သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ရုရှားသမ္မတနေအိမ်တိုက်ခိုက်ခံရ' ရုရှားထုတ်ပြန်


Russia Putin
Russia Putin

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့နေအိမ်ကို ယူကရိန်းက ညဘက်မှာ အဝေးထိန်းဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရုရှားတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ရုရှားလုံခြုံရေးတပ်ကနေ ဒီ ဒရုန်းတွေကိုဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ယူကရိန်းအစိုးရကတော့ ဒီတိုက်ခိုက်မှုမှာ ယူကရိန်းအနေနဲ့ လုံးဝပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါ တယ်။ ရုရှားအစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာ ဒရုန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေကတားဆီးနိုင်ခဲ့ပြီး ဒရုန်းအပျက်အစီးတချို့ မြေပြင်ကို ကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဖေါ်ပြထားပါတယ်။

ဒီလုပ်ရပ်ဟာ ရုရှားသမ္မတကို အစီအစဉ်ရှိရှိတိုက်ခိုက်တဲ့အကြမ်းဖက်မှုဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ လက်တုံ့ပြန်ခွင့်ရှိတယ်လို့လည်း ရုရှားအစိုးရက ပြောထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ရုရှားအစိုးရရဲ့ပြောဆိုချက်ကို အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ သမ္မတပူတင်ဟာ ကရင်မလင်အိမ်တော်မှာရှိမနေဘူးလို့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါတယ်။

ယူကရိန်းရဲ့သမ္မတအကြံပေး Mykhailo Podolyak ကတော့ ခရိုင်းမီးယားမှာ ယူကရိန်းအဖျက်သမားတွေလို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး ယူကရိန်းကိုအကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဖို့ ရုရှားကပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

'ရုရှားသမ္မတနေအိမ်တိုက်ခိုက်ခံရ' ရုရှားထုတ်ပြန်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG