သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများသုံး သယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းထားဖို့ ပြင်သစ်အစိုးရညွှန်ကြား


Protesters clash with CRS riot police at the Porte d'Aix in Marseille, southern France on June 30, 2023, over the shooting of a teenage driver by French police in a Paris suburb on June 27.
Protesters clash with CRS riot police at the Porte d'Aix in Marseille, southern France on June 30, 2023, over the shooting of a teenage driver by French police in a Paris suburb on June 27.

အများသုံးသယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းထားဖို့ ပြင်သစ်အစိုးရညွှန်ကြား

ပြင်သစ်နိုင်ငံမှာ အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကိုနွယ်ဖွား ဆယ်ကျော်သက်လူငယ်တဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက်မှာ ဆူပူအုံကြွမှုတွေ ၃ ည ဆက်ဖြစ်နေလို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ရပ်ဆိုင်းထားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အစိုးရက သောကြာနေ့မှာ ညွှန်ကြားလိုက်ပါတယ်။

ည ၉ နာရီက စပြီး ပြင်သစ်နိုင်ငံတဝန်း ဘတ်စ်ကားနဲ့ ရထား သွားလာမှုအားလုံးကို ရပ်တန့်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက ညွန်းကြာလိုက်တာပါ။

အကြမ်းဖက်မှုတွေ နှိမ်နင်းနိုင်ဖို့ လာမယ့် နာရီ အနည်းငယ်က အဆုံးအဖြတ်ပေးမှာ ဖြစ်ပြီး ဆူပူအုံကြွမှုကို နှိမ်နင်းနိုင်ဖို့ ကြိုးစားနေတဲ့ ရဲအရာရှိတွေနဲ့ မီးသတ်တပ်ဖွဲ့တွေရဲ့ အားထုတ်မှုတွေကို အားကိုး အသိအမှတ်ပြုကြောင်း ပြည်ထဲရေးဝန်ကြီး ဂျာရဲလ် ဒါမန်နင် Gerald Darmanin က ပြောပါတယ်။

ဒီဆူပူမှုတွေမှာ ရဲအရာရှိ ၄၀,၀၀၀ လောက် ဖြန့်ကျက်ထားရပြီး ရဲ အရာရှိ ၂၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။ သောကြာနေ့အထိ ဆူပူသူ လူ ၈၇၅ ဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ဘယ်လ်ဂျီယံက ဥရောပသမဂ္ဂနိုင်ငံများ ထိပ်သီးအစည်းအဝေး တက်ရောက်နေတာကနေ ရပ်တန့်ပြီး သောကြာနေ့မှာ ချက်ချင်း ပြန်ရောက်လာပြီး ပြင်သစ် အစိုးရ ကက်ဘိနက် အဖွဲ့ရဲ့ ၂ ရက် အတွင်း ဒုတိယ အကြိမ်‌မြောက် ခေါ် ရတဲ့ အရေးပေါ် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ သူက ဆူပူအုံကြွမှု ကို လှုံဆော်တဲ့ ဗီဒီယိုဖိုင်ကို ဖယ်ရှားဖို့နဲ့ အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်ပေးတဲ့ သုံးစွဲသူတွေကို ထုတ်ဖော် ပေးဖို့ ဆိုရှယ်မီဒီယာကို တောင်းဆိုခဲ့ပါတယ်။

ပြင်သစ် ဝန်ကြီးချုပ် အယ်လီဇဘက်ဘွန်း Elisabeth Borne ကလည်း “အကြမ်းဖက်မှုကို လုံးဝ သည်းခံမှာ မဟုတ်ဘဲ နည်းလမ်းကုန်သုံးပြီး ရပ်တန့်မယ်” လို့ ဆိုပါတယ်။

အသက် ၁၇ နှစ်အရွယ် Nahel M. ဆိုသူ ဆယ်ကျော် သက် လူငယ်လေး တဦး ဟာ မြို့တော် ပါရီ ရဲ့ အလုပ်သမားလူတန်းစား ဆင်ခြေဖုံးရပ်ကွက်မှာ အင်္ဂါနေ့က ရဲက တားဆီးစစ်ဆေးချိန်မှာ ပစ်သတ်ခံခဲ့ရတာပါ။

ဒီ ဖြစ်ရပ် ဗီဒီယို မှတ်တမ်း ထွက်လာပြီးနောက်မှာ ဒါကို ဆန့်ကျင်ကြတဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေ ဖြစ်လာပြီး ဆူပူမှုတွေဟာ ပါရီတင်မကဘဲ မာဆေး၊ လီယွန်၊ အစရှိတဲ တခြား မြို့တွေကိုလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဆူပူအုံကြွသူတွေဟာ အဆောက်အအုံတွေနဲ့ မော်တော်ယာဥ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး စတိုးဆိုင်တွေလည်း လုယက်ခံခဲ့ရပါတယ်။

ဂျနီဗာက ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုဝေး ဆန္ဒထုတ်ဖော်ကြဖို့ အရေးကြီးသလို တဖက်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အင်အားသုံးဖြိုခွင်းရာမှာ ဆင်ဆင်ခြင်ခြင် လုပ်ဖို့နဲ့ လူမျိုးရေး ခွဲခြားဆက်ဆံတာမျိုးမလုပ်ဖို့ ပြင်သစ်အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ဆယ်ကျော်သက် လူငယ်ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ ရဲအရာရှိကတော့ အစိုးရရှေ့နေတွေဆီမှာ ပစ်ခတ်ကြောင်း ဝန်ခံပြောဆိုခဲ့တယ် ဆိုပါတယ်။ ရဲအရာရှိဟာ Voluntary Homicide လို့ခေါ်တဲ့ ကြိုတင်ကြံစည်ခြင်းမရှိဘဲ ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေမှာ တုံ့ပြန်ရင်း ကျူးလွန်ခဲ့တဲ့ လူသတ်မှု အမျိုးအစားနဲ့ တရားစွဲဆို ခံရဖို့ ရှိပါတယ်။

ရှေ့နေကတော့ သူ့ရဲ့ အမှုသည် ရဲ အရာရှိက ကားမောင်းသူရဲ့ ခြေထောက်ဆီသို့ ဦးတည် ပစ်ခတ်ခဲ့တာ ဖြစ်ပေမယ့် ဆောင့်မိတဲ့ ဖြစ်ရပ်ကြောင့် ကျည်ဆန်က ရင်ဘတ်ဆီကို ဦးတယ် သွားတာ ဖြစ်ပြီး ရဲအရာရှိမှာ ယာဉ်မောင်းကို သေစေလိုတဲ့ ဆန္ဒ မရှိဘူး" လို့ သတင်းဌာန တခု ကို ဖြေကြားထားပါတယ်။

XS
SM
MD
LG