{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံအလယ္ပုိင္းမွာ အခုႏွစ္ထဲ မိုးမ်ားတာေၾကာင့္ ပုဂံၿမိဳ႕က ေ႐ွးေဟာင္း ေစတီပုထိုးေတြ ထိခိုက္ပ်က္စီးတာမ်ားလာေနပါတယ္။ ခရီးသြားလုပ္ငန္းကို အဓိကမွီတည္ေနရတဲ့ ပံုဂံမွာ ရာသီဥတုဒဏ္၊ ကိုဗစ္ကပ္ေရာဂါေဘးနဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ဘယ္လို သက္ေရာက္မႈေတြျဖစ္ေနသလဲဆိုတာ ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ က ေျပာျပမွာပါ။
သီတင္းကၽြတ္ၿပီးခ်ိန္ မိုးအကုန္ ေဆာင္းအကူးကာလဆုိရင္ ေ႐ွးေဟာင္း ေစတီ ပုထိုးေတြရွိတဲ့ ပံုဂံၿမိဳမွာ ပံုမွန္ ခရီးသြားဧည့္သည္ေတြနဲ႔ စတင္စည္ကားေနေလ့႐ွိပါတယ္။ ေဒသခံေတြ အလွဆံုးအခ်ိန္ျဖစ္တယ္လို႔ ဒီကာလမွာ အခုႏွစ္မွာေတာ့ မိုးေတြ႐ြာေနတာေၾကာင့္
ေ႐ွးေဟာင္း ေစတီပုထိုးေတြ ထိခိုက္ပ်က္စီးတာေတြ ခပ္စိပ္စိပ္ျဖစ္လာေနပါတယ္။ မိုးမ်ားၿပီး ေရတက္တဲ့အရွိန္ေၾကာင့္ ဘုရားေစတီေတြရဲ႕ အုတ္နံရံၿပိဳက် ပ်က္စီးတာေတြ၊ ဘုရားအဝင္ မုခ္ဦးၿပိဳက်တာေတြနဲ႔ မဟာရံတံတိုင္းၿပိဳက်တာေတြ ရွိလာေနတာပါ။ ဒီထဲမွာ နံရံေဆးေရးပန္းခ်ီ လက္ရာေကာင္းေတြနဲ႔ ထင္ရွားတဲ့ ပုထိုးသားမ်ားဘုရားလည္း ၿပိဳက်ပ်က္စီးသြားတယ္လို႔ ပုဂံေဒသခံ၊ ဧည့္လမ္းၫႊန္ ကိုမင္းတင္က ေျပာပါတယ္။
"မိုးကလည္း ဒီႏွစ္က သိသိသာသာမ်ားတယ္။ ပုထိုးသားမ်ားကလည္း နည္းနည္းၿပိဳတယ္။ အဲဒီပုထိုးသားမ်ားဆိုရင္ နံရံပန္းခ်ီေတြက ေတာ္ေတာ္ေကာင္းတဲ့ဟာေတြေပါ့ေနာ့္။ အရင္မိုး နည္းစဥ္ကတည္းက အဲဒီပုထိုးသားမ်ားရဲ႕ အေရွ႕ေျမာက္ေဒါင့္က ေရစိမ့္ေနတာေလ။ ေသာ့ခတ္ထားေတာ့ ဝင္ၾကည့္မရေတာ့ အထဲမွာပ်က္ေနသလား၊ နံရံပန္းခ်ီေတြ ကြာက်ေနၿပီလား၊ ေရအိုင္သလား။ အကုန္ ဘာမွမသိရဘူး။ ဘုရားေတြက ပိတ္ထားေတာ့ေလ။"
ႏွစ္ေပါင္းေထာင္ခ်ီထဲက တည္ရွိလာတဲ့ ဒီေစတီပုထိုးေတြကို ပုံမွန္ျပဳျပင္ ထိန္းသိမ္းေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔လိုတယ္လို႔လည္း သူကေျပာပါတယ္။
"ဒီတိုင္းႀကီး ပ်က္စီးေနတာေတြကို ၾကည့္ေနရတာေတာ့ စိတ္မေကာင္းဘူးေပါ့ဗ်ာ။ တခုခုေတာ့ ဘာပဲေျပာေျပာ ထိန္းသိမ္းတဲ့လုပ္ငန္းမ်ိဳးေတြကို လုပ္ခ်င္တာေပါ့။ ဒါေပမယ့္ အဲလိုလည္း အခုက လုပ္လို႔အဆင္မေျပတဲ့ အေျခအေနႀကီးျဖစ္ေနတဲ့ အခါက်ေတာ့ ေျပာရမွာ ေတာ္ေတာ္ကိုခက္ေနတဲ့ အေနအထားျဖစ္ေနတယ္ ဒီပုဂံနဲ႔ပတ္သက္ၿပီးေတာ့ေလ။ ဒါ ဘယ္ကေန ဘယ္လိုစလုပ္ရမယ္မွန္းကို မသိဘူးျဖစ္ေနၿပီ အခုဟာက။ တခုခုျဖစ္လာၿပီဆိုရင္ က်ေနာ္တို႔က ဒီဟာေတြကို ထိန္းသိမ္းဖို႔အတြက္ ဘယ္သူ႔အားကိုးလို႔ အားကိုးရမွန္းကို မသိဘူးျဖစ္ေနတယ္။ ဘယ္သူ႔ အကူအညီေတာင္းလို႔ ေတာင္းရမွန္းကို မသိဘူးျဖစ္ေနတာ အခုဟာကေလ။"
ကုလသမဂၢ UNESCO က ပုဂံကို ေ႐ွးေဟာင္းအေမြအႏွစ္အျဖစ္ထိမ္းသိမ္းရမယ့္ ေနရာအျဖစ္ ၂၀၁၉ ခုႏွစ္က သတ္မွတ္ခဲ့ပါတယ္။
ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ျဖစ္တဲ့ ပုဂံ ေဒသမွာ ဘုရားေစတီေပါင္း ၃,၈၀၀ ေက်ာ္ရွိပါတယ္။ ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ သတ္မွတ္ထားတဲ့ ေဒသေတြကို ကာကြယ္ထိန္းသိမ္းဖို႔အတြက္ ယဥ္ေက်းမႈအေမြအႏွစ္ ေဒသမ်ား ကာကြယ္ထိန္းသိမ္းေရး ဥပေဒကိုေတာ့ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက ျပဌာန္းထားပါတယ္။ လူသိမ်ား ထင္ရွားတဲ့ ဘုရားေစတီေတာ္ေတြအျပင္ ျပဳျပင္ထိန္းသိမ္းဖို႔ လိုေနတဲ့ ေစတီေတာ္ေတြကိုလည္း အျမန္ဆုံးေဆာင္႐ြက္ေပးဖို႔ ေဒသခံေတြက လိုလားေနၾကပါတယ္။
ပုဂံေဒသမွာ ဝင္ေငြအတြက္ ကမာၻလွည့္ခရီးသြားလုပ္ငန္းေတြကို အဓိက အားထားၾကရတာပါ။ ကိုဗစ္ကပ္ေရာဂါျဖစ္စျဖစ္ထဲက ထိခိုက္ေနတဲ့ ခရီးသြားလုပ္ငန္းေတြ စစ္အာဏာသိမ္းၿပီးေနာက္မွာ လုပ္ငန္းေတြပုံမွန္ျပန္လည္ မလည္ပတ္ႏိုင္ေသးတာေၾကာင့္ လုပ္ငန္းေတာ္ေတာ္ေတာ္မ်ားမ်ား အခက္အခဲျဖစ္ေနၾကပါတယ္။ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးအေျခအေနေၾကာင့္ ပုဂံေဒသ ခရီးသြားဝင္ေရာက္မႈဟာလည္း မရွိသေလာက္ ေလ်ာ့နည္းသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခရီးသြားဧည့္သည္ေတြကို မွီခိုၿပီး လုပ္ကိုင္စားေသာက္ေနတဲ့ ေဒသခံေတြလည္း အခက္အခဲေတြ ရွိေနပါတယ္။ ဟိုတယ္လုပ္ငန္းေတြလည္း ယာယီရပ္နားထားရတာ ၂ နီးပါး႐ွိေနတာေၾကာင့္ လုပ္ငန္းရွင္ေတြအေတာ္ေလး အခက္ႀကံဳေနၾကပါတယ္။ ဒီအေျခအေနမွာပဲ ဟိုတယ္ေတြနဲ႔ သက္ဆိုင္တဲ့ ယစ္မ်ိဳးခြန္၊ ေျမခြန္ေတြကို မျဖစ္မေမေပးသြင္းရမယ္လို႔ ေတာင္းခံေနၿပီး လုပ္ငန္းလိုင္စင္ပိတ္သိမ္းမယ္ဆုိတဲ့အထိ ဖိအားေပးမႈေတြ ရွိလာတယ္လို႔ ဟိုတယ္ပိုင္ရွင္တဦးက ေျပာပါတယ္။
"ပုဂံမွာက tourism ကိုအဓိက အားကိုးေနရေတာ့ ဒီဟာမွာ မေပးဘဲေနတာ မဟုတ္ေပမယ့္ သူတို႔ဘက္က သက္ညႇာမႈတခုနဲ႔ ေျဖေလွ်ာ့မႈကို ကိုယ္ကလိုခ်င္တာ။ ပုဂံမွာက ဒီေလာက္ႀကီးဧည့္သည္မလာလို႔ ဒီလိုေခတ္ပ်က္ေနပါတယ္ဆိုတဲ့ အေနအထားမွာ အဲလိုအေတာင္းခံရေတာ့ တဖက္လွည့္နဲ႔ျပန္တြက္ရင္ ညီမတို႔လုပ္ငန္းရွင္ေတြ အေနနဲ႔က်ေတာ့ မလုံၿခဳံေတာ့ဘူးေပါ့ေနာ္။"
ျပည္ပခရီးသြားဧည့္သည္ေတြ ျပန္မလာၾကေသးတဲ့ ေ႐ွးေဟာင္းပုဂံၿမိဳ႕ဆီ ျပည္တြင္း ဧည့္သည္အနည္းအက်ဥ္း သြားလည္တာေတာ့ ႐ွိေနပါတယ္။ ဒါေပမဲ့ အရင္လို လုပ္ငန္းေတြ ပံုမွန္ျပန္ျဖစ္ႏိုင္ဖုိ႔ အမ်ားႀကီးလုိေသးတယ္လို႔ ဟုိတယ္လုပ္ငန္းလုပ္ေနၾကသူေတြက ေျပာပါတယ္။ အခုလို ကမာၻလွည့္ခရီးသည္ေတြ ျပန္မမ်ားလာခ်ိန္မွာ ဘဘာဝေၾကာင့္ ပ်က္စီးေနတဲ့ ေ႐ွးေဟာင္းဘုရားေတြကို ျပန္ျပင္ဆင္ သင့္တယ္လို႔ ပုဂံေဒသခံေတြက ေျပာေနၾကပါတယ္။
{{Unicode}}
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အခုနှစ်ထဲ မိုးများတာကြောင့် ပုဂံမြို့က ရှေးဟောင်း စေတီပုထိုးတွေ ထိခိုက်ပျက်စီးတာများလာနေပါတယ်။ ခရီးသွားလုပ်ငန်းကို အဓိကမှီတည်နေရတဲ့ ပုံဂံမှာ ရာသီဥတုဒဏ်၊ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘယ်လို သက်ရောက်မှုတွေဖြစ်နေသလဲဆိုတာ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် က ပြောပြမှာပါ။
သီတင်းကျွတ်ပြီးချိန် မိုးအကုန် ဆောင်းအကူးကာလဆိုရင် ရှေးဟောင်း စေတီ ပုထိုးတွေရှိတဲ့ ပုံဂံမြိုမှာ ပုံမှန် ခရီးသွားဧည့်သည်တွေနဲ့ စတင်စည်ကားနေလေ့ရှိပါတယ်။ ဒေသခံတွေ အလှဆုံးအချိန်ဖြစ်တယ်လို့ ဒီကာလမှာ အခုနှစ်မှာတော့ မိုးတွေရွာနေတာကြောင့်
ရှေးဟောင်း စေတီပုထိုးတွေ ထိခိုက်ပျက်စီးတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ မိုးများပြီး ရေတက်တဲ့အရှိန်ကြောင့် ဘုရားစေတီတွေရဲ့ အုတ်နံရံပြိုကျ ပျက်စီးတာတွေ၊ ဘုရားအဝင် မုခ်ဦးပြိုကျတာတွေနဲ့ မဟာရံတံတိုင်းပြိုကျတာတွေ ရှိလာနေတာပါ။ ဒီထဲမှာ နံရံဆေးရေးပန်းချီ လက်ရာကောင်းတွေနဲ့ ထင်ရှားတဲ့ ပုထိုးသားများဘုရားလည်း ပြိုကျပျက်စီးသွားတယ်လို့ ပုဂံဒေသခံ၊ ဧည့်လမ်းညွှန် ကိုမင်းတင်က ပြောပါတယ်။
"မိုးကလည်း ဒီနှစ်က သိသိသာသာများတယ်။ ပုထိုးသားများကလည်း နည်းနည်းပြိုတယ်။ အဲဒီပုထိုးသားများဆိုရင် နံရံပန်းချီတွေက တော်တော်ကောင်းတဲ့ဟာတွေပေါ့နော့်။ အရင်မိုး နည်းစဉ်ကတည်းက အဲဒီပုထိုးသားများရဲ့ အရှေ့မြောက်ဒေါင့်က ရေစိမ့်နေတာလေ။ သော့ခတ်ထားတော့ ဝင်ကြည့်မရတော့ အထဲမှာပျက်နေသလား၊ နံရံပန်းချီတွေ ကွာကျနေပြီလား၊ ရေအိုင်သလား။ အကုန် ဘာမှမသိရဘူး။ ဘုရားတွေက ပိတ်ထားတော့လေ။"
နှစ်ပေါင်းထောင်ချီထဲက တည်ရှိလာတဲ့ ဒီစေတီပုထိုးတွေကို ပုံမှန်ပြုပြင် ထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်လို့လည်း သူကပြောပါတယ်။
"ဒီတိုင်းကြီး ပျက်စီးနေတာတွေကို ကြည့်နေရတာတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ တခုခုတော့ ဘာပဲပြောပြော ထိန်းသိမ်းတဲ့လုပ်ငန်းမျိုးတွေကို လုပ်ချင်တာပေါ့။ ဒါပေမယ့် အဲလိုလည်း အခုက လုပ်လို့အဆင်မပြေတဲ့ အခြေအနေကြီးဖြစ်နေတဲ့ အခါကျတော့ ပြောရမှာ တော်တော်ကိုခက်နေတဲ့ အနေအထားဖြစ်နေတယ် ဒီပုဂံနဲ့ပတ်သက်ပြီးတော့လေ။ ဒါ ဘယ်ကနေ ဘယ်လိုစလုပ်ရမယ်မှန်းကို မသိဘူးဖြစ်နေပြီ အခုဟာက။ တခုခုဖြစ်လာပြီဆိုရင် ကျနော်တို့က ဒီဟာတွေကို ထိန်းသိမ်းဖို့အတွက် ဘယ်သူ့အားကိုးလို့ အားကိုးရမှန်းကို မသိဘူးဖြစ်နေတယ်။ ဘယ်သူ့ အကူအညီတောင်းလို့ တောင်းရမှန်းကို မသိဘူးဖြစ်နေတာ အခုဟာကလေ။"
ကုလသမဂ္ဂ UNESCO က ပုဂံကို ရှေးဟောင်းအမွေအနှစ်အဖြစ်ထိမ်းသိမ်းရမယ့် နေရာအဖြစ် ၂၀၁၉ ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်တဲ့ ပုဂံ ဒေသမှာ ဘုရားစေတီပေါင်း ၃,၈၀၀ ကျော်ရှိပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ထားတဲ့ ဒေသတွေကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုတော့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ပြဌာန်းထားပါတယ်။ လူသိများ ထင်ရှားတဲ့ ဘုရားစေတီတော်တွေအပြင် ပြုပြင်ထိန်းသိမ်းဖို့ လိုနေတဲ့ စေတီတော်တွေကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
ပုဂံဒေသမှာ ဝင်ငွေအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကို အဓိက အားထားကြရတာပါ။ ကိုဗစ်ကပ်ရောဂါဖြစ်စဖြစ်ထဲက ထိခိုက်နေတဲ့ ခရီးသွားလုပ်ငန်းတွေ စစ်အာဏာသိမ်းပြီးနောက်မှာ လုပ်ငန်းတွေပုံမှန်ပြန်လည် မလည်ပတ်နိုင်သေးတာကြောင့် လုပ်ငန်းတော်တော်တော်များများ အခက်အခဲဖြစ်နေကြပါတယ်။ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် ပုဂံဒေသ ခရီးသွားဝင်ရောက်မှုဟာလည်း မရှိသလောက် လျော့နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသွားဧည့်သည်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေလည်း အခက်အခဲတွေ ရှိနေပါတယ်။ ဟိုတယ်လုပ်ငန်းတွေလည်း ယာယီရပ်နားထားရတာ ၂ နီးပါးရှိနေတာကြောင့် လုပ်ငန်းရှင်တွေအတော်လေး အခက်ကြုံနေကြပါတယ်။ ဒီအခြေအနေမှာပဲ ဟိုတယ်တွေနဲ့ သက်ဆိုင်တဲ့ ယစ်မျိုးခွန်၊ မြေခွန်တွေကို မဖြစ်မမေပေးသွင်းရမယ်လို့ တောင်းခံနေပြီး လုပ်ငန်းလိုင်စင်ပိတ်သိမ်းမယ်ဆိုတဲ့အထိ ဖိအားပေးမှုတွေ ရှိလာတယ်လို့ ဟိုတယ်ပိုင်ရှင်တဦးက ပြောပါတယ်။
"ပုဂံမှာက tourism ကိုအဓိက အားကိုးနေရတော့ ဒီဟာမှာ မပေးဘဲနေတာ မဟုတ်ပေမယ့် သူတို့ဘက်က သက်ညှာမှုတခုနဲ့ ဖြေလျှော့မှုကို ကိုယ်ကလိုချင်တာ။ ပုဂံမှာက ဒီလောက်ကြီးဧည့်သည်မလာလို့ ဒီလိုခေတ်ပျက်နေပါတယ်ဆိုတဲ့ အနေအထားမှာ အဲလိုအတောင်းခံရတော့ တဖက်လှည့်နဲ့ပြန်တွက်ရင် ညီမတို့လုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ မလုံခြုံတော့ဘူးပေါ့နော်။"
ပြည်ပခရီးသွားဧည့်သည်တွေ ပြန်မလာကြသေးတဲ့ ရှေးဟောင်းပုဂံမြို့ဆီ ပြည်တွင်း ဧည့်သည်အနည်းအကျဉ်း သွားလည်တာတော့ ရှိနေပါတယ်။ ဒါပေမဲ့ အရင်လို လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နိုင်ဖို့ အများကြီးလိုသေးတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်နေကြသူတွေက ပြောပါတယ်။ အခုလို ကမ္ဘာလှည့်ခရီးသည်တွေ ပြန်မများလာချိန်မှာ ဘဘာဝကြောင့် ပျက်စီးနေတဲ့ ရှေးဟောင်းဘုရားတွေကို ပြန်ပြင်ဆင် သင့်တယ်လို့ ပုဂံဒေသခံတွေက ပြောနေကြပါတယ်။