သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ် အောင်ပွဲခံနေ့မှာ ယူကရိန်းမြို့တော်ကို ရုရှားတိုက်ခိုက် 


ယူကရိန်းနိုင်ငံ မြို့တော် Kyiv မှာ ရုရှားတိုက်ခိုက်မှုအတွင်း ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့တဲ့ ဒရုန်းထိမှန်ပျက်စီးသွားတဲ့ လူနေတိုက်ခန်းတခုကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေစဉ် (မေ ၈၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ မြို့တော် Kyiv မှာ ရုရှားတိုက်ခိုက်မှုအတွင်း ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့တဲ့ ဒရုန်းထိမှန်ပျက်စီးသွားတဲ့ လူနေတိုက်ခန်းတခုကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေစဉ် (မေ ၈၊ ၂၀၂၃)

အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် တကယ့်စစ်ပွဲကြီးတခု ဆင်နွှဲနေပြီး၊ အဆုံးအဖြတ်ပေးရမယ့် အချိုးအကွေ့တခုကို ရောက်နေပြီလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို အောင်မြင်ခြင်းအထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားအဖြစ် ဒီကနေ့ မော်စကိုမြို့တော် ရင်ပြင်နီက အခမ်းအနားမှာ ပြောလိုက်ပါတယ်။

"ဒီကနေ့အချိန်မှာ တိုင်းပြည်လုံခြုံရေးဟာ ခင်ဗျားတို့ အားလုံးအပေါ်မှာ မူတည်နေပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထု အနာဂတ်ဟာလည်း ခင်ဗျားတို့အပေါ် မူတည်နေပါတယ်။" လို့ မော်စကိုမြို့တော်မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး လူပေါင်းထောင်ချီ တက်ရောက်လေ့ရှိတဲ့ အောင်မြင်ရေးနေ့ အခမ်းအနားမှာ ရုရှားတပ်ဖွဲ့တွေကို သမ္မတ ပူတင်က ပြောလိုက်တာပါ။

နိုင်ငံတကာ အကြမ်းဖက်ဝါဒကို တွန်းလှန်နေပြီး၊ Donbas ဒေသလုံခြုံရေးကို အကာအကွယ်ပေးသွားမယ်လို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကစ ယူကရိန်းအပေါ် ရုရှားက ကျုးကျော်စစ် စတင်ခဲ့ပြီး၊ အရှေ့ပိုင်း Donbas ဒေသကို အဓိက တိုက်ခိုက်ခဲ့တာပါ။ ရုရှားသမ္မတ မိန့်ခွန်းမပြောခင် နာရီပိုင်းအလိုမှာပဲ ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို ရုရှားက မစ်ဇိုင်းဒုံးတွေနဲ့ တလစပ်ပစ်ခတ်ခဲ့ပါတယ်။ ဒီတကြိမ်နဲ့ဆို မေလထဲမှာ မြို့တော်ကို တိုက်ခိုက်ခံရတာ ၅ ကြိမ် ရှိပြီလို့လည်း Kyiv မြို့တော် စစ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ခံ Serhiy Popko က Telegram လူမှုကွန်ရက်မှာ ပြောခဲ့တာပါ။ အောင်မြင်ခြင်းအထိမ်းအမှတ်နေ့မှာ ရုရှားက ယူကရိန်းပြည်သူတွေကို တတ်နိုင်သလောက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာလို့လည်း ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာပဲ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen Kyiv မြို့တော်ကို ထပ်မံသွားရောက်ခဲ့ပြီး၊ ဥရောပဟာ ယူကရိန်းနဲ့ တသားတည်း ရှိနေကြောင်း ပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG