သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ မွာ ျမန္မာျပည္ၿငိမ္းခ်မ္းေရး ဘာသာေပါင္းစုံ ေခါင္းေဆာင္ေတြ ဆုေတာင္း


၂၀၂၀ ႏွစ္သစ္မွာ လန္ဒန္မွာ မီးရူးမီးပန္းေဖာက္စဥ္ (Photo by DANIEL LEAL-OLIVAS / AFP)

(Zawgyi/Unicode)

ဒီကေန႔မွာ က်ေရာက္တဲ့ ၂၀၂၀ ႏွစ္သစ္ကစလုိ႔ ျမန္မာျပည္သူျပည္သား အေပါင္း ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းနဲ႔ အတူယွဥ္တြဲ ေနႏိုင္ေအာင္ ဘာသာေပါင္းစံုက ဘာသာေရးေခါင္းေဆာင္ေတြ ဘယ္လို ဆႏၵျပဳ ၾကတယ္ ဆိုတာကို ဗီြအုိေအသတင္းေထာက္ စုစုက ေျပာျပ ေပးမွာပါ။

ခရစ္သကၠရာဇ္ ၂၀၂၀ ႏွစ္ဆန္းတရက္ေန႔ကစၿပီး သတၱဝါေတြ ကိုယ္ခ်မ္းသာ စိတ္ခ်မ္းသာရွိေစဖုိ႔ နဲ႔ လိုအင္ဆႏၵေတြ ျပည့္ဝေစဖုိ႔ ႏုိင္ငံေတာ္သံဃနာယက အဖြဲ႕ ဥကၠ႒ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာဘဒၵႏ ၱ ကုမာရာဘိဝံသက အခုလိုဆုေတာင္း မိန္႔ၾကား ပါတယ္။

“အားလံုးေသာ တိုင္းသူျပည္သား ကမာၻသူ ကမာၻသားေတြ ကုိယ္ခ်မ္းသာစိတ္ခ်မ္းသာ ရွိၿပီးေတာ့ လိုအင္ဆႏၵေတြအားလံုး ျပည့္ဝၾကပါေစကုန္ သတည္း။”

ႏွစ္သစ္ကူးအခ်ိန္ခါမွာ ျမန္မာျပည္တြင္းက ေနရပ္စြန္႔ခြာ ေနထိုင္ရသူေတြနဲ႔ တကြ ျပည္သူေတြ အခက္အခဲေတြ အားလံုး ေျပလည္ေစဖို႔ ဆုေတာင္းေပးသူကေတာ့ အစၥလာမ္ေရးရာ ေကာင္စီဌာနခ်ဳပ္ တြဲဖက္အတြင္းေရးမွဴး ဦးဝဏၰေရႊ ပါ။

“ႏွစ္သစ္ကူးကုန္ၿပီးေတာ့ ႏွစ္အသစ္ေရာက္တဲ့အခါမွာေပါ့ေနာ္ ႏွစ္ေဟာင္းက ဝမ္းနည္းစရာေတြ ေၾကကြဲစရာေတြ ဒီဟာေတြကို ႏွစ္သစ္ကို ပါမလာေစခ်င္ဘူးေပါ့ေနာ္။ ႏွစ္သစ္မွာ မဂၤလာရွိေစခ်င္တယ္။ ႏွစ္သစ္မွာ အေကာင္းေတြ ရေစခ်င္တယ္။ ႏွစ္သစ္မွာ အခက္အခဲရွိတဲ့သူေတြ ေနရပ္စြန္႔ခြာရသူေတြအတြက္ ဒီဒုကၡအခက္အခဲအားလံုးကို ေျပေပ်ာက္ေစဖုိ႔အတြက္ ဆႏၵျပဳပါတယ္။”

ရန္ကုန္ကက္သလစ္ ဂိုဏ္းခ်ဳပ္သာသနာ၊ ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘုိ ကလည္း ၿငိမ္းခ်မ္းသာယာတဲ့ ႏွစ္သစ္ျဖစ္ေစေၾကာင္း ႏႈတ္ခြန္းဆက္ အမွာစကား ေျပာၾကားခဲ့ပါတယ္။

“ျမန္မာျပည္မွာရွိတဲ့ ျပည္သူျပည္သားမ်ားဟာ ေမွ်ာ္လင့္ျခင္းနဲ႔ တုိးတက္ဖြံ႕ၿဖိဳးျခင္းနဲ႔ ၿငိမ္းခ်မ္းျခင္းကို ရရွိေစေတာ္မူပါ။ ၿငိမ္းခ်မ္းျခင္းဟာ ျဖစ္ႏုိင္ပါတယ္။ ၿငိမ္းခ်မ္းျခင္းသာလွ်င္ တခုတည္းေသာ လမ္းစဥ္ျဖစ္ပါတယ္။ စိတ္ေကာင္း ႏွလံုးေကာင္း ရွိတဲ့သူေတြ ၿငိမ္သက္ခ်မ္းသာျခင္း ခံစားရပါေစ။ ၿငိမ္းခ်မ္းသာယာတဲ့ ႏွစ္သစ္ျဖစ္ပါေစလို႔ ႏႈတ္ခြန္းဆက္သလိုက္ပါတယ္။”

ျမန္မာႏုိင္ငံမွာသာမက ကမာၻတဝန္းမွာရွိတဲ့သူေတြအေနနဲ႔ ကုိယ္ယံုၾကည္ရာဘာသာကို ကုိးကြယ္ခြင့္ရွိၿပီး တဦးနဲ႔တဦး ယံုၾကည္ရာဘာသာေရးအေပၚ ေဝဖန္တိုက္ခိုက္မႈ မျပဳဖုိ႔ကိုလည္း ျမန္မာႏို္င္ငံလံုးဆုိင္ရာ ဟိႏၵဴဘာသာေရးအဖြဲ႕ခ်ဳပ္ဗဟုိ ဥကၠ႒ ဦးေမာင္ေရႊက အခုလိုဆႏၵျပဳထားပါတယ္။

“ကမာၻအရပ္ရပ္မွာ ျဖစ္ေနတဲ့ျပႆနာေတြအားလံုး ေျပေျပလည္လည္နဲ႔ ေျဖရွင္းသြားၿပီးေတာ့ ကမာၻသူ ကမာၻသားအားလံုး က်န္းမာခ်မ္းသာစြာနဲ႔ ကိုယ့္ဓေလ့ထံုးစံအတိုင္း ဝတ္ျပဳကိုးကြယ္ေနထုိင္ၾကဖို႔။ အဓိကေတာ့ က်ေတာ္တို႔အခုခ်ိန္မွာ ျဖစ္ေနတဲ့ ဘာသာေရးနဲ႔ ပဋိပကၡေတြအတြက္ပါ။ အားလံုးၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ကုိယ္ယံုၾကည္တာကို ကုိယ္ကုိးကြယ္ပါ။ ကိုယ္ယံုၾကည္တာကို ကိုယ္လုပ္ပါ။ ဒါေပမယ့္ တေယာက္နဲ႔တေယာက္ မင္းမွားတယ္ ငါမွန္တယ္ အဲဒါေတြမေျပာသင့္ဘူး။ အဲဒါအတြက္ပဲ ျဖစ္ေစခ်င္တဲ့ ဆႏၵရွိပါတယ္။”

ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကေတာ့ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္ အမွာစကား အျဖစ္ ႏုိင္ငံေတာ္မွာ ေတြ႕ၾကံဳရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြကုိ အမွန္တရား၊ တရားမွ်တမႈနဲ႔ ရုိ္းသားပြင့္လင္းမႈတုိ႔ကို လက္ကုိင္ထားေျဖရွင္းမွ ေက်ာ္လႊားႏုိင္မွာ ျဖစ္ၿပီး ျမန္မာႏို္င္ငံ ၿငိမ္းခ်မ္းေရး အတြက္ ပူးေပါင္း ေဆာင္ရြက္ ၾကဖုိ႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

၂၀၂၀ မှာ မြန်မာပြည်ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ ဆုတောင်း

(Unicode)

ဒီကနေ့မှာ ကျရောက်တဲ့ ၂၀၂၀ နှစ်သစ်ကစလို့ မြန်မာပြည်သူပြည်သား အပေါင်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေနိုင်အောင် ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ဘယ်လို ဆန္ဒပြု ကြတယ် ဆိုတာကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြ ပေးမှာပါ။

ခရစ်သက္ကရာဇ် ၂၀၂၀ နှစ်ဆန်းတရက်နေ့ကစပြီး သတ္တဝါတွေ ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိစေဖို့ နဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝစေဖို့ နိုင်ငံတော်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန ္တ ကုမာရာဘိဝံသက အခုလိုဆုတောင်း မိန့်ကြား ပါတယ်။

“အားလုံးသော တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတွေ ကိုယ်ချမ်းသာစိတ်ချမ်းသာ ရှိပြီးတော့ လိုအင်ဆန္ဒတွေအားလုံး ပြည့်ဝကြပါစေကုန် သတည်း။”

နှစ်သစ်ကူးအချိန်ခါမှာ မြန်မာပြည်တွင်းက နေရပ်စွန့်ခွာ နေထိုင်ရသူတွေနဲ့ တကွ ပြည်သူတွေ အခက်အခဲတွေ အားလုံး ပြေလည်စေဖို့ ဆုတောင်းပေးသူကတော့ အစ္စလာမ်ရေးရာ ကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ ပါ။

“နှစ်သစ်ကူးကုန်ပြီးတော့ နှစ်အသစ်ရောက်တဲ့အခါမှာပေါ့နော် နှစ်ဟောင်းက ဝမ်းနည်းစရာတွေ ကြေကွဲစရာတွေ ဒီဟာတွေကို နှစ်သစ်ကို ပါမလာစေချင်ဘူးပေါ့နော်။ နှစ်သစ်မှာ မင်္ဂလာရှိစေချင်တယ်။ နှစ်သစ်မှာ အကောင်းတွေ ရစေချင်တယ်။ နှစ်သစ်မှာ အခက်အခဲရှိတဲ့သူတွေ နေရပ်စွန့်ခွာရသူတွေအတွက် ဒီဒုက္ခအခက်အခဲအားလုံးကို ပြေပျောက်စေဖို့အတွက် ဆန္ဒပြုပါတယ်။”

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ကလည်း ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်ဖြစ်စေကြောင်း နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါတယ်။

“မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည်သားများဟာ မျှော်လင့်ခြင်းနဲ့ တိုးတက်ဖွံ့ဖြိုးခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ရရှိစေတော်မူပါ။ ငြိမ်းချမ်းခြင်းဟာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းခြင်းသာလျှင် တခုတည်းသော လမ်းစဉ်ဖြစ်ပါတယ်။ စိတ်ကောင်း နှလုံးကောင်း ရှိတဲ့သူတွေ ငြိမ်သက်ချမ်းသာခြင်း ခံစားရပါစေ။ ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။”

မြန်မာနိုင်ငံမှာသာမက ကမ္ဘာတဝန်းမှာရှိတဲ့သူတွေအနေနဲ့ ကိုယ်ယုံကြည်ရာဘာသာကို ကိုးကွယ်ခွင့်ရှိပြီး တဦးနဲ့တဦး ယုံကြည်ရာဘာသာရေးအပေါ် ဝေဖန်တိုက်ခိုက်မှု မပြုဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ဗဟို ဥက္ကဋ္ဌ ဦးမောင်ရွှေက အခုလိုဆန္ဒပြုထားပါတယ်။

“ကမ္ဘာအရပ်ရပ်မှာ ဖြစ်နေတဲ့ပြဿနာတွေအားလုံး ပြေပြေလည်လည်နဲ့ ဖြေရှင်းသွားပြီးတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာစွာနဲ့ ကိုယ့်ဓလေ့ထုံးစံအတိုင်း ဝတ်ပြုကိုးကွယ်နေထိုင်ကြဖို့။ အဓိကတော့ ကျတော်တို့အခုချိန်မှာ ဖြစ်နေတဲ့ ဘာသာရေးနဲ့ ပဋိပက္ခတွေအတွက်ပါ။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်ယုံကြည်တာကို ကိုယ်ကိုးကွယ်ပါ။ ကိုယ်ယုံကြည်တာကို ကိုယ်လုပ်ပါ။ ဒါပေမယ့် တယောက်နဲ့တယောက် မင်းမှားတယ် ငါမှန်တယ် အဲဒါတွေမပြောသင့်ဘူး။ အဲဒါအတွက်ပဲ ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။”

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား အဖြစ် နိုင်ငံတော်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားဖြေရှင်းမှ ကျော်လွှားနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက် ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG