[[ ZAWGYI ]]
ယူကရိန္းယဥ္ေက်းမႈ အေမြအႏွစ္ေတြကို ႐ုရွားတိုက္ခိုက္တာ စစ္ရာဇဝတ္မႈေျမာက္ႏိုင္ (UNESCO)
ရုရွားက်ဴးေက်ာ္ တုိက္ခုိက္ခံရတဲ့ ယူကရိန္းမွာ ဘာသာေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ ေရွးေဟာင္းအေဆာက္အဦ အနည္းဆုံး ၉၈ ခု ပ်က္စီး သြားခဲ့တယ္ ၊ ဒါမွမဟုတ္ ဖ်က္ဆီး ခံခဲ့ရတယ္လုိ႔ ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႔ UNESCO က ဗုဒၶဟူးေန႔မွာ ေျပာၾကား လုိက္ပါတယ္။
ရုရွားက ဗုံးႀကဲ တုိက္ခုိက္ခဲ့တဲ့အတြက္ ယူကရိန္းရဲ႕ေဒသႀကီး ၈ ခု အတြင္းမွာရွိတဲ့ ယူကရိန္းရဲ႕ အလယ္ေခတ္ အေစာပုိင္းကာလကေန ဆုိဗီယက္ကာလက ဗိသုကာ လက္ယာေတြအထိ ပါ၀င္တဲ့ ေရွးေဟာင္းယဥ္ေက်းမႈ အေဆာက္အဦေတြ ထိခုိက္ပ်က္စီးခဲ့တယ္လို႔ UNESCO အဖဲြ႔ႀကီးရဲ႕ ကမၻာ့ေရွးေဟာင္းအေမြအႏွစ္ဌာန ညႊန္ၾကားေရးမွဴး Lazare Eloundou Assomo ကေျပာၾကားခဲ့ပါတယ္။
ယူကရိန္း အေရွ႕ဖက္ျခမ္းမွာ တုိက္ပဲြေတြျပင္းထန္ေနတဲ့အတြက္ သြားလုိ႔ မရေသးပဲ ၊ အျခားေနရာေတြကုိသာ သြားေရာက္ မွတ္တမ္းယူလုိ႔ ရတာေၾကာင့္ ပ်က္စီးဆုံးရႈံးတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ေနရာေတြ ပုိတုိးလာႏုိင္ေသးတယ္လုိ႔ ညႊန္ၾကားေရးမွဴး Assomo ကေျပာပါတယ္။
ပ်က္ဆီးဆုံးရွုံးမွုေတြနဲ႔ ပတ္သက္ၿပီး ယူကရိန္း တာ၀န္ရွိသူေတြက ေပးပု႔ိလာတဲ့ အခ်က္အလက္ေတြကုိ ယူနက္စကုိ ၿဂိဳလ္တုဓာတ္ပုံေတြ၊ မ်က္ျမင္သက္ေတြရဲ႕ ေျပာျပခ်က္ေတြနဲ႔ တုိက္ဆုိင္ စစ္ေဆးေနပါတယ္။
ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ ယူနစ္စကုိရဲ႕ သေကၤတပုံပါတဲ့ အေဆာက္အဦးေတြကုိ ပစ္မွတ္ထား တုိက္ခုိက္တာဟာ ႏုိင္ငံတကာ ဥပေဒကုိ ခ်ိဳးေဖါက္တာျဖစ္ၿပီး စစ္ရာဇ၀တ္မႈအျဖစ္ မွတ္ယူႏုိင္တယ္လုိ႔ ေရွးေဟာင္းအေမြအႏွစ္ ညႊန္ၾကားေရးမွဴးခ်ဳပ္ Assomo က သတိေပးေျပာဆုိပါတယ္။
ႏုိင္ငံတကာ ဥပေဒေတြအရ ပဋိပကၡအတြင္း ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ေတြကုိ မပ်က္စီးေအာင္ကာကြယ္ဖုိ႔ တာ၀န္ရွိတယ္လုိ႔ UNESCO ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Audrey Azoulay က ၿပီးခဲ့တဲ့ မတ္လထဲ ရုရွားႏုိင္ငံျခားေရး၀န္ႀကီး Sergey Lavrov ကုိ စာေရးသား သတိေပးခဲ့ပါတယ္။
= = = = = = = = = =
{{ UNICODE }}
ယူကရိန်းယဉ်ကျေးမှု အမွေအနှစ်တွေကို ရုရှားတိုက်ခိုက်တာ စစ်ရာဇဝတ်မှုမြောက်နိုင် (UNESCO)
ရုရှားကျူးကျော် တိုက်ခိုက်ခံရတဲ့ ယူကရိန်းမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအဆောက်အဦ အနည်းဆုံး ၉၈ ခု ပျက်စီး သွားခဲ့တယ် ၊ ဒါမှမဟုတ် ဖျက်ဆီး ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
ရုရှားက ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းရဲ့ဒေသကြီး ၈ ခု အတွင်းမှာရှိတဲ့ ယူကရိန်းရဲ့ အလယ်ခေတ် အစောပိုင်းကာလကနေ ဆိုဗီယက်ကာလက ဗိသုကာ လက်ယာတွေအထိ ပါဝင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ UNESCO အဖွဲ့ကြီးရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဌာန ညွှန်ကြားရေးမှူး Lazare Eloundou Assomo ကပြောကြားခဲ့ပါတယ်။
ယူကရိန်း အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် သွားလို့ မရသေးပဲ ၊ အခြားနေရာတွေကိုသာ သွားရောက် မှတ်တမ်းယူလို့ ရတာကြောင့် ပျက်စီးဆုံးရှုံးတဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာတွေ ပိုတိုးလာနိုင်သေးတယ်လို့ ညွှန်ကြားရေးမှူး Assomo ကပြောပါတယ်။
ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်း တာဝန်ရှိသူတွေက ပေးပု့ိလာတဲ့ အချက်အလက်တွေကို ယူနက်စကို ဂြိုလ်တုဓာတ်ပုံတွေ၊ မျက်မြင်သက်တွေရဲ့ ပြောပြချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးနေပါတယ်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနစ်စကိုရဲ့ သင်္ကေတပုံပါတဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်တာဖြစ်ပြီး စစ်ရာဇဝတ်မှုအဖြစ် မှတ်ယူနိုင်တယ်လို့ ရှေးဟောင်းအမွေအနှစ် ညွှန်ကြားရေးမှူးချုပ် Assomo က သတိပေးပြောဆိုပါတယ်။
နိုင်ငံတကာ ဥပဒေတွေအရ ပဋိပက္ခအတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို မပျက်စီးအောင်ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ပြီးခဲ့တဲ့ မတ်လထဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကို စာရေးသား သတိပေးခဲ့ပါတယ်။