သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Darien ကမ်းမြောင်ကိုဖြတ်ပြီး ကန်ကိုလာဖို့ ကြိုးစားသူ သိန်းချီရှိ


FILE - Migrants, mostly Venezuelans, cross a river during their journey through the Darien Gap from Colombia into Panama, hoping to reach the US, Oct. 15, 2022.
FILE - Migrants, mostly Venezuelans, cross a river during their journey through the Darien Gap from Colombia into Panama, hoping to reach the US, Oct. 15, 2022.

=== [[ ZAWGYI ]] ===

Darien ကမ်းမြောင်ကိုဖြတ်ပြီး ကန်ကိုလာဖို့ ကြိုးစားသူ သိန်းချီရှိ

အမေရိကတိုက် အခြားနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးပမ်းသူ ၁ သိန်းလောက်ဟာ ပနားမားနဲ့ ကိုလမ်ဘီယာအကြား ကားလမ်း ဖေါက်လုပ်ထားခြင်းမရှိတဲ့ Darien Gap ကမ်းမြှောင်ဒေသကို ဒီနှစ်အတွင်း ဖြတ်သန်းသွားခဲ့ကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ နဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM တို့က ပြီးခဲ့ ကြာသပတေးနေ့တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက်ဟာ စိုးရိမ်ရလောက်တဲ့အထိ မြင့်တက်လာနေပြီး အလွန် အန္တရာယ်များတဲ့ ဒီခရီးကို၊ ပြီးခဲ့တဲ့နှစ်ကထက် ၆ ဆတိုးပြီး ဖြတ်သန်းဝင်ရောက် လာတာဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့နှစ်ခုရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Darien Gap ဒေသဟာ တောင်အမေရိကတိုက်နဲ့ မြောက်အမေရိကတိုက်ကို ဆက်သွယ်ပေးထားတဲ့ ပနားမားနဲ့ ကိုလမ်ဘီယာ ကြားမှာရှိပြီး ၊ ကာရေဗီယံ ပင်လယ်နဲ့ ပစ္စဖိတ် သမုဒ္ဒရာအကြားက ကုန်းမြေဖြစ်ပါတယ်။ အမေရိက တိုက်ကို ဖြတ်ဖေါက်ထားတဲ့ Pan-American အဝေးပြေးလမ်းဟာ ဒီနှစ်နိုင်ငံအကြား Darien ဒေသမှာ မိုင် ၆၀ လောက် ပြတ်တောက်နေပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ ရန်အပြင်၊ လမ်းဖေါက်လုပ်ထားခြင်း မရှိတဲ့ တောလမ်းခရီးတွေကို ဖြတ်သန်းရသလို၊ ရေစီးသန်တဲ့ ချောင်းတွေကိုလည်း ဖြတ်သန်းရပါတယ်။ ဒါ့အပြင် အဆိပ်ပြင်းတဲ့ မြွေတွေ ကင်းတွေရဲ့ အန္တရာယ်ကိုလည်း ကြုံရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီ Darien Gap ဒေသကို ဖြတ်သန်းသွားခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ ဗင်နီဇွဲလား၊ ဟေတီနဲ့ အီကွေဒေါ နိုင်ငံတွေကဖြစ်ပြီး၊ အာရှတိုက်က တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အာဖရိက တိုက်သားတွေလည်း ပါဝင်ပြီး အထူးသဖြင့်တော့ ကင်မရွန်းနဲ့ ဆိုမားလီးယား နိုင်ငံသားတွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===







XS
SM
MD
LG