သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရဲတပ်ဖွဲ့ကို ဆန့်ကျင်ဆန္ဒပြသူ ၁၅၀ ခန့် ဖမ်းဆီးခံရ


ရဲကပစ်ခတ်မှုကြောင့် ၁၇နှစ်အရွယ် လူငယ်တဦးသေဆုံးခဲ့တဲ့အပေါ် ပြင်သစ်နိုင်ငံ Toulouse မြို့မှာ ဆန့်ကျင်ဆန္ဒပြနေကြစဉ် (ဇွန် ၂၈၊ ၂၀၂၃)
ရဲကပစ်ခတ်မှုကြောင့် ၁၇နှစ်အရွယ် လူငယ်တဦးသေဆုံးခဲ့တဲ့အပေါ် ပြင်သစ်နိုင်ငံ Toulouse မြို့မှာ ဆန့်ကျင်ဆန္ဒပြနေကြစဉ် (ဇွန် ၂၈၊ ၂၀၂၃)

အခုသီတင်းပတ် အစောပိုင်းမှာ ဆယ်ကျော်သက်အရွယ် လူငယ်တဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြသူ ၁၅၀ လောက်ကို မြို့တော် ပါရီနဲ့ တခြား မြို့တွေမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း ပြင်သစ်အရာရှိတွေက ဒီကနေ့ ပြောပါတယ်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gerald Damanin ကလည်း အခုလို ဆူပူအုံကြွမှုတွေကို မတားဆီးတဲ့သူတွေကို Twitter လူမှုကွန်ရက်ကတဆင့် ပြစ်တင်ပြောကြားလိုက်ပါတယ်။ မြို့တော်ခန်းမတွေ၊ စာသင်ကျောင်းတွေနဲ့ ရဲစခန်းတွေကို မီးရှို့တဲ့ လုပ်ရပ်ဟာ သည်းခံနိုင်စရာမရှိတဲ့၊ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဝန်းကြီး Damanin က ပြောပါတယ်။

ဆင်းရဲနွမ်းပါးသူတွေနေထိုင်တဲ့ အရပ်တွေကလူတွေအပေါ် ရဲတပ်ဖွဲ့က စနစ်တကျ နှိမ်ချဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြို့တော် ပါရီအပါဝင် တခြား မြို့ကြီးအတော်များများမှာ ကန့်ကွက်ဆန္ဒပြကြဖို့ တက်ကြွလှုပ်ရှားသူတွေက လှုံ့ဆော်ခဲ့တာပါ။

ပြင်သစ်ရဲကပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ၁၇နှစ်အရွယ် လူငယ် Nahel အတွက် အမှတ်တရပန်းစည်းတွေကို သူသေဆုံးရာနေရာအနီးမှာတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၂၃)
ပြင်သစ်ရဲကပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ၁၇နှစ်အရွယ် လူငယ် Nahel အတွက် အမှတ်တရပန်းစည်းတွေကို သူသေဆုံးရာနေရာအနီးမှာတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၂၃)

Nanterre မြို့မှာ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကို ရဲတပ်ဖွဲ့က ယာဉ်စည်းကမ်းချိုးဖောက်မှုနဲ့ အင်္ဂါနေ့မှာ တားဆီး စစ်ဆေးရာက ပစ်ခတ် သတ်ဖြတ်ခံလိုက်ရတာပါ။ သူသေဆုံးသွားတာကို အသိအမှတ်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ အဲဒီ သေဆုံးသွားတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်ရဲ့မိခင်က လှုံ့ဆော်ခဲ့တာပါ။

ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ဒီပစ်ခတ်သတ်ဖြတ်မှုဟာ ဘယ်လိုမှ ဖြေရှင်းချက်ထုတ်လို့မရတဲ့၊ ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီ ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိရဲ့ လုပ်ရပ်ကို စုံစမ်း စစ်ဆေးသွားမယ်လို့ ပြင်သစ်တရားရုံးက ပြောပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ကို ဆန့်ကျင်ဆန္ဒပြသူ ၁၅၀ ခန့် ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG