စစ္ေကာင္စီတပ္ဖြဲ႕ေတြ လြန္ခဲ့တဲ့ ၃ လေလာက္ကစၿပီး စစ္ဆင္ေရးေတြျပဳလုပ္ေနတဲ့ ကန႔္ဘလူၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ ၂ ရက္ဆက္တိုက္ ေက်း႐ြာေတြကို မီးရႈိ႕၊ လက္နက္ႀကီးေတြနဲ႔လည္း ပစ္ခတ္လို႔ ေနအိမ္ေတြမီးေလာင္ၿပီး ေဒသခံေတြလည္း ထြက္ေျပးေနၾကရပါတယ္။ သီးျခားျဖစ္ရပ္မွာေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြက စစ္ေကာင္စီတပ္ တပ္ဆြဲထားတဲ့ေနရာကို တိုက္ခိုက္လို႔ စစ္တပ္ကေလေၾကာင္းတိုက္ခိုက္မႈျပန္လုပ္ခဲ့ပါတယ္။ အျပည့္အစုံ သတင္းေပးပို႔ခ်က္ကို ကိုဝင္းခန႔္ေမာင္က ေျပာျပေပးပါမယ္။
ျမန္မာစစ္တပ္က မတ္လ ၄ ရက္နဲ႔ ၅ ရက္မွာ ကန္႔ဘလူၿမိဳ႕နယ္ထဲက တည္ပင္(ပင္သာ)႐ြာ၊ ေအာက္တဲ႐ြာနဲ႔ ခ်ပ္သင္း႐ြာ ေနအိမ္ေတြကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာပါတယ္။
ခ်ပ္သင္းေက်း႐ြာဟာ စစ္ေကာင္စီကိုေထာက္ခံတဲ့ ပ်ဴေစာထီးတပ္ဖြဲ႕ေတြရွိတဲ့ ေက်း႐ြာျဖစ္ေပမယ့္ ခ်ပ္သင္း႐ြာထဲက မီးရႈိ႕ခံရတဲ့ ေနအိမ္ေတြဟာ စစ္ေကာင္စီတပ္ေတြရဲ႕ သတင္းေတြကို ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေတြဆီကို ေပးပို႔တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ မီးရႈိ႕ခဲ့တာျဖစ္တယ္လို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္တစ္ဦးက ခုလိုေျပာျပပါတယ္။
“မတ္လ ၅ ရက္ေန႔က တည္ပင္(ပင့္သာ)ကို မီးရႈိ႕တာ အိမ္က ၅၁ လုံးပါ။ ေအာက္တဲဖက္ကိုက်ေတာ့ သူတို႔ ခ်ပ္သင္းကေန ထြက္ၿပီးေတာ့ ရႈိ႕တာေပါ့၊ ေအာက္တဲဖက္က အိမ္ေျခ စာရင္းကေတာ့ ကြၽန္ေတာ္တို႔ မရေသးဘူးဗ်။ ခ်ပ္သင္းက ျပည္သူေတြရဲ႕ အိမ္ ၉ လုံးကို ရႈိ႕လိုက္တာက ဒီကာကြယ္ေရး တပ္ေတြကို သူတို႔ သတင္းေပးတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အဲ့လိုလုပ္ၿပီးေတာ့ ရႈိ႕လိုက္တယ္ဗ်။ ေလာေလာဆယ္က အိမ္ ၉ လုံးက ၄ လုံးေလာက္ကေတာ့ ေဘးကိုထြက္ေျပးေနတဲ့ အိမ္ေတြဗ်။ ၅ လုံးေလာက္ကေတာ့ သူတို႔ အဲ့ဒီထဲမွာ ေနတဲ့သူေတြလို႔ ေျပာတယ္ဗ်။ က်န္တဲ့ အခ်က္အလက္ကေတာ့ ကြၽန္ေတာ္တို႔ သူတို႔ဆီမွာ ဖမ္းထားတာလား ဒီိတိုင္းပဲက်န္တဲ့ ႐ြာထဲက အိမ္ေတြမွာ မွီခိုၿပီးေနသလား အဲ့လို ႐ြာထဲက အခ်က္အလက္ကိုေတာ့ ကြၽန္ေတာ္တို႔ မရဘူးဗ်။”
ေအာက္တဲ႐ြာဟာ ခုတစ္ႀကိမ္နဲ႔ဆိုရင္ ၃ ႀကိမ္ေျမာက္ မီးရႈိ႕ခံရတာျဖစ္ၿပီး၊ တည္ပင္(ပင့္သာ) ေက်း႐ြာက ၄ ႀကိမ္ေျမာက္ မီးရႈိ႕ခံရတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကန္႔ဘလူနယ္အတြင္းမွာ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ေက်း႐ြာ ၃၀ နီးပါးက ေဒသခံေတြဟာ ေတာေတာင္ေတြထဲမွာ စစ္ေဘးေရွာင္ေနၾကရပါတယ္။
ကန္႔ဘလူနယ္ထဲကို လြန္ခဲ့တဲ့ ၃ လေလာက္ကစၿပီး စစ္ေကာင္စီ စစ္ေၾကာင္းေတြ မရပ္မနားဝင္ေရာက္ၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေနတာေၾကာင့္ ေဒသခံေတြဟာ ေက်း႐ြာေတြကို ျပန္မဝင္ႏိုင္ၾကေသးဘူးလို႔ ဆိုပါတယ္။ မတ္လ ၃ ရက္ေန႔ကစၿပီး ကန္႔ဘလူ ၆၀၀၆ အေျမာက္တပ္ရင္းကေန ေဟာင္ဝစ္ဇာနဲ႔ ၇ ႀကိမ္ ရမ္းသမ္းပစ္ခတ္ခဲ့တယ္လို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္တစ္ဦးက ခုလိုေျပာပါတယ္။
“၆၀၀၆ တပ္ရင္းကေန ေဟာင္ဝစ္ဇာဆိုတာ ဒီ ၁၅၅ မမ လက္နက္ႀကီးေတြနဲ႔ ရပ္႐ြာေတြကို လွမ္းပစ္ေနတာဗ်၊ ညတိုင္း ေန႔တိုင္းကို ပစ္ေနတာ ခု ၃ ရက္ ဆက္တိုက္ကို ျဖစ္ေနၿပီဗ်ာ။ အင္းလယ္ႀကီး႐ြာမွာ ႐ြာလယ္ေကာင္တည့္တည့္ကိုက်တာ အိမ္တစ္လုံး ပ်က္စီးသြားတယ္။ ျပည္သူေတြကေတာ့ ေၾကာက္လန္႔ၿပီးေတာ့ အတင္းပဲ ႐ြာေတြထဲမွာ မေနရဲေတာ့ဘူး သူတို႔လည္း ေတာေတာင္ေတြထဲမွာ ပုန္းေနရတယ္ဗ် အင္းလယ္ႀကီးဖက္ေတြက၊ ကန္႔ဘလူေတာင္ဖက္ျခမ္းေဒသေတြေပါ့။ ျပည္သူေတြက ဒုကၡေရာက္ေနတာဗ်၊ ညဆိုရင္လည္း မအိပ္ရဲဘူး အဲ့လိုျဖစ္ေနတာ။ ပတ္ပတ္လည္ကိုပစ္တာ။ တညကို ၈ လုံး၊ ၉ လုံးေလာက္ပစ္တယ္ဗ်။ ကန္႔ဘလူကေန ေျမာက္ဖက္ကို လွည့္ပစ္တာက ၾကာတကန္၊ ထန္းပင္ကုန္း ဖက္ကို က်တယ္ဗ်။ ကန္႔ဘလူကေန အေရွ႕ဖက္ေတြမွာ ဆိုရင္က်ေတာ့ သူတို႔ ပ်ဴ႐ြာေတြရွိတယ္ဗ်။ ဂါးထာ၊ ဆည္ႀကီးတို႔ဘာတို႔ အဲ့ေဘးေတြ၊ ခပ္ေဝးေဝးေလးေတြကို က်တယ္ဗ်။ ၿပီးေတာ့ လမ္းမွန္႐ြာရဲ႕ ေတာင္ဖက္ေတြမွာ က်တယ္ဗ်။”
မတ္လ ၂ ရက္ေန႔က စစ္တပ္နဲ႔ ပ်ဴေစာထီးေတြ အထိုင္ခ်ထားတဲ့ ခ်ပ္ႀကီးေက်း႐ြာကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္ တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေကာင္စီတပ္ေတြဖက္က MI 35 ၂ စီးနဲ႔ ေလေၾကာင္းကေန ပစ္ခတ္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက ေျပာပါတယ္။ ဒါဟာ စစ္ေကာင္စီက ကန္႔ဘလူၿမိဳ႕ကို ဒုတိယအႀကိမ္ ေလေၾကာင္းတိုက္ခိုက္မႈ လုပ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
“သူတို႔ကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ ခ်ပ္ႀကီး႐ြာ စစ္ေကာင္စီေတြ ပ်ဴေတြေနတဲ့ ႐ြာကို ဝင္ၿပိးေတာ့ စီးၾကတယ္ဗ်ာ။ အဲ့ဒီမွာ ေလယာဥ္ပ်ံနဲ႔ လာၿပီးေတာ့ ပစ္သြားတယ္၊ Mi 35 ၂စီးနဲ႔ လာၿပီးေတာ့ ပစ္တယ္။ ပထမ Mi 35 တစ္စီး နမခ ကေန လာၿပီးပစ္ေတာ့ ျပည္သူေတြ၊ ခ်ပ္ႀကီး႐ြာက ျပည္သူေတြပါပဲ သူတို႔ ႐ြာထဲမွာ ေနတဲ့ ျပည္သူေတြေပါ့၊ ႐ြာထဲကေန မထြက္တဲ့ ပ်ဴမိသားစုေတြ ျပည္သူေတြေပါ့၊ ခ်ပ္ႀကီး႐ြာေဘးမွာ ႐ြာေဘးေလးတင္ ထြက္ေနတာဆိုေတာ့ ေလယာဥ္ပ်ံနဲ႔ လာပစ္ေတာ့ ျပည္သူေတြေနရာကို ပစ္သြားတယ္ဗ်။ အတိအက်သိရပါတယ္ဗ်၊ ၃၀ ေလာက္ေသသြားပါတယ္။”
မတ္လ ၄ ရက္နဲ႔ ၅ ရက္မွာ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ကန္႔ဘလူနယ္ေက်း႐ြာေတြက ေဒသခံ ၃,၀၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက ဆိုပါတယ္။ ကန္႔ဘလူနယ္အတြင္းက ေက်း႐ြာေပါင္း ၃၀ ထက္မနည္း စစ္ေဘးေရွာင္ေနၾကရၿပီး ခုအခ်ိန္ထိ ႐ြာေတြထဲကို ျပန္မဝင္ႏိုင္ၾကေသးဘဲ စစ္ေဘးေရွာင္ေနရတဲ့ ႐ြာေတြလည္း အမ်ားႀကီးရွိပါတယ္။
{Unicode}
ကန့်ဘလူမှာ စစ်တပ်တိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ
စစ်ကောင်စီတပ်ဖွဲ့တွေ လွန်ခဲ့တဲ့ ၃ လလောက်ကစပြီး စစ်ဆင်ရေးတွေပြုလုပ်နေတဲ့ ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ၂ ရက်ဆက်တိုက် ကျေးရွာတွေကို မီးရှို့၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်လို့ နေအိမ်တွေမီးလောင်ပြီး ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။ သီးခြားဖြစ်ရပ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ် တပ်ဆွဲထားတဲ့နေရာကို တိုက်ခိုက်လို့ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြန်လုပ်ခဲ့ပါတယ်။ အပြည့်အစုံ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
မြန်မာစစ်တပ်က မတ်လ ၄ ရက်နဲ့ ၅ ရက်မှာ ကန့်ဘလူမြို့နယ်ထဲက တည်ပင်(ပင်သာ)ရွာ၊ အောက်တဲရွာနဲ့ ချပ်သင်းရွာ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ချပ်သင်းကျေးရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးတပ်ဖွဲ့တွေရှိတဲ့ ကျေးရွာဖြစ်ပေမယ့် ချပ်သင်းရွာထဲက မီးရှို့ခံရတဲ့ နေအိမ်တွေဟာ စစ်ကောင်စီတပ်တွေရဲ့ သတင်းတွေကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပြပါတယ်။
“မတ်လ ၅ ရက်နေ့က တည်ပင်(ပင့်သာ)ကို မီးရှို့တာ အိမ်က ၅၁ လုံးပါ။ အောက်တဲဖက်ကိုကျတော့ သူတို့ ချပ်သင်းကနေ ထွက်ပြီးတော့ ရှို့တာပေါ့၊ အောက်တဲဖက်က အိမ်ခြေ စာရင်းကတော့ ကျွန်တော်တို့ မရသေးဘူးဗျ။ ချပ်သင်းက ပြည်သူတွေရဲ့ အိမ် ၉ လုံးကို ရှို့လိုက်တာက ဒီကာကွယ်ရေး တပ်တွေကို သူတို့ သတင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့လိုလုပ်ပြီးတော့ ရှို့လိုက်တယ်ဗျ။ လောလောဆယ်က အိမ် ၉ လုံးက ၄ လုံးလောက်ကတော့ ဘေးကိုထွက်ပြေးနေတဲ့ အိမ်တွေဗျ။ ၅ လုံးလောက်ကတော့ သူတို့ အဲ့ဒီထဲမှာ နေတဲ့သူတွေလို့ ပြောတယ်ဗျ။ ကျန်တဲ့ အချက်အလက်ကတော့ ကျွန်တော်တို့ သူတို့ဆီမှာ ဖမ်းထားတာလား ဒီိတိုင်းပဲကျန်တဲ့ ရွာထဲက အိမ်တွေမှာ မှီခိုပြီးနေသလား အဲ့လို ရွာထဲက အချက်အလက်ကိုတော့ ကျွန်တော်တို့ မရဘူးဗျ။”
အောက်တဲရွာဟာ ခုတစ်ကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး၊ တည်ပင်(ပင့်သာ) ကျေးရွာက ၄ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူနယ်အတွင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကျေးရွာ ၃၀ နီးပါးက ဒေသခံတွေဟာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။
ကန့်ဘလူနယ်ထဲကို လွန်ခဲ့တဲ့ ၃ လလောက်ကစပြီး စစ်ကောင်စီ စစ်ကြောင်းတွေ မရပ်မနားဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေကို ပြန်မဝင်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။ မတ်လ ၃ ရက်နေ့ကစပြီး ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းကနေ ဟောင်ဝစ်ဇာနဲ့ ၇ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“၆၀၀၆ တပ်ရင်းကနေ ဟောင်ဝစ်ဇာဆိုတာ ဒီ ၁၅၅ မမ လက်နက်ကြီးတွေနဲ့ ရပ်ရွာတွေကို လှမ်းပစ်နေတာဗျ၊ ညတိုင်း နေ့တိုင်းကို ပစ်နေတာ ခု ၃ ရက် ဆက်တိုက်ကို ဖြစ်နေပြီဗျာ။ အင်းလယ်ကြီးရွာမှာ ရွာလယ်ကောင်တည့်တည့်ကိုကျတာ အိမ်တစ်လုံး ပျက်စီးသွားတယ်။ ပြည်သူတွေကတော့ ကြောက်လန့်ပြီးတော့ အတင်းပဲ ရွာတွေထဲမှာ မနေရဲတော့ဘူး သူတို့လည်း တောတောင်တွေထဲမှာ ပုန်းနေရတယ်ဗျ အင်းလယ်ကြီးဖက်တွေက၊ ကန့်ဘလူတောင်ဖက်ခြမ်းဒေသတွေပေါ့။ ပြည်သူတွေက ဒုက္ခရောက်နေတာဗျ၊ ညဆိုရင်လည်း မအိပ်ရဲဘူး အဲ့လိုဖြစ်နေတာ။ ပတ်ပတ်လည်ကိုပစ်တာ။ တညကို ၈ လုံး၊ ၉ လုံးလောက်ပစ်တယ်ဗျ။ ကန့်ဘလူကနေ မြောက်ဖက်ကို လှည့်ပစ်တာက ကြာတကန်၊ ထန်းပင်ကုန်း ဖက်ကို ကျတယ်ဗျ။ ကန့်ဘလူကနေ အရှေ့ဖက်တွေမှာ ဆိုရင်ကျတော့ သူတို့ ပျူရွာတွေရှိတယ်ဗျ။ ဂါးထာ၊ ဆည်ကြီးတို့ဘာတို့ အဲ့ဘေးတွေ၊ ခပ်ဝေးဝေးလေးတွေကို ကျတယ်ဗျ။ ပြီးတော့ လမ်းမှန်ရွာရဲ့ တောင်ဖက်တွေမှာ ကျတယ်ဗျ။”
မတ်လ ၂ ရက်နေ့က စစ်တပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ချပ်ကြီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဖက်က MI 35 ၂ စီးနဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဒါဟာ စစ်ကောင်စီက ကန့်ဘလူမြို့ကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ချပ်ကြီးရွာ စစ်ကောင်စီတွေ ပျူတွေနေတဲ့ ရွာကို ဝင်ပြိးတော့ စီးကြတယ်ဗျာ။ အဲ့ဒီမှာ လေယာဥ်ပျံနဲ့ လာပြီးတော့ ပစ်သွားတယ်၊ Mi 35 ၂စီးနဲ့ လာပြီးတော့ ပစ်တယ်။ ပထမ Mi 35 တစ်စီး နမခ ကနေ လာပြီးပစ်တော့ ပြည်သူတွေ၊ ချပ်ကြီးရွာက ပြည်သူတွေပါပဲ သူတို့ ရွာထဲမှာ နေတဲ့ ပြည်သူတွေပေါ့၊ ရွာထဲကနေ မထွက်တဲ့ ပျူမိသားစုတွေ ပြည်သူတွေပေါ့၊ ချပ်ကြီးရွာဘေးမှာ ရွာဘေးလေးတင် ထွက်နေတာဆိုတော့ လေယာဥ်ပျံနဲ့ လာပစ်တော့ ပြည်သူတွေနေရာကို ပစ်သွားတယ်ဗျ။ အတိအကျသိရပါတယ်ဗျ၊ ၃၀ လောက်သေသွားပါတယ်။”
မတ်လ ၄ ရက်နဲ့ ၅ ရက်မှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကန့်ဘလူနယ်ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။ ကန့်ဘလူနယ်အတွင်းက ကျေးရွာပေါင်း ၃၀ ထက်မနည်း စစ်ဘေးရှောင်နေကြရပြီး ခုအချိန်ထိ ရွာတွေထဲကို ပြန်မဝင်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေရတဲ့ ရွာတွေလည်း အများကြီးရှိပါတယ်။