သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူ


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသ မေလ ၂၅ ရက်ညက ပျံလွန်တော်မူ (Courtesy: Wikipedia)
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသ မေလ ၂၅ ရက်ညက ပျံလွန်တော်မူ (Courtesy: Wikipedia)

ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူ

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ၊ သံဃရာဇာ သာသနာပိုင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသဟာ မေလ ၂၅ ရက်၊ ကြာသပတေးနေ့ညက ပျံလွန်တော်မူ သွားပြီဖြစ်ပါတယ်။ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ်အရွယ် ရှိပြီလို့သိရပါတယ်။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာမှာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှ ဖွားမြင်ခဲ့တာပါ။ မွေးချင်းရှစ်ယောက် ရှိတဲ့ထဲက စတုတ္ထမြောက် သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်ပါတယ်။

ဂျပန်ခေတ် ရွာသစ်ရွာ အထက်တန်းကျောင်းမှ အဋ္ဌမတန်း အောင်မြင်ခဲ့ပြီးနောက်မှာ ရှင်သာမဏေဘောင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ရဟန်းဘဝနဲ့ ဓမ္မာစရိယ(၉)ကျမ်းကို ပါဠိဘာသာဖြင့် တစ်နှစ်တည်း အောင်မြင်ခဲ့သလို လောကီစာပေဆိုင်ရာ အတန်းစာများကိုလည်း တက်ရောက်သင်ယူခဲ့ပြီး မန္တလေးတက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိခဲ့တာပါ။

သံဃရာဇာသာသနာပိုင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသဟာ မေလ ၂၅ ရက်၊ ကြာသပတေးနေ့ညက ပျံလွန်တော်မူ (photo: Myawaddy Webportal)
သံဃရာဇာသာသနာပိုင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသဟာ မေလ ၂၅ ရက်၊ ကြာသပတေးနေ့ညက ပျံလွန်တော်မူ (photo: Myawaddy Webportal)

ဆရာတော်ဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်မှာ သီတင်းသုံးရင်း ပြည်တွင်း၊ ပြည်ပ သာသာနာပြု တာဝန်တွေကို ဆောင်ရွက်ခဲ့သူ ဖြစ်သလို၊ စာချဆရာတော်အဖြစ်လည်းကောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဘာသာ၊ သာသနာ အကျိုးကို သယ်ပိုး ထမ်းရွက်၍ သာသနာပြုခဲ့သူ ဖြစ်ပါတယ်။

ဆရာတော်ဟာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့သလို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာလည်း ဒုတိယ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ကောဇာသက္ကရာဇ် ၁၃၈၅-ခုနှစ် နယုန်လဆန်း ၇-ရက် ကြာသပတေးနေ့ ည ၁၁း၁၁ နာရီ မန္တလေး ဗန်းမော်တိုက်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG