(Zawgyi/Unicode)
သကၠရာဇ္ ၂၀၂၀ ႏွစ္သစ္ကို မီးရႈးမီးပန္းေတြ၊ ဂီတေဖ်ာ္ေျဖပြဲေတြ က်င္းပၿပီး တကမာၻလံုးက ႀကိဳဆိုခဲ့ၾကပါတယ္။
နယူးေယာက္ Time Square မွာဆိုရင္ လူ တသန္းစုေ၀းၿပီး ႏွစ္သစ္ကူး cound down ကို သံၿပိဳင္ေအာ္ဟစ္ ႀကိဳဆိုခဲ့ၾကသလို ဘရာဇီးႏိုင္ငံ Rio de Janeiro ၿမိဳ႕က နာမည္ေက်ာ္ Copacabana ကမ္းေျခ မွာဆိုရင္လည္း လူ သန္းနဲ႔ခ်ီ စုေ၀းၿပီး ႏွစ္သစ္ကို ႀကိဳဆိုခဲ့ၾကပါတယ္။
ပဲရစ္စ္ၿမိဳ႕လယ္က Champs-Elysees လမ္းမ တေလွ်ာက္မွာဆုိရင္လည္း ႏွစ္သစ္ကို ႀကိဳဆိုတဲ့အေနနဲ႔ မီးရႈးမီးပန္းေတြ ပစ္ေဖာက္ခဲ့ပါတယ္။
ဒူဘို္င္းမွာဆိုရင္ ၁၀ မိနစ္ၾကာ မီးရႈးမီးပန္းေတြ ပစ္ေဖါက္ၿပီး ဂ်ပန္ႏုိင္ငံမွာေတာ့ ဘုရားေက်ာင္း ေခါင္းေလာင္ေတ ြတီးၿပီး ႀကိဳဆိုခဲ့ပါတယ္။
ၾသစေၾတးလ်ႏုိင္ငံ Sydney မွာေတာ့ မီးရႈးမီးပန္း ပစ္ေဖါက္ ခဲ့ေပမယ့္ တျခားေနရာေတြမွာေတာ့ ေတာမီးေၾကာင့္ မီးရႈးမီးပန္း ပစ္ေဖါက္မယ့္အစီအစဥ္ကို ဖ်က္သိမ္းလိုက္ရပါတယ္။
ျမန္မာႏုိင္ငံ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ႀကီးေတြမွာလည္း ႏွစ္သစ္ကူး ႀကိဳဆိုပြဲေတြ ဆင္ႏႊဲခဲ့ၾကၿပီး ႏိုင္ငံေတာ္ သမၼတကလည္း ႏွစ္သစ္ကူး ဆုေတာင္းစကား ေျပာၾကားခဲ့ပါတယ္။
ျပည္ေထာင္စုႀကီး ၿငိမ္းခ်မ္းေရး၊ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ ဖြံ႔ၿဖိဳးတုိးတက္ေရး စတဲ့လုပ္ငန္းေတြမွာ ျပည္သူ လူထုက ပူးေပါင္း ပါ၀င္ၾကဖုိ႔ သူက တုိက္တြန္းထားပါတယ္။
ႏိုင္ငံေတာ္အေနနဲ႔ အခက္အခဲ၊ အၾကပ္အတည္း အမ်ဳိးမ်ဳိးအျပင္ စိန္ေခၚမႈေတြနဲ႔ ႀကံဳေတြ႔ေနရေပမယ့္လည္း အမွန္တရား၊ တရားမွ်တမႈနဲ႔ ရုိးသားပြင့္လင္းမႈတုိ႔ကုိ လက္ကုိင္ထားၿပီး ေအာင္ျမင္စြာ ေက်ာ္လႊားႏုိင္မယ္လုိ႔ ယုံၾကည္တဲ့အေၾကာင္း၊ အစုိးရအေနနဲ႔လည္း တုိင္းရင္းသားျပည္သူအားလုံး ကာလေရရွည္ ေမွ်ာ္လင့္ ေတာင့္တခဲ့ရတဲ့ တန္းတူအခြင့္အေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႔ၿဖိဳးတုိးတက္ေရးကုိ အာမခံခက္ေပးႏုိင္မယ့္ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းပုံအေျခခံဥပေဒ ေပၚေပါက္ေရးအတြက္ ႀကိဳးစား လုပ္ေဆာင္ေနေၾကာင္းလည္း သမၼတ ဦး၀င္းျမင့္ရဲ႕ မိန္႔ခြန္းထဲမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
၂၀၂၀ နှစ်သစ်ကူးပွဲတော် ကမ္ဘာတဝှမ်းကျင်းပ
သက္ကရာဇ် ၂၀၂၀ နှစ်သစ်ကို မီးရှုးမီးပန်းတွေ၊ ဂီတဖျော်ဖြေပွဲတွေ ကျင်းပပြီး တကမ္ဘာလုံးက ကြိုဆိုခဲ့ကြပါတယ်။
နယူးယောက် Time Square မှာဆိုရင် လူ တသန်းစုဝေးပြီး နှစ်သစ်ကူး cound down ကို သံပြိုင်အော်ဟစ် ကြိုဆိုခဲ့ကြသလို ဘရာဇီးနိုင်ငံ Rio de Janeiro မြို့က နာမည်ကျော် Copacabana ကမ်းခြေ မှာဆိုရင်လည်း လူ သန်းနဲ့ချီ စုဝေးပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။
ပဲရစ်စ်မြို့လယ်က Champs-Elysees လမ်းမ တလျှောက်မှာဆိုရင်လည်း နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့ပါတယ်။
ဒူဘိုင်းမှာဆိုရင် ၁၀ မိနစ်ကြာ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ပြီး ဂျပန်နိုင်ငံမှာတော့ ဘုရားကျောင်း ခေါင်းလောင်တေ ွတီးပြီး ကြိုဆိုခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ Sydney မှာတော့ မီးရှုးမီးပန်း ပစ်ဖေါက် ခဲ့ပေမယ့် တခြားနေရာတွေမှာတော့ တောမီးကြောင့် မီးရှုးမီးပန်း ပစ်ဖေါက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလည်း နှစ်သစ်ကူး ကြိုဆိုပွဲတွေ ဆင်နွှဲခဲ့ကြပြီး နိုင်ငံတော် သမ္မတကလည်း နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းတွေမှာ ပြည်သူ လူထုက ပူးပေါင်း ပါဝင်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
နိုင်ငံတော်အနေနဲ့ အခက်အခဲ၊ အကြပ်အတည်း အမျိုးမျိုးအပြင် စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားပြီး အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း၊ အစိုးရအနေနဲ့လည်း တိုင်းရင်းသားပြည်သူအားလုံး ကာလရေရှည် မျှော်လင့် တောင့်တခဲ့ရတဲ့ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံခက်ပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးစား လုပ်ဆောင်နေကြောင်းလည်း သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းထဲမှာ ဖော်ပြထားပါတယ်။