သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကုမ္ပဏီ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း ရောင်းချခဲ့သလား

Israeli arms producer CAA website (Photo: Screenshot)
Israeli arms producer CAA website (Photo: Screenshot)

အစ္စရေးကုမ္ပဏီ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း ရောင်းချခဲ့သလား

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချတာကို ပိတ်ပင်ထားခဲ့ပေမယ့်လည်း၊ အစ္စရေးကုမ္ပဏီတခုက စစ်လက်နက်ပစ္စည်းတွေကို ဆက်လက် ရောင်းချပေးခဲ့တယ်လို့ မြန်မာပြည်အတွက်တရားမျှတရေးအဖွဲ့ Justice for Myanmar က ကြာသပတေးနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး စစ်လက်နက်ပစ္စည်းကုမ္ပဏီ CAA က ထုတ်လုပ်တဲ့ လက်နက်တွေကို ၂၀၁၉ ခုနှစ်အတွင်း တင်ပို့ပေးခဲ့တာဖြစ်ပြီး၊ ရိုင်ဖယ်သေနတ် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဖိုက်ဘာပလပ်စတစ် အပိုင်းအတွက် ပုံစံခွက်တွေပါ ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကြားခံပွဲစားကုမ္ပဏီဖြစ်တဲ့ Star Sapphire Group ကနေတဆင့် အစ္စရေးထုတ် စစ်လက်နက်ပစ္စည်းတွေကို တင်ပို့ခဲ့တာလို့ ဆိုပါတယ်။ ဒီကုမ္ပဏီကို အမေရိကန်က ဒီနှစ်အစောပိုင်းမှာ ဒဏ်ခတ်အရေးယူထားပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပြီးနောက် အမေရိကန်နဲ့ ဥရောပက ပိတ်ဆို့ အရေးယူမှုတွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီရောင်းချခွင့်ကို ဘယ်သူက ခွင့်ပြုခဲ့တာလည်းဆိုတာကို စုံစမ်းစစ်ဆေးဖို့ အစ္စရေး လူ့အခွင့်အရေးရှေ့နေ Eitay Mack က အစ္စရေးရှေ့နေချုပ် Gali Baharaw-Miara ထံ စာရေးသား ပေးပို့ ခဲ့ပါတယ်။

အစ္စရေးက မြန်မာကို လက်နက်တွေ ဆက်လက်ရောင်းချ ပေးခဲ့တယ်လို့ ၂၀၁၇ နှစ်တုန်းကလည်း စောင့်ကြည့်လေ့လာနေတဲ့ Middle East Eye က အစီရင်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောင်းချပေးခဲ့တဲ့ အထဲမှာ တင့်ကားအစီး ၁၀၀ ကျော်၊ စစ်လက်နက်ပစ္စည်းတွေနဲ့ မော်တော်ဘုတ်တွေ ပါဝင်တယ်လို့ စောင့်ကြည့်နေတဲ့အဖွဲ့တွေက ပြောဆိုပါတယ်။ အစ္စရေး ကတော့ အဲဒီနှစ်ကတည်းကစပြီး လက်နက် တင်ပို့မှုရပ်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။

CCA ကုမ္ပဏီကတော့ သူတို့ကုမ္ပဏီက အရပ်ဖက်သုံးအတွက်သာ ထုတ်လုပ်ကြောင်းနဲ့ စစ်ဖက်နဲ့ ကာကွယ်ဆေးဆိုင်ရာ ကိစ္စတွေမှာတော့ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ အစ္စရေးသတင်းဌာန Haaretz ကိုပြောဆို ခဲ့ပါတယ်။

အစ္စရေးကုမ္ပဏီ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း ရောင်းချခဲ့သလား
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG