နိဗ္ဗာန်ရည်မျှော် ဂင်္ဂါမြစ်ကမ်းနဖူး ခေါင်းချဖို့ စောင့်နေသူများ
အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်နဖူးက ဗာရာဏသီမြို့မှာ အဆောင်အယောင်တွေမပါပဲ လာရောက်နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေ ရှိပါတယ်။ သူတို့က ဇာတိကိုရထားတဲ့ ဒုက္ခဆင်းရဲတွေကနေ ကင်းဝေးချင်ကြလို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြဖို့ရည်ရွယ်ပြီး ဗာရာဏီသီမြို့မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ တရားကျင့်နေထိုင်ပါတယ်။ အဲဒီမှာ ဘာအဆောင်အယောင်မှမရှိ၊ စားရေးသောက်ရေး၊ ဆေးဝါး အစစ ကိုယ်ထူကိုယ်ထ လုပ်ရတာဖြစ်ပြီး သူတို့ ဒီမှာခေါင်းချနိုင်ကြဖို့ စိတ်ကူးထားပါတယ်။