သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီရှဲလ်ယိုးတက်ရောက်တဲ့ ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲ


၄၁ ကြိမ်မြောက် ဟောင်ကောင်ရုပ်ရှင်ဆုချီးမြှင့်ပွဲကိုတက်ရောက်လာတဲ့ မင်းသမီးကြီး မစ်ရှဲလ်ယိုး (ဧပြီ ၁၇၊ ၂၀၂၃)
၄၁ ကြိမ်မြောက် ဟောင်ကောင်ရုပ်ရှင်ဆုချီးမြှင့်ပွဲကိုတက်ရောက်လာတဲ့ မင်းသမီးကြီး မစ်ရှဲလ်ယိုး (ဧပြီ ၁၇၊ ၂၀၂၃)

အော်စကာဆုရ အာရှမင်းသမီး မစ်ရှဲလ်ယိုး ရွှေရောင်ဝတ်စုံရှည်နဲ့ ပွဲတက်လာတာ အပါအဝင် ထိပ်တန်း အနုပညာရှင်တွေ တက်ရောက်တဲ့ ဟောင်ကောင်ရုပ်ရှင်ဆုချီးမြှင့်ပွဲကို ဧပြီလ ၁၇ ရက် တနင်္ဂနွေနေ့က ကျင်းပသွားပါတယ်။ ဒီဆုချီးမြှင့်ပွဲမှာပေးအပ်တဲ့ ဆုတွေမှာတော့ အငြင်းပွားစရာ ဖြစ်နေတဲ့ 'To My Nineteen-Year-Old Self' အသက် ၁၉ နှစ်အရွယ် ငါ့အတွက် ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု ရရှိသွားတာပါ။

ဒါရိုက်တာ မေဘယ်ချောင်း ရိုက်ကူးတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကားက ဟောင်ကောင်မှာ ဗရုတ်ဘယက်တွေ ဖြစ်နေချိန် ဆယ်စုနှစ်တစ်ခုကျော်ကြာ အချိန်ကာလအတွင်း အလယ်တန်းနဲ့ အထက်တန်း ၂ ခုပေါင်း secondary school ကျောင်းသားကျောင်းသူ ၆ ဦးရဲ့ ဘဝဖြတ်ကျော်ပုံကို ရိုက်ပြထားတာပါ။

ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်ကားမှာ ပါဝင်ပြီး မေးခွန်းတွေ ဖြေဆိုထားသူတချို့က သူတို့ ဖြေထားတာတွေက လူအများကို ပြသဖို့ မဟုတ်ဘူး၊ သဘောမတူပါဘူးလို့ ပြောခဲ့တာကြောင့် ရုပ်ရှင်ရုံတွေမှာ ပြသတာကို ရပ်လိုက်ရပါတယ်။

ကျွန်တော်တို့ ရုပ်ရှင်က အခုဆုရသလိုပဲ အများပြည်သူရဲ့ ကြည့်ရှုအသိအမှတ်ပြုမှု ရသင့်တယ်လို့ တွဲဖက် ဒါရိုက်တာ William Kwok ဝီလျံကွက်က ဆုရရှိပြီးတဲ့နောက်ပြောသွားပါတယ်။ သူက အခုလို ရုံတင်ပြသခွင့် ပျက်သွားတော့ လူများများ ကြည့်လို့မရတော့တဲ့ ကိစ္စကို စိတ်ပျက်လက်ပျက် ပြောသွားတာပါ။ ကိုယ်တိုင်ကြည့်လိုက်ရရင် ဒီရုပ်ရှင်နဲ့ ပတ်သတ်ပြီး ပိုမှန်မှန်ကန်ကန် သုံးသပ်ဝေဖန်နိုင်မယ်လို့လည်း ပြောသွားပါတယ်။

ဒီဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို Sammi Cheng ဆယ်မီချန်းက Lost Love ဆိုတဲ့ ရုပ်ရှင်ကားနဲ့ ရရှိသွားပါတယ်။ ကလေးတွေ မွေးစားတဲ့ မိခင်တစ်ဦး ဝမ်းနည်းခံစားရတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာပါ။

၄၁ ကြိမ်မြောက် ဟောင်ကောင်ရုပ်ရှင်ဆုချီးမြှင့်ပွဲကို ဟောင်ကောင်ယဉ်ကျေးမှုစင်တာမှာ အရင်သာမာန်အချိန်လို အပြည့်ပြန်ကျင်းပခဲ့တာပါ။ ကိုဗစ်ကန့်သတ်ချက်တွေ တရုတ်အစိုးရက ရုတ်သိမ်းပေးလိုက်ပြီးလို့လည်း ဒီလို စည်စည်ကားကား ပြန်ကျင်းပနိုင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG