သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၉ ကြိမ်မြောက် D-Day နေ့ ပြင်သစ်မှာ ကျင်းပ


ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဒုတိယကမ္ဘာစစ် ပြင်သစ်ရေတပ် ကွန်မင်ဒိုအဖွဲ့ဝင်ဟောင်း Leon Gautier တို့ကို ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာ ကျင်းပတဲ့ D-Day အမှတ်တရအခမ်းအနားအတွင်းအတူတွေ့ရစဉ် (ဇွန် ၆၊ ၂၀၂၃)

ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာ ၇၉ ကြိမ်မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက် စောစောမှာပဲ လူတွေ အများအပြား စုဝေးခဲ့ကြပါတယ်။ အမေရိကန် အလံတွေ၊ ပန်းတွေ ကိုင်ဆောင်ရင်း တချိန်က စစ်ဝတ်စုံတွေနဲ့ အိုမဟာ (Omaha) ကမ်းခြေမှာ စုဝေး ရောက်နေကြတာပါ။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့တွေ နော်မန်ဒီ ကမ်းခြေကို ချီတက်ပြီး ဂျာမနီလက်အောက် ရောက်နေတဲ့ အနောက်ဥရောပနိုင်ငံတွေ လွတ်မြောက်ရေး ကမ်းတက် တိုက်ပွဲ စတင်တဲ့ နှစ်ပတ်လည်နေ့အဖြစ် နှစ်စဉ် ဇွန်လ ၆ ရက်နေ့မှာ ခုလို D-Day အထိမ်းအမှတ် ကျင်းပတာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာကျင်းပတဲ့ ၇၉ နှစ်မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင်းတွေ့ရတဲ့ အမေရိကန်စစ်ပြန်ဟောင်းများ (ဇွန် ၆၊ ၂၀၂၃)
ပြင်သစ်နိုင်ငံ နော်မန်ဒီ (Normandy) ကမ်းခြေမှာကျင်းပတဲ့ ၇၉ နှစ်မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင်းတွေ့ရတဲ့ အမေရိကန်စစ်ပြန်ဟောင်းများ (ဇွန် ၆၊ ၂၀၂၃)

D-Day ကမ်းတက်တိုက်ပွဲ စတင်တဲ့ ပထမဆုံးနေ့ တရက်တည်းမှာပဲ မဟာမိတ်တပ်ဖွဲ့ဝင် ၄,၄၁၄ သေဆုံးခဲ့ရပြီး ဒီအထဲမှာ ၂,၅၀၁ ယောက်က အမေရိကန် စစ်သားတွေ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရ ရသူကတော့ ၅၀၀၀ ကျော် ရှိခဲ့တာပါ။ ဂျာမနီတပ်ဖွဲ့တွေ ဘက်မှာလည်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

၇၉ ကြိမ်မြောက် D-Day နေ့ ပြင်သစ်မှာ ကျင်းပ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG