သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူေတြအတြက္ အေမရိကန္နယ္စပ္ ျပန္ဖြင္႔ေတာ႔မည္


The U.S.-Canada border crossing is seen amid the coronavirus disease (COVID-19) outbreak in Lacolle, Quebec, Canada, April 17, 2020.

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူေတြအတြက္ အေမရိကန္နယ္စပ္ ျပန္ဖြင္႔ေတာ႔မည္

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုအေနနဲ့ လာမယ့္ႏုိ၀င္ဘာလဆန္းပုိင္းမွာ ကေနဒါႏုိင္ငံနဲ့ မကၠဆီကုိ ႏုိင္ငံနယ္ စပ္ေတြျပန္ဖြင့္ေတာ့မွာျဖစ္ၿပီး၊ ကုိဗစ္ကာကြယ္ေဆးအျပည့္အ၀ထုိးထားသူေတြကုိ ၀င္ထြက္သြားလာ ခြင့္ျပုမယ္လုိ့ ဗုဒၶဟူးေန့ကေၾကျငာပါတယ္။

နယ္စပ္ျဖတ္ေက်ာ္သြားလာခြင့္ေတြကုိ ကုိဗစ္ေရာဂါကူးဆက္မွုေၾကာင့္ ၂၀၂၀ ခုႏွစ္ မတ္လကတည္း ကပိတ္ပင္ထားခဲ့တာပါ။ ကုန္သြယ္ေရးလုိကိစၥမ်ိဳးေတြအပါအ၀င္ မျဖစ္မေနသြားလာ ဖုိ့လုိအပ္တာေတြ ေလာက္ကုိသာခြင့္ျပုထားခဲ့တာပါ။

ကာကြယ္ေဆးအျပည့္အ၀ထုိးထားသူေတြကုိ လာမယ့္ႏုိ၀င္ဘာလဆန္းပုိင္းမွာ ေလေၾကာင္းကေန အေမရိကန္ႏုိင္ငံအတြင္း ၀င္ေရာက္ခြင့္ျပုေတာ့မယ္လုိ့ အေမရိကန္အစုိးရက ေၾကျငာအၿပီးမွာ အခုလုိ ကုန္းလမ္းကေန သြားလာခြင့္ျပုမယ္ဆုိတဲ့ေၾကျငာခ်က္ဆက္လက္ထြက္ေပၚလာတာပါ။

ကာကြယ္ေဆးအျပည့္အ၀ထုိးထားသူေတြကုိ အင္ဒုိနီးရွား ႏုိင္ငံဘာလီကၽြန္းကလည္း လာေရာက္ခြင့္ျပု ေတာ့မယ္လုိ့ ၾကာသာပေတးေန့မွာ အင္ဒုိနီးရွားအာဏာပုိင္ေတြကေၾကျငာပါတယ္။ တရုတ္၊ ဂ်ပန္၊ ေတာင္ကုိရီးယား နဲ ့UAE ႏုိင္ငံေတြက ခရီးသြားေတြအေနနဲ့ ကုိဗစ္ကာကြယ္ေဆးထုိးထားၿပီးေၾကာင္း သက္ေသခံအေထာက္အထားေတြျပရပါမယ္။

ကမၻာေပၚကလူေပါင္း ၂၃၉သန္းကုိ ကူးဆက္ခဲ့ၿပီး၊ လူေပါင္း ၅ သန္းေလာက္ေသေစခဲ့တဲ့ ကုိဗစ္ကပ္ ေရာဂါပုိးဟာ တရုတ္ျပည္၀ူဟန္မွာရွိတဲ့ ဓာတ္ခဲြခန္းက ထြက္ေပၚလာတာဟုတ္မဟုတ္ စုံစမ္းစစ္ေဆးဖုိ့ ကၽြမ္းက်င္သူအဖဲြ့တဖဲြ့ကုိ ဖဲြ့စည္းလုိက္ေၾကာင္း WHO ကမၻာ့က်မ္းမာေရးအဖဲြ့ႀကီးက ဗုဒၶဟူးေန့မွာ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကူးဆက္ခံရသူ ၄၄.၆ သန္းေက်ာ္ရွိၿပီး၊ ေသဆုံးသူ ၇ သိန္း ၁ ေသာင္း ၇ ေထာင္ေက်ာ္ရွိတဲ့အတြက္ကမၻာေပၚမွာ အမ်ားဆုံးကူးဆက္ေသဆုံးတဲ့ႏုိင္ငံျဖစ္တယ္လုိ့ Johns Hopkins တကၠသုိလ္က ထုတ္ျပန္ထားပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေအတွက် အမေရိကန်နယ်စပ် ပြန်ဖွင့်တော့မည်

{{Unicode}}

အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့်နိုဝင်ဘာလဆန်းပိုင်းမှာ ကနေဒါနိုင်ငံနဲ့ မက္ကဆီကို နိုင်ငံနယ် စပ်တွေပြန်ဖွင့်တော့မှာဖြစ်ပြီး၊ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေကို ဝင်ထွက်သွားလာ ခွင့်ပြုမယ်လို့ ဗုဒ္ဓဟူးနေ့ကကြေငြာပါတယ်။

နယ်စပ်ဖြတ်ကျော်သွားလာခွင့်တွေကို ကိုဗစ်ရောဂါကူးဆက်မှုကြောင့် ၂၀၂၀ ခုနှစ် မတ်လကတည်း ကပိတ်ပင်ထားခဲ့တာပါ။ ကုန်သွယ်ရေးလိုကိစ္စမျိုးတွေအပါအဝင် မဖြစ်မနေသွားလာ ဖို့လိုအပ်တာတွေ လောက်ကိုသာခွင့်ပြုထားခဲ့တာပါ။

ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေကို လာမယ့်နိုဝင်ဘာလဆန်းပိုင်းမှာ လေကြောင်းကနေ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုတော့မယ်လို့ အမေရိကန်အစိုးရက ကြေငြာအပြီးမှာ အခုလို ကုန်းလမ်းကနေ သွားလာခွင့်ပြုမယ်ဆိုတဲ့ကြေငြာချက်ဆက်လက်ထွက်ပေါ်လာတာပါ။

ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေကို အင်ဒိုနီးရှား နိုင်ငံဘာလီကျွန်းကလည်း လာရောက်ခွင့်ပြု တော့မယ်လို့ ကြာသာပတေးနေ့မှာ အင်ဒိုနီးရှားအာဏာပိုင်တွေကကြေငြာပါတယ်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နဲ့UAE နိုင်ငံတွေက ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးကြောင်း သက်သေခံအထောက်အထားတွေပြရပါမယ်။

ကမ္ဘာပေါ်ကလူပေါင်း ၂၃၉သန်းကို ကူးဆက်ခဲ့ပြီး၊ လူပေါင်း ၅ သန်းလောက်သေစေခဲ့တဲ့ ကိုဗစ်ကပ် ရောဂါပိုးဟာ တရုတ်ပြည်ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းက ထွက်ပေါ်လာတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးဆက်ခံရသူ ၄၄.၆ သန်းကျော်ရှိပြီး၊ သေဆုံးသူ ၇ သိန်း ၁ သောင်း ၇ ထောင်ကျော်ရှိတဲ့အတွက်ကမ္ဘာပေါ်မှာ အများဆုံးကူးဆက်သေဆုံးတဲ့နိုင်ငံဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG