သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အုပ္ခ်ဳပ္မႈေအာက္က အခြင့္အေရးဆုံးရႈံးေနတဲ့ ျမန္မာအမ်ိဳးသမီးေတြဘဝ


စစ္ေဘးတိမ္းေ႐ွာင္ေနရတဲ့ ခင္ဦးၿမိဳ႕နယ္ထဲက ေဒသခံမ်ား (ဓါတ္ပံု - CJ)

မတ္လ ၈ ရက္ေန႔မွာ က်ေရာက္မယ့္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ကို ႏိုင္ငံအသီးသီးက အမ်ိဳးသမီးေတြ ပါဝင္ဆင္ႏႊဲေလ့ရွိေပမယ့္ အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာေတာ့ စစ္ေဘးဒုကၡသည္ဘဝနဲ႔ အမ်ိဳးသမီးတခ်ိဳ႕က အဲဒီေန႔ကို ျဖတ္သန္းရမွာပါ။ သာတူညီမွ်ရရွိဖို႔ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြဟာ ဘယ္လိုပုံစံနဲ႔ ရင္ဆိုင္ေနရပါသလဲ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မဆုမြန္က ေျပာျပမွာပါ။

ႏွစ္စဥ္ မတ္လ ၈ ရက္ေန႔ ေရာက္ၿပီဆို အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔အျဖစ္ ကမာၻတဝွမ္းမွာ ဆင္ႏႊဲၾကပါတယ္။ ဒီႏွစ္ အမ်ိဳးသမီးမ်ားေန႔ရဲ႕ ေဆာင္ပုဒ္က “သာတူညီမွ်ရရွိဖို႔ တြဲလက္ခိုင္ၿမဲၾကပါစို႔” ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ တတိယအႀကိမ္ေျမာက္အျဖစ္ က်ေရာက္တဲ့ ဒီအမ်ိဳးသမီးမ်ား ေန႔မွာေတာ့ ျမန္မာျပည္က အမ်ိဳးသမီး ၃,၁၀၀ ေက်ာ္ဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ ဘဝနဲ႔ ျဖတ္သန္းရမွာပါ။

ေနရပ္စြန႔္ခြာၿပီး နယ္စပ္အထိ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဒုကၡသည္ေတြထဲမွာ အမ်ိဳးသမီးေတြလည္း အေတာ္မ်ားမ်ား ပါဝင္ေနပါတယ္။ အိႏၵိယ-ျမန္မာ နယ္စပ္ဘက္ ထြက္ေျပးသူေတြကို မဏိပူရအစိုးရက လိုက္လံဖမ္းဆီးတာေတြလည္း ရွိခဲ့ပါတယ္။ စစ္ေဘးဒုကၡသည္ဘဝ ေရာက္ေနရတဲ့ အမ်ိဳးသမီးေတြထဲ အိႏၵိယဘက္မွာ ခိုလႈံေနသူေတြရဲ႕ အခက္အခဲကလည္း ပိုမ်ားလာတယ္လို႔ ကူကီးအမ်ိဳးသမီးမ်ားဆိုင္ရာ လူ႔အခြင့္အေရး အစည္းအ႐ုံးရဲ႕ အေထြေထြ အတြင္းေရးမႉး ဘြိဳင္ႏူးက အခုလိုေျပာပါတယ္။

"အထူးသျဖင့္ အိႏၵိယဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အမ်ိဳးသမီးေတြက ဒီအခ်ိန္မွာ မိသားစုစားဝတ္ေနေရး အတြက္ကို ႐ုန္းကန္လႈပ္ရွားေနရတဲ့ အျပင္ အိမ္တြင္းအၾကမ္းဖက္မႈကလည္း ခံေနရပါတယ္။ က်န္တဲ့ အမ်ိဳးသမီးေတြလည္း အတူတူပဲ၊ အခက္အခဲ ဒုကၡမ်ိဳးစုံႀကဳံရတယ္။ ဆိုေတာ့ ဒီႏွစ္မွာ ေဆာင္ပုဒ္လည္းျဖစ္တဲ့ သာတူညီမွ်ဆိုတဲ့ ကိစၥေတြျဖစ္လာတယ္။ အမ်ိဳးသမီးထုေတြ အကုန္လုံးက သာတူညီမွ်ဆိုတဲ့ အခြင့္အေရး ရပိုင္ခြင့္အတြက္ က်မတို႔ကိုယ္တိုင္က လုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္တယ္။ ေနာက္တခုက က႑တိုင္းမွာ သူတို႔ေတြဖြဲ႕ေနတဲ့ ေနရာေတြတိုင္းမွာ က်မတို႔အမ်ိဳးသမီးေတြကို မပါခိုင္းတဲ့ကိစၥေတြ အမ်ားႀကီးရွိလာတယ္၊ အာဏာသိမ္းမႈ ကာလအတြင္းမွာ။ ဆိုေတာ့ ဒီကိစၥေတြမွာလည္း အမ်ိဳးသမီးေတြက က်မတို႔ အခြင့္အေရးေတြ၊ ရပိုင္ခြင့္ေတြအတြက္ ေျပာဖို႔က အဲဒီေနရာေတြကို ဝင္လို႔ရေအာင္လို႔ လမ္းဖြင့္ေပးေစခ်င္တယ္။ အဲလို သူတို႔လမ္းဖြင့္ေပးေအာင္လို႔ ကိုယ့္ဟာကိုယ္ တိုက္ယူေျပာယူရမယ့္ ေန႔ျဖစ္တယ္လို႔ အမ်ိဳးသမီးထုေတြကို ေျပာခ်င္တယ္။"

က်ား၊ မ တန္းတူညီမွ်ဖို႔ ႀကိဳးပမ္းေနရတဲ့ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းကာလ ေတြ႕ႀကဳံရတဲ့ ဒုကၡေတြကိုေတာ့ အမ်ိဳးသမီးေတြလည္း ႀကံ့ႀကံ့ခိုင္ ရင္ဆိုင္ေနရတာပါ။ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန အခုႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔အထိ အမ်ိဳးသမီးေပါင္း ၃,၁၂၅ ဦးဟာ ဖမ္းဆီးအက်ဥ္းခ် ခံထားရၿပီး၊ အဲဒီထဲက ၅၇၀ ဦးကေတာ့ မတရားျပစ္ဒဏ္ ခ်မွတ္ခံထားရတယ္လို႔ ျမန္မာ့အမ်ိဳးသမီးသမဂၢ BWU ကလည္း ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံက ေတာ္လွန္ေရး က႑မွာ ပါဝင္ေနၾကတဲ့ အမ်ိဳးသမီးေတြအတြက္ တအာင္းအမ်ိဳးသမီး အဖြဲ႕အစည္းရဲ႕ ေျပာခြင့္ရ ေလြးခ်ီ႕ဆငါးက အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ အခုလို ေျပာထားပါတယ္။

"ဒီအာဏာရွင္ သိမ္းၿပီးတဲ့ေနာက္မွာ ဘက္ေပါင္းစုံကေန ခ်ိဳးေဖာက္မႈေတြ၊ နည္းေပါင္းစုံနဲ႔ ကန႔္သတ္ခံေနရတာေတြ ေတြ႕ေနရတယ္။ သို႔ေပမယ့္ ဒီလိုမ်ိဳးခံေနရတယ္ ဆိုေပမယ့္လည္း က်မတို႔ အမ်ိဳးသမီးထုေတြ အေနနဲ႔ ဒီအေပၚမွာ လက္ေလွ်ာ့သြားမွာ မဟုတ္ဘဲ ေတာ္လွန္ေရးကာလမွာ ဆက္လက္ပါဝင္သြားေပးဖို႔ တိုက္တြန္းခ်င္သလို၊ က်မတို႔ အမ်ိဳးသမီးအဖြဲ႕အစည္း အေနနဲ႔လည္း ဒီအေပၚမွာ တစိုက္မတ္မတ္ ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္။"

အာဏာရွင္စနစ္ က်ဆုံးေရးအတြက္ နည္းမ်ိဳးစုံနဲ႔ လႈပ္ရွားေနတဲ့ အထဲမွာ အမ်ိဳးသမီးေတြလည္း ပါဝင္ပါတယ္။ ဒုကၡသည္ဘဝနဲ႔ ကိုယ္တိုင္ႀကဳံေတြ႕ေနခ်ိန္မွာပဲ တဖက္တလွမ္းကေန အကူအညီေပးေရး လုပ္ငန္းေတြမွာ ပါဝင္ေနၾကတာပါ။ အခု အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔မွာလည္း ၂၀၂၁ ခုႏွစ္မတိုင္ခင္ ႏွစ္ေတြကလို စည္စည္ကားကား မက်င္းပႏိုင္ေပမယ့္ တခ်ိဳ႕စစ္ေရွာင္စခန္းေတြမွာ အထိမ္းအမွတ္ ေဟာေျပာပြဲက်င္းပၿပီး၊ ကိုယ္ပိုင္အခြင့္အေရးအတြက္ ကိုယ္တိုင္ရယူဖို႔ လႈပ္ရွားမႈတခ်ိဳ႕ကိုလည္း ျပဳလုပ္သြားဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

စစ်အုပ်ချုပ်မှုအောက်က အခွင့်အရေးဆုံးရှုံးနေတဲ့ မြန်မာအမျိုးသမီးတွေဘဝ

မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နိုင်ငံအသီးသီးက အမျိုးသမီးတွေ ပါဝင်ဆင်နွှဲလေ့ရှိပေမယ့် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ဘေးဒုက္ခသည်ဘဝနဲ့ အမျိုးသမီးတချို့က အဲဒီနေ့ကို ဖြတ်သန်းရမှာပါ။ သာတူညီမျှရရှိဖို့ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်နေရပါသလဲ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။

နှစ်စဉ် မတ်လ ၈ ရက်နေ့ ရောက်ပြီဆို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကမ္ဘာတဝှမ်းမှာ ဆင်နွှဲကြပါတယ်။ ဒီနှစ် အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်က “သာတူညီမျှရရှိဖို့ တွဲလက်ခိုင်မြဲကြပါစို့” ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက်အဖြစ် ကျရောက်တဲ့ ဒီအမျိုးသမီးများ နေ့မှာတော့ မြန်မာပြည်က အမျိုးသမီး ၃,၁၀၀ ကျော်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ဘဝနဲ့ ဖြတ်သန်းရမှာပါ။

နေရပ်စွန့်ခွာပြီး နယ်စပ်အထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေလည်း အတော်များများ ပါဝင်နေပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ဘက် ထွက်ပြေးသူတွေကို မဏိပူရအစိုးရက လိုက်လံဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်ဘဝ ရောက်နေရတဲ့ အမျိုးသမီးတွေထဲ အိန္ဒိယဘက်မှာ ခိုလှုံနေသူတွေရဲ့ အခက်အခဲကလည်း ပိုများလာတယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဘွိုင်နူးက အခုလိုပြောပါတယ်။

"အထူးသဖြင့် အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတွေက ဒီအချိန်မှာ မိသားစုစားဝတ်နေရေး အတွက်ကို ရုန်းကန်လှုပ်ရှားနေရတဲ့ အပြင် အိမ်တွင်းအကြမ်းဖက်မှုကလည်း ခံနေရပါတယ်။ ကျန်တဲ့ အမျိုးသမီးတွေလည်း အတူတူပဲ၊ အခက်အခဲ ဒုက္ခမျိုးစုံကြုံရတယ်။ ဆိုတော့ ဒီနှစ်မှာ ဆောင်ပုဒ်လည်းဖြစ်တဲ့ သာတူညီမျှဆိုတဲ့ ကိစ္စတွေဖြစ်လာတယ်။ အမျိုးသမီးထုတွေ အကုန်လုံးက သာတူညီမျှဆိုတဲ့ အခွင့်အရေး ရပိုင်ခွင့်အတွက် ကျမတို့ကိုယ်တိုင်က လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်။ နောက်တခုက ကဏ္ဍတိုင်းမှာ သူတို့တွေဖွဲ့နေတဲ့ နေရာတွေတိုင်းမှာ ကျမတို့အမျိုးသမီးတွေကို မပါခိုင်းတဲ့ကိစ္စတွေ အများကြီးရှိလာတယ်၊ အာဏာသိမ်းမှု ကာလအတွင်းမှာ။ ဆိုတော့ ဒီကိစ္စတွေမှာလည်း အမျိုးသမီးတွေက ကျမတို့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေအတွက် ပြောဖို့က အဲဒီနေရာတွေကို ဝင်လို့ရအောင်လို့ လမ်းဖွင့်ပေးစေချင်တယ်။ အဲလို သူတို့လမ်းဖွင့်ပေးအောင်လို့ ကိုယ့်ဟာကိုယ် တိုက်ယူပြောယူရမယ့် နေ့ဖြစ်တယ်လို့ အမျိုးသမီးထုတွေကို ပြောချင်တယ်။"

ကျား၊ မ တန်းတူညီမျှဖို့ ကြိုးပမ်းနေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ တွေ့ကြုံရတဲ့ ဒုက္ခတွေကိုတော့ အမျိုးသမီးတွေလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်နေရတာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ အမျိုးသမီးပေါင်း ၃,၁၂၅ ဦးဟာ ဖမ်းဆီးအကျဉ်းချ ခံထားရပြီး၊ အဲဒီထဲက ၅၇၀ ဦးကတော့ မတရားပြစ်ဒဏ် ချမှတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ကလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက တော်လှန်ရေး ကဏ္ဍမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေအတွက် တအာင်းအမျိုးသမီး အဖွဲ့အစည်းရဲ့ ပြောခွင့်ရ လွေးချီ့ဆငါးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အခုလို ပြောထားပါတယ်။

"ဒီအာဏာရှင် သိမ်းပြီးတဲ့နောက်မှာ ဘက်ပေါင်းစုံကနေ ချိုးဖောက်မှုတွေ၊ နည်းပေါင်းစုံနဲ့ ကန့်သတ်ခံနေရတာတွေ တွေ့နေရတယ်။ သို့ပေမယ့် ဒီလိုမျိုးခံနေရတယ် ဆိုပေမယ့်လည်း ကျမတို့ အမျိုးသမီးထုတွေ အနေနဲ့ ဒီအပေါ်မှာ လက်လျှော့သွားမှာ မဟုတ်ဘဲ တော်လှန်ရေးကာလမှာ ဆက်လက်ပါဝင်သွားပေးဖို့ တိုက်တွန်းချင်သလို၊ ကျမတို့ အမျိုးသမီးအဖွဲ့အစည်း အနေနဲ့လည်း ဒီအပေါ်မှာ တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။"

အာဏာရှင်စနစ် ကျဆုံးရေးအတွက် နည်းမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ဒုက္ခသည်ဘဝနဲ့ ကိုယ်တိုင်ကြုံတွေ့နေချိန်မှာပဲ တဖက်တလှမ်းကနေ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်နေကြတာပါ။ အခု အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာလည်း ၂၀၂၁ ခုနှစ်မတိုင်ခင် နှစ်တွေကလို စည်စည်ကားကား မကျင်းပနိုင်ပေမယ့် တချို့စစ်ရှောင်စခန်းတွေမှာ အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြီး၊ ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင်ရယူဖို့ လှုပ်ရှားမှုတချို့ကိုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်။

XS
SM
MD
LG