိုပဲ ကင္းကိုခ်ထားတယ္။ ဒါေပမယ့္ အေနာက္ေက်ာကေန ဝင္ၿပီးေတာ့ထုတယ္ဗ်ာ။ မိုင္း ၂ လုံးကာထားတယ္ဗ်။ မိုင္း ၂ လုံးထိတယ္။ မိုင္းမွာ အဲ့ေကာင္ေတြ ၂ ေကာင္က်သြားတယ္။ လက္နက္ႀကီးနဲ႔ထုတယ္။ လက္နက္ႀကီးက ကြၽန္ေတာ္တို႔ ေခါင္းေပၚကို ေက်ာ္ၿပီးေတာ့ ႐ြာကအိမ္ေတြကို သြားက်တယ္။ ေလာေလာဆယ္က ျပည္သူက အားလုံးေပါင္း ၈ ေယာက္ေလာက္ရွိတယ္။ လက္နက္ႀကီး ထိတာ။ မနက္က လက္နက္ႀကီး တရစပ္ထိတာ ျပည္သူ ၃ ေယာက္က ၂ ေယာာက္က အေျခအေနဆိုးတယ္။ ၁ ေယာက္က ပြဲခ်င္းၿပီး ေသသြားတယ္။”
ေနအိမ္ေတြမီးေလာင္တာေတြလည္းရွိၿပီး အတိအက် မေျပာႏိုင္ေသးသလို ေက်း႐ြာက ေဒသခံေတြကလည္း ႐ြာကို ျပန္လည္ မဝင္ေရာက္ႏိုင္ေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိမွာ စစ္ေကာင္စီက စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနပါတယ္။
ဒါက မေကြးတိုင္းက အေျခေနပါ။ စစ္ကိုင္းတိုင္းထဲမွာဆိုရင္လည္း ယင္းမာပင္ၿမိဳ႕နယ္ထဲက နဘူးေတာေက်း႐ြာအနီးက ေတာတိုက္ေတြကို စစ္ေကာင္စီ အားေပးေထာက္ခံသူေတြက မတ္လ ၈ ရက္ ေန႔လည္ပိုင္းမွာ ဝင္ေရာက္ပစ္ခတ္တာေတြ လုပ္ခဲ့တဲ့အတြက္ ေဒသခံ ေက်း႐ြာသား ၂ ဦး ေသဆုံးခဲ့ရပါတယ္။
ေသဆုံးသူ ၂ ဦးျဖစ္တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ဦးေဇာ္မင္းဟာ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရၿပီး အသက္ ၅၀ ေက်ာ္ ဦးျမတ္ေအးဟာ ပစ္ခတ္ေနခ်ိန္ ထန္းပင္ေပၚက ဆင္းေျပးရင္း ျပဳတ္က်ၿပီး ေသဆုံးခဲ့ရပါတယ္။
ဒီအေျခအေနနဲ႔ ပတ္သက္လို႔ နဘူးေတာေက်း႐ြာ သားတဦးက အခုလိုေျပာျပပါတယ္။
“ဘန႔္ေဘြး႐ြာမွာတပ္စြဲထားတဲ့ တပ္နဲ႔ျပဴေတြကေနၿပီးေတာ့ နဘူးေတာေက်း႐ြာ ေတာတိုက္ေတြကို ၃ နာရီအခ်ိန္ေလာက္ဝင္လာတယ္။ ေျပးၾကလႊားၾကဆိုေတာ့ တေယာက္က ပစ္သတ္ခံရတဲ့အေနအထားရွိတယ္။ ထန္းသမားဆိုေတာ့ ေတာထဲမွာ ထန္းတက္ေနတဲ့အခ်ိန္။ ထန္းတက္ေနတဲ့သူဆိုေတာ့ သူတဲထဲကို ဆိုင္ကယ္ျပန္ယူၿပီး ထြက္အလာကို လွမ္းပစ္လိုက္တာေပါ့။ တေယာက္က သူတို႔ဝင္လာတယ္။ ပစ္ခတ္သံေတြၾကားတယ္။ ျမင္တယ္ဆိုေတာ့ၾကေတာ့ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ထန္းပင္ေပၚက အဆင္းမွာ ျပဳတ္က်ၿပီး တခါတည္း ေသတာ။ နဘူးေတာတို႔ ကြၽန္းေတာ ေတာတိုက္တို႔ဆိုတာ နဘူးေတာကေန ေနၾကတဲ့ ျပည္သူေတြေပါ့။ အဲ့မွာ ခဏခဏဝင္တာပဲ။ ဝင္ၿပီးေတာ့ ျပည္သူေတြဆီက ပစၥည္းေတြယူတယ္။ ဖုန္းတို႔ ေငြတို႔ အစစအရာရာ သူတို႔လိုတာေတြ အကုန္ယူတယ္။ ႐ြာထဲမွာလည္း အဲ့လိုယူတာျပဳတာ သယ္တာ ခိုးတာေတြ ရွိတယ္။”
အခုလို စစ္တပ္နဲ႔ စစ္တပ္ အားေပးေထာက္ခံသူေတြ နဘူးေတာ ေက်း႐ြာကို မၾကာခဏ ဝင္ေရာက္ပစ္ခတ္တာေတြ လုပ္တဲ့အတြက္ လက္ရွိအခ်ိန္ထိ နဘူးေတာ ေက်း႐ြာသူ ေက်း႐ြာသား ေသဆုံးသူ ၉ ဦးအထိ ရွိေနၿပီလည္း ျဖစ္ပါတယ္။
=== {{ UNICODE }} ===
မကွေးနဲ့စစ်ကိုင်းတိုင်းတွင်း ပစ်ခတ်မှု အရပ်သားတချို့သေဆုံးဒဏ်ရာရ
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ လက်နက်ကြီးထိမှန် ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မှာဆိုရင်လည်း စစ်တပ်လိုလားထောက်ခံတဲ့ လက်နက်ကိုင်တချို့ ပစ်ခတ်တာကြောင့် အရပ်သား သေဆုံးတာတွေ ရှိနေပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက နောက်ဆုံးရရှိတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် ပြောပြပါမယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မတ်လ ၉ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေတာပါ။ ပေါက်မြို့နယ်နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ ညောင်ဝန်း မြောက်စု ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား ဒေသခံတွေ ထိခိုက်တာတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ ကိုဗျိုင်းကြီးက အခုလို ပြောပြပါတယ်။
“၇ နာရီ မတ်တင်းလောက်ကိုမှ ကျွန်တော်တို့တွေက အရှေ့မှာ စစ်ကြောင်းရောက်နေတာ သိတယ်ခင်ဗျ။ စစ်ကြောင်းရောက်နေတာသိတော့ အရှေ့ဘက်ကိုပဲ ကင်းကိုချထားတယ်။ ဒါပေမယ့် အနောက်ကျောကနေ ဝင်ပြီးတော့ထုတယ်ဗျာ။ မိုင်း ၂ လုံးကာထားတယ်ဗျ။ မိုင်း ၂ လုံးထိတယ်။ မိုင်းမှာ အဲ့ကောင်တွေ ၂ ကောင်ကျသွားတယ်။ လက်နက်ကြီးနဲ့ထုတယ်။ လက်နက်ကြီးက ကျွန်တော်တို့ ခေါင်းပေါ်ကို ကျော်ပြီးတော့ ရွာကအိမ်တွေကို သွားကျတယ်။ လောလောဆယ်က ပြည်သူက အားလုံးပေါင်း ၈ ယောက်လောက်ရှိတယ်။ လက်နက်ကြီး ထိတာ။ မနက်က လက်နက်ကြီး တရစပ်ထိတာ ပြည်သူ ၃ ယောက်က ၂ ယောာက်က အခြေအနေဆိုးတယ်။ ၁ ယောက်က ပွဲချင်းပြီး သေသွားတယ်။”
နေအိမ်တွေမီးလောင်တာတွေလည်းရှိပြီး အတိအကျ မပြောနိုင်သေးသလို ကျေးရွာက ဒေသခံတွေကလည်း ရွာကို ပြန်လည် မဝင်ရောက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။
ဒါက မကွေးတိုင်းက အခြေနေပါ။ စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း ယင်းမာပင်မြို့နယ်ထဲက နဘူးတောကျေးရွာအနီးက တောတိုက်တွေကို စစ်ကောင်စီ အားပေးထောက်ခံသူတွေက မတ်လ ၈ ရက် နေ့လည်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် ဒေသခံ ကျေးရွာသား ၂ ဦး သေဆုံးခဲ့ရပါတယ်။
သေဆုံးသူ ၂ ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ဦးဇော်မင်းဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အသက် ၅၀ ကျော် ဦးမြတ်အေးဟာ ပစ်ခတ်နေချိန် ထန်းပင်ပေါ်က ဆင်းပြေးရင်း ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ နဘူးတောကျေးရွာ သားတဦးက အခုလိုပြောပြပါတယ်။
“ဘန့်ဘွေးရွာမှာတပ်စွဲထားတဲ့ တပ်နဲ့ပြူတွေကနေပြီးတော့ နဘူးတောကျေးရွာ တောတိုက်တွေကို ၃ နာရီအချိန်လောက်ဝင်လာတယ်။ ပြေးကြလွှားကြဆိုတော့ တယောက်က ပစ်သတ်ခံရတဲ့အနေအထားရှိတယ်။ ထန်းသမားဆိုတော့ တောထဲမှာ ထန်းတက်နေတဲ့အချိန်။ ထန်းတက်နေတဲ့သူဆိုတော့ သူတဲထဲကို ဆိုင်ကယ်ပြန်ယူပြီး ထွက်အလာကို လှမ်းပစ်လိုက်တာပေါ့။ တယောက်က သူတို့ဝင်လာတယ်။ ပစ်ခတ်သံတွေကြားတယ်။ မြင်တယ်ဆိုတော့ကြတော့ ကြောက်ကြောက်လန့်လန့်နဲ့ ထန်းပင်ပေါ်က အဆင်းမှာ ပြုတ်ကျပြီး တခါတည်း သေတာ။ နဘူးတောတို့ ကျွန်းတော တောတိုက်တို့ဆိုတာ နဘူးတောကနေ နေကြတဲ့ ပြည်သူတွေပေါ့။ အဲ့မှာ ခဏခဏဝင်တာပဲ။ ဝင်ပြီးတော့ ပြည်သူတွေဆီက ပစ္စည်းတွေယူတယ်။ ဖုန်းတို့ ငွေတို့ အစစအရာရာ သူတို့လိုတာတွေ အကုန်ယူတယ်။ ရွာထဲမှာလည်း အဲ့လိုယူတာပြုတာ သယ်တာ ခိုးတာတွေ ရှိတယ်။”
အခုလို စစ်တပ်နဲ့ စစ်တပ် အားပေးထောက်ခံသူတွေ နဘူးတော ကျေးရွာကို မကြာခဏ ဝင်ရောက်ပစ်ခတ်တာတွေ လုပ်တဲ့အတွက် လက်ရှိအချိန်ထိ နဘူးတော ကျေးရွာသူ ကျေးရွာသား သေဆုံးသူ ၉ ဦးအထိ ရှိနေပြီလည်း ဖြစ်ပါတယ်။