သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္ေပါင္မုန္႔ ကမာၻ႔အေမြအႏွစ္ စာရင္းမွာ ယူနက္စကို ထည့္သြင္း


(Zawgyi / Unicode)

ျပင္သစ္ေပါင္မုန္႔ Baguette ကို ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဌာန UNESCO ရဲ ႔ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းရမယ့္ ကမၻာ့အေမြအႏွစ္စာရင္းမွာ ထည့္သြင္းလိုက္ပါတယ္။
ျပင္သစ္ေပါင္မုန္႔ကို ကမၻာ့ အေမြအႏွစ္ စာရင္းမွာ ထည့္သြင္းခံရေအာင္ က်မတို႔ သံတမန္ေရး အရ ႀကိဳးစားလာတာ ၂ ႏွစ္ ရွိပါၿပီ။

ေပါင္မုန္႔ဟာ ကုလသမဂၢရဲ ႔ ကမၻာတ၀န္းလုံးနဲ႔ ဆုိင္တဲ့ လကၡဏာ တရပ္လည္း ျဖစ္ပါတယ္လို႔ ျပင္သစ္ႏုိင္ငံက UNESCO ဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္ Veronique Roger-Lacan ကေျပာဆိုသြားတာပါ။

UNESCO က ကၽြမ္းက်င္ပညာရွင္ေတြ ေမာ္႐ိုကိုႏုိင္ငံမွာ ဒီသီတင္းပတ္အတြင္း ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတာမွာ ျပင္သစ္ေပါင္မုန္႔ကို မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းရမယ့္ အေမြအႏွစ္စာရင္းမွာ ထည့္သြင္းဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

ျပင္သစ္ႏုိင္ငံမွာ ရိုးရာ အစဥ္အလာနည္းနဲ႔ မုန္႔ဖုတ္တဲ့ မုန္႔တုုိက္ေတြ နည္းသထက္ နည္းလာေနတယ္လို႔ ျပင္သစ္ ယဥ္ေက်းမႈ ၀န္ႀကီးဌာနက သတိေပးခဲ့သလို ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၅၀ အတြင္း တႏွစ္ကို ေပါင္မုန္႔တုိက္ ၄၀၀ ေလာက္ လုပ္ငန္းပိတ္သိမ္းသြားၾကတယ္လို႔လည္း ေျပာပါတယ္။ ေမာ္ရိုကိုမွာ က်င္းပတဲ့ အစည္းအေ၀းမွာ တင္ျပခဲ့တဲ့ ကမၻာ့အေမြအႏွစ္ စာရင္းထဲမွာ ျပင္သစ္ေပါင္မုန္႔ အပါအ၀င္ ဂ်ပန္ Furyu-odori နတ္အက နဲ႔ က်ဴဘားႏုိင္ငံက Rum အရက္ေပ်ာ့ခ်က္လုပ္နည္း ေတြလည္းပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြင်သစ်ပေါင်မုန့် ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ယူနက်စကိုထည့်သွင်း

ပြင်သစ်ပေါင်မုန့် Baguette ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဌာန UNESCO ရဲ့ မပျောက်ပျက်အောင် ထိန်းသိမ်းရမယ့် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
ပြင်သစ်ပေါင်မုန့်ကို ကမ္ဘာ့ အမွေအနှစ် စာရင်းမှာ ထည့်သွင်းခံရအောင် ကျမတို့ သံတမန်ရေး အရ ကြိုးစားလာတာ ၂ နှစ် ရှိပါပြီ။

ပေါင်မုန့်ဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာတဝန်းလုံးနဲ့ ဆိုင်တဲ့ လက္ခဏာ တရပ်လည်း ဖြစ်ပါတယ်လို့ ပြင်သစ်နိုင်ငံက UNESCO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Veronique Roger-Lacan ကပြောဆိုသွားတာပါ။

UNESCO က ကျွမ်းကျင်ပညာရှင်တွေ မော်ရိုကိုနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ ပြင်သစ်ပေါင်မုန့်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရမယ့် အမွေအနှစ်စာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ရိုးရာ အစဉ်အလာနည်းနဲ့ မုန့်ဖုတ်တဲ့ မုန့်တိုက်တွေ နည်းသထက် နည်းလာနေတယ်လို့ ပြင်သစ် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတိပေးခဲ့သလို ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း တနှစ်ကို ပေါင်မုန့်တိုက် ၄၀၀ လောက် လုပ်ငန်းပိတ်သိမ်းသွားကြတယ်လို့လည်း ပြောပါတယ်။ မော်ရိုကိုမှာ ကျင်းပတဲ့ အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ပြင်သစ်ပေါင်မုန့် အပါအဝင် ဂျပန် Furyu-odori နတ်အက နဲ့ ကျူဘားနိုင်ငံက Rum အရက်ပျော့ချက်လုပ်နည်း တွေလည်းပါဝင်ပါတယ်။

XS
SM
MD
LG