သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဦးကို ကမာၻ့အေမြအႏွစ္အျဖစ္ အဆိုျပဳ


(Zawgyi/ Unicode)

ေျမာက္ဦးေဒသကို ကမၻာ့ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ (UNESCO) စာရင္းဝင္းဖို႔အတြက္ ေနာက္ဆံုး အဆိုျပဳလြႊာ ဒီကေန႔မွာပဲျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာရွိတဲ့ ကမၻာ့အေမြအနွစ္ရံုးကို ပို႔ေဆာင္လိုက္ပါတယ္။ တစ္ခ်ိန္ တည္းမွာပဲ ေျမာက္ဦးၿမိဳ႕ေပၚမွာ လက္နက္ႀကီးပစ္ခတ္ေနတဲ့အတြက္ ေျမႀကီးတုန္ခါမႈေၾကာင့္ ေရွးေဟာင္း ဘုရားပထိုးေတြၿပိဳက် ပ်က္စီး ေနတယ္လို႔ ေျမာက္ဦးယဥ္ေက်းမႈ အေမြအနွစ္ေဒသ ထိန္းသိမ္း ေစာင့္ ေရွာက္ ေရးအဖြဲ႔ ဥကၠဌ ေဒၚခင္သန္းက ေျပာပါတယ္။

သတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအသတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ဆက္ထားပါတယ္။

တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္းက ေျမာက္ဦးေဒသကို ကမၻာ့ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ (UNESCO) စာရင္းဝင္ဖို႔အတြက္ ေနာက္ဆံုး အဆိုျပဳလြႊာကို ဒီကေန႔မွာပဲ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာရွိတဲ့ ကမၻာ့ အေမြ အနွစ္ရံုးကို ပို႔ေဆာင္လိုက္တယ္လို႔ ေျမာက္ဦးယဥ္ေက်းမႈ အေမြအနွစ္ေဒသ ထိန္းသိမ္း ေစာင့္ေရွာက္ ေရးအဖြဲ႔ ဥကၠဌ ေဒၚခင္သန္းက ေျပာပါတယ္။

“က်မတို႔ ေနာက္ဆံုးအဆိုျပဳလႊာကို ဒီေန႔ပဲ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေတာ္ကို ဒီေန႔ပဲ ပို႔လိုက္ပါတယ္။ က်မတို႔ လာစစ္အံုးမယ္။ ဇူလႈွိင္နဲ႔ စက္တင္ဘာေလာက္မွာ က်မတို႔လာၿပီးေတာ့မွ ဘယ္သူမွမသိေအာင္ တစ္ေခါက္လာစစ္မယ္။ တရားဝင္ကေတာ့ စက္တင္ဘာလေလာက္မွာပဲ လာစစ္အံုးမယ္။ အဲဒီလို စစ္ေဆးၿပီးမွာ ၂၀၂၁ ဇူလႈိင္ ေလာက္မွာ တရုတ္ႏိုင္ငံက က်င္းပတဲ့ ၂၂ႀကိမ္ေျမာက္ ကမၻာ့ယဥ္ေက်းမႈ အေမြအနွစ္ ညီလာခံမွာ ေျမာက္ဦးကို ကမၻာ့ယဥ္ေက်းမႈ အေမြအနွစ္ စာရင္းထဲ ထည့္မထည့္ ဆိုတဲ့ ဆံုးျဖတ္ခ်က္ ထြက္လာပါလိမ့္မယ္။”

ေျမာက္ဦးၿမိဳ႕ေပၚမွာ လက္နက္ႀကီးေတြ ပစ္ခတ္တဲ့အခါ ေျမႀကီး တုန္ခါမႈေတြေၾကာင့္ အခုလို အဆိုျပဳလႊာတင္ လိုက္ တဲ့ေန႔မွာပဲ ကိုးေသာင္းဘုရား ၿပိဳက်ေနတယ္လို႔ သူကဆက္ေျပာပါတယ္။

“မနွစ္ကကတည္းက လက္နက္ႀကီး ပစ္တာေၾကာင့္ ကိုးေသာင္းဘုရား အက္ကြဲေနတာ။အခုကေတာ့ တျဖည္းျဖည္း တျဖည္းျဖည္းနဲ႔ တုန္ခါမႈေတြ မ်ားလာၿပီးေတာ့ ၿပိဳက်လာတာျဖစ္တယ္။ ျပိဳက်တာ တစ္ခုတည္းမဟုတ္ဘူး နံရံေတြလည္း အက္ကြဲေနတယ္။ တုန္ခါမႈေၾကာင့္ ေခါင္မိုးေတြကေန ၿပိဳက်လာတာ။ အခုလမွာ လက္နက္ႀကီးမပစ္ေပမယ့္လဲ လြန္ခဲ့တဲ့ လေတြကေတာ့ ပစ္ခဲ့တယ္။ အခု ဇန္နဝါရီ လဆန္းပိုင္းက ပစ္တယ္ ၊ လလယ္ပိုင္းမွာလည္းပစ္တယ္။ စၿပီးေတာ့ အက္ကြလာတဲ့ အခ်ိန္ကေတာ့ အစီရင္ခံစာေတြ ဘာေတြ တင္တယ္။ အခုအဲေနရာကို ဘယ္သူမွလဲ မသြားရဲေတာ့ ဘာမွလည္းမလုပ္ရဲေတာ့ ဒီအတိုင္းပဲထားရတယ္။ က်မတို႔က အရာရာကို ေၾကာက္ေနရတယ္။ ဘာကိုေၾကာက္လို႔ ေၾကာက္မွန္းမသိ အားလံုးေတာ့ ေၾကာက္ေနရတယ္။ စိတ္မေကာင္းစြာနဲ႔ ဒီအတိုင္းပဲ ၾကည့္ေနရတယ္။ ဒီထက္အမ်ားႀကီး ၿပိဳက်လာႏိုင္တဲ့ အေနအထားရွိတယ္။”

ေျမာက္ဦးၿမိဳ႕ေပၚမွာပစ္ခတ္မႈေတြေၾကာင့္ ကိုးေသာင္းဘုရားအျပင္ တစ္ျခားေရွးေဟာင္း အေဆာက္ အအံု ေတြလည္း ပ်က္စီးေနၾကသလို ေရွးေဟာင္းဘုရားပုထိုးေတြ ဘယ္ေလာက္ထိ ပ်က္စီးေနတယ္ဆို တာကို ကြင္းဆင္းေလ့လာဖို႔ အတြက္လည္း ေျမျမဳပ္မိုင္းေတြကို ေၾကာက္လန္႔ေနရတယ္လို႔ ေဒၚခင္သန္းက ဆက္ေျပာပါတယ္။

“ဘာျဖစ္လို႕လည္း ဆိုေတာ့ ဗံုးေတြဘာေတြ ေထာင္ထားမယ္ မိုင္းေတြ ေထာင္ထားမယ္။ အဲတာေတြကို ေၾကာက္ တယ္။ ဒါေၾကာင့္ ဘယ္အေဆာက္အဦး ၊ဘယ္ေလာက္ပ်က္ သြားၿပီဆိုတာကိုေတာ့ သြားမၾကည့္ေပမယ့္ နီးစပ္တဲ့ သူေတြ ကို က်မတို႕က ဒီလိုၿပိဳသြားၿပီ ဒီလိုပ်က္သြားၿပီဆိုၿပီးေတာ့ ဓာတ္ပံု ေတြနဲ႔ လာျပၾကတယ္။ ေနာက္က်မတို႔ ေရာက္ လို႔ ၾကည့္လိုက္ေတာ့ ကိုးေသာင္းဘုရားက ေတာ္ေတာ္ႀကီးကို ပ်က္စီးေနၿပီ အစရွိသျဖင့္ တစ္ျခား ဟာေတြက လည္း ပ်က္စီးေနၾကၿပီ။”

လက္နက္ႀကီးေတြဟာ ေျမာက္ဦးၿမိဳ႕ေပၚမွာ ရွိတဲ့ ကိုးေသာင္းဘုရားရဲ႕ အေနာက္ေတာင္ဘက္မွာ ရွိတဲ့ အေျမာက္တပ္ရင္းက ပစ္ခတ္ေနတာေတြရွိတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

“အေျမာက္ႀကီး ပစ္ခတ္မႈေတြကေတာ့ ရွိေနပါေသးတယ္။ ဟိုတစ္ရက္ေတာင္ ေျမာက္ဦးၿမိဳ႕ေပၚက ေနၿပီးေတာ့ ဒီေပါက္ေတာျပင္ဘက္ကို အေျမာက္နဲ႔ လွမ္းပစ္ေနတာကို က်ေနာ္တို႔ ၾကားေနရပါေသးတယ္။ ၾကားရသေလာက္ေတာ့ ၃ ႀကိမ္ထက္ေတာ့ မနည္းဘူး။ ေဒသခံေတြ ေျပာၾကတာကေတာ့ ၅၄၀ တပ္ရင္းက အေျမာက္ႀကီးေတြနဲ႔ ပစ္တာလို႔ ေျပာၾကပါတယ္။ ကိုးေသာင္းဘုရားရဲ႕ အေနာက္ေတာင္ဘက္လို႔ ေျပာလို႔ ရပါတယ္။ ကိုးေသာင္းဘုရားနဲ႔ တစ္မိုင္ ေက်ာ္ ေလာက္ေတာ့ ေဝးမယ္ထင္တယ္။ အဲဒီမွာ ေျမာက္တပ္ရင္း ထိုင္ထားတယ္။ ဒီတစ္ရက္ႏွစ္ရက္ ေတာ့ မၾကားပါဘူး ဟိုတစ္ေန႔ကေတာ့ ၾကားလိုက္ပါတယ္။”

ျမန္မာတို႔ရဲ႕ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္စုေ၀းရာ ပုဂံေဒသကို ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႔ UNESCO က ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ ၂၀၁၉ ဇူလိုင္လ ၆ ရက္ေန႔မွာ သတ္မွတ္လိုက္တဲ့သတင္းကိုလည္း ဖတ္ရႈႏိုင္ပါတယ္။

ေျမာက္ဦးၿမိဳ႕ဟာ ရခိုင္ႏိုင္ငံေတာ္ရဲ႕ ေနာက္ဆံုးအေမြအနွစ္ၿမိဳ႕ေတာ္ တစ္ခုျဖစ္ သလို ယဥ္ေက်းမႈအေမြ အနွစ္ေတြ မပ်က္စီးဖို႔အတြက္ၿမိဳ႕ေပၚမွာလက္ နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနၾကတာကုိ ရပ္တန္႔ဖို႔ ရခိုင္ျပည္ နယ္လႊတ္ေတာ္က အဆိုတင္သြင္း ထာေပမယ့္လည္း အစိုးရအေနနဲ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ တာကို မေတြ႔ရဘူးလို႔ သူကဆက္ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AAအဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ ယဥ္ေက်းမႈ အေမြအနွစ္ၿမိဳ႕ေတာ္တစ္ခုျဖစ္တဲ့ ေျမာက္ဦးေဒသကို စစ္မဲ့ဇုန္အျဖစ္ နွစ္ဖက္အဖြဲ႔အစည္းေတြအေနနဲ႔ သတ္မွတ္ေပးၾကဖို႔ ျမန္မာႏိုင္ငံေရွးေဟာင္းသုေတသနပညာအသင္းက ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ မတ္လ အေစာပိုင္းက ထုတ္ျပန္ထားတာရွိပါတယ္။

ေျမာင္ဦးေဒသကို ကမၻာ့ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ (UNESCO) စာရင္းဝင္းဖို႔အတြက္ ႀကိဳးစားေနၾက သလို တစ္ဘက္မွာလည္း လက္နက္ႀကီးေတြ ပစ္ခတ္ေနတာေတြ ရွိေနတာေၾကာင့္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ေတြ ပ်က္စီးသြားမွာကို ျပည္သူေတြက စိုးရိမ္ေနၾကပါတယ္။

ေျမာက္ဦးကို ကမာၻ့အေမြအႏွစ္အျဖစ္ အဆိုျပဳ
please wait

No media source currently available

0:00 0:03:34 0:00
တိုက္႐ိုက္ လင့္ခ္


..................

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်အဖြစ် အဆိုပြု

(Unicode)

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်းဖို့အတွက် နောက်ဆုံး အဆိုပြုလွှာ ဒီကနေ့မှာပဲပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်ရုံးကို ပို့ဆောင်လိုက်ပါတယ်။ တစ်ချိန် တည်းမှာပဲ မြောက်ဦးမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် မြေကြီးတုန်ခါမှုကြောင့် ရှေးဟောင်း ဘုရားပထိုးတွေပြိုကျ ပျက်စီး နေတယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်း စောင့် ရှောက် ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းက မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်ဖို့အတွက် နောက်ဆုံး အဆိုပြုလွှာကို ဒီကနေ့မှာပဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ကမ္ဘာ့ အမွေ အနှစ်ရုံးကို ပို့ဆောင်လိုက်တယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

“ကျမတို့ နောက်ဆုံးအဆိုပြုလွှာကို ဒီနေ့ပဲ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို ဒီနေ့ပဲ ပို့လိုက်ပါတယ်။ ကျမတို့ လာစစ်အုံးမယ်။ ဇူလှုှိင်နဲ့ စက်တင်ဘာလောက်မှာ ကျမတို့လာပြီးတော့မှ ဘယ်သူမှမသိအောင် တစ်ခေါက်လာစစ်မယ်။ တရားဝင်ကတော့ စက်တင်ဘာလလောက်မှာပဲ လာစစ်အုံးမယ်။ အဲဒီလို စစ်ဆေးပြီးမှာ ၂၀၂၁ ဇူလှိုင် လောက်မှာ တရုတ်နိုင်ငံက ကျင်းပတဲ့ ၂၂ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံမှာ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ထည့်မထည့် ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာပါလိမ့်မယ်။”

မြောက်ဦးမြို့ပေါ်မှာ လက်နက်ကြီးတွေ ပစ်ခတ်တဲ့အခါ မြေကြီး တုန်ခါမှုတွေကြောင့် အခုလို အဆိုပြုလွှာတင် လိုက် တဲ့နေ့မှာပဲ ကိုးသောင်းဘုရား ပြိုကျနေတယ်လို့ သူကဆက်ပြောပါတယ်။

“မနှစ်ကကတည်းက လက်နက်ကြီး ပစ်တာကြောင့် ကိုးသောင်းဘုရား အက်ကွဲနေတာ။အခုကတော့ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ တုန်ခါမှုတွေ များလာပြီးတော့ ပြိုကျလာတာဖြစ်တယ်။ ပြိုကျတာ တစ်ခုတည်းမဟုတ်ဘူး နံရံတွေလည်း အက်ကွဲနေတယ်။ တုန်ခါမှုကြောင့် ခေါင်မိုးတွေကနေ ပြိုကျလာတာ။ အခုလမှာ လက်နက်ကြီးမပစ်ပေမယ့်လဲ လွန်ခဲ့တဲ့ လတွေကတော့ ပစ်ခဲ့တယ်။ အခု ဇန်နဝါရီ လဆန်းပိုင်းက ပစ်တယ် ၊ လလယ်ပိုင်းမှာလည်းပစ်တယ်။ စပြီးတော့ အက်ကွလာတဲ့ အချိန်ကတော့ အစီရင်ခံစာတွေ ဘာတွေ တင်တယ်။ အခုအဲနေရာကို ဘယ်သူမှလဲ မသွားရဲတော့ ဘာမှလည်းမလုပ်ရဲတော့ ဒီအတိုင်းပဲထားရတယ်။ ကျမတို့က အရာရာကို ကြောက်နေရတယ်။ ဘာကိုကြောက်လို့ ကြောက်မှန်းမသိ အားလုံးတော့ ကြောက်နေရတယ်။ စိတ်မကောင်းစွာနဲ့ ဒီအတိုင်းပဲ ကြည့်နေရတယ်။ ဒီထက်အများကြီး ပြိုကျလာနိုင်တဲ့ အနေအထားရှိတယ်။”

မြောက်ဦးမြို့ပေါ်မှာပစ်ခတ်မှုတွေကြောင့် ကိုးသောင်းဘုရားအပြင် တစ်ခြားရှေးဟောင်း အဆောက် အအုံ တွေလည်း ပျက်စီးနေကြသလို ရှေးဟောင်းဘုရားပုထိုးတွေ ဘယ်လောက်ထိ ပျက်စီးနေတယ်ဆို တာကို ကွင်းဆင်းလေ့လာဖို့ အတွက်လည်း မြေမြုပ်မိုင်းတွေကို ကြောက်လန့်နေရတယ်လို့ ဒေါ်ခင်သန်းက ဆက်ပြောပါတယ်။

“ဘာဖြစ်လို့လည်း ဆိုတော့ ဗုံးတွေဘာတွေ ထောင်ထားမယ် မိုင်းတွေ ထောင်ထားမယ်။ အဲတာတွေကို ကြောက် တယ်။ ဒါကြောင့် ဘယ်အဆောက်အဦး ၊ဘယ်လောက်ပျက် သွားပြီဆိုတာကိုတော့ သွားမကြည့်ပေမယ့် နီးစပ်တဲ့ သူတွေ ကို ကျမတို့က ဒီလိုပြိုသွားပြီ ဒီလိုပျက်သွားပြီဆိုပြီးတော့ ဓာတ်ပုံ တွေနဲ့ လာပြကြတယ်။ နောက်ကျမတို့ ရောက် လို့ ကြည့်လိုက်တော့ ကိုးသောင်းဘုရားက တော်တော်ကြီးကို ပျက်စီးနေပြီ အစရှိသဖြင့် တစ်ခြား ဟာတွေက လည်း ပျက်စီးနေကြပြီ။”

လက်နက်ကြီးတွေဟာ မြောက်ဦးမြို့ပေါ်မှာ ရှိတဲ့ ကိုးသောင်းဘုရားရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ အမြောက်တပ်ရင်းက ပစ်ခတ်နေတာတွေရှိတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“အမြောက်ကြီး ပစ်ခတ်မှုတွေကတော့ ရှိနေပါသေးတယ်။ ဟိုတစ်ရက်တောင် မြောက်ဦးမြို့ပေါ်က နေပြီးတော့ ဒီပေါက်တောပြင်ဘက်ကို အမြောက်နဲ့ လှမ်းပစ်နေတာကို ကျနော်တို့ ကြားနေရပါသေးတယ်။ ကြားရသလောက်တော့ ၃ ကြိမ်ထက်တော့ မနည်းဘူး။ ဒေသခံတွေ ပြောကြတာကတော့ ၅၄၀ တပ်ရင်းက အမြောက်ကြီးတွေနဲ့ ပစ်တာလို့ ပြောကြပါတယ်။ ကိုးသောင်းဘုရားရဲ့ အနောက်တောင်ဘက်လို့ ပြောလို့ ရပါတယ်။ ကိုးသောင်းဘုရားနဲ့ တစ်မိုင် ကျော် လောက်တော့ ဝေးမယ်ထင်တယ်။ အဲဒီမှာ မြောက်တပ်ရင်း ထိုင်ထားတယ်။ ဒီတစ်ရက်နှစ်ရက် တော့ မကြားပါဘူး ဟိုတစ်နေ့ကတော့ ကြားလိုက်ပါတယ်။”

မြောက်ဦးမြို့ဟာ ရခိုင်နိုင်ငံတော်ရဲ့ နောက်ဆုံးအမွေအနှစ်မြို့တော် တစ်ခုဖြစ် သလို ယဉ်ကျေးမှုအမွေ အနှစ်တွေ မပျက်စီးဖို့အတွက်မြို့ပေါ်မှာလက် နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတာကို ရပ်တန့်ဖို့ ရခိုင်ပြည် နယ်လွှတ်တော်က အဆိုတင်သွင်း ထာပေမယ့်လည်း အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက် တာကို မတွေ့ရဘူးလို့ သူကဆက်ပြောပါတယ်။

မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စုဝေးရာ ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၁၉ ဇူလိုင်လ ၆ ရက်နေ့မှာ သတ်မှတ်လိုက်တဲ့သတင်းကိုလည်း ဖတ်ရှုနိုင်ပါတယ်။

ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ယဉ်ကျေးမှု အမွေအနှစ်မြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ပေးကြဖို့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ အစောပိုင်းက ထုတ်ပြန်ထားတာရှိပါတယ်။

မြောင်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်းဖို့အတွက် ကြိုးစားနေကြ သလို တစ်ဘက်မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေ ရှိနေတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးသွားမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG