သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲပစ်ခတ်လို့ သေဆုံးသူ လူငယ်ကိစ္စ ပါရီမှာဆန္ဒပြပွဲ ပြင်းထန်


France Police Shooting
France Police Shooting

ရဲပစ်ခတ်လို့ သေဆုံးသူ လူငယ်ကိစ္စ ပါရီမှာဆန္ဒပြပွဲ ပြင်းထန်

ပါရီမြို့ဆင်ခြေဖုံးအရပ်မှာ ရဲပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တဦး သေဆုံးခဲ့ရတဲ့နောက် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွါးလာတာဟာ ဆင်းရဲသားရပ်ကွက်တွေက အပယ်ခံ လူငယ်လေးတွေကို ရဲတွေက အင်အားသုံးအကြမ်းဖက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ၂၀၀၅ ခုနှစ်က ကြုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို ပြန်အမှတ်ရစေပါတယ်။

အသက် ၁၇ နှစ်အရွယ် Nahel M. ကို မီးပွိင့်မှာ ရဲတဦးက ပစ်ခတ်သေဆုံးခဲ့တဲ့နောက် ၂ ရက်မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ ပါရီက လက်လုပ်လက်စားတွေနေထိုင်ရာ ဆင်ခြေဖုံးက အခင်းဖြစ်ပွါးရာနေရာမှာ ထောင်နဲ့ချီ ချီတက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

'Nahel အတွက် တရားမျှတမှု'လို့ ကြွေးကျော်ရင်း ချီတက်ဆန္ဒပြမှုကို သူ့မိခင်က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ တချို့က ရဲကသတ်တယ် ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတာပါ။ ဆန္ဒပြမှုဟာ ငြိမ်းငြိမ်းချမ်းချမ်း စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ ရဲကို ကြာသပတေးနေ့က ဆန္ဒအလျှောက် လူသတ်မှုနဲ့ ကနဦး စွဲချက်တင်ပြီး ယာယီ ထိန်းသိမ်းထားပါတယ်။ ရဲရဲ့ ရှေ့နေဖြစ်သူ Laurent-Franck Lienard ကတော့ ရဲအရာရှိဟာ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြင်သစ်သတင်းဌာန RTL ကို ပြောပါတယ်။

ပါရီမြို့တော်မှာ ဒီဖြစ်ရပ်နဲ့ဆက်နွယ်ပြီး ရဲနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွါးနေပြီး ကားတွေ အမှိုက်ပုံးတွေ မီးရှို့တာနဲ့ စတိုးဆိုင်တွေ လုယက်မှုတွေပါ ဖြစ်ပွါးနေတာပါ။

ကြာသပတေးနေ့ ညပိုင်းမှာ ဆူပူမှုတွေ တိုးလာမှာ စိုးတာကြောင့် ပြင်သစ်အာဏာပိုင်တွေက နိုင်ငံတလွှားမှာ ရဲအရာရှိ ၄ သောင်းလောက် ချထားလိုက်သလို ပါရီတမြို့ထဲမှာတင် ၅,၀၀၀ လောက် တာဝန်ချထားတာ ဖြစ်ပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလိုင်း တချို့ကို စောစောစီးစီး ရပ်နားလိုက်သလို ပါရီမှာ အနည်းဆုံး ရပ်ကွက် တခုအတွက် ညမထွက်ရ - ကာဖျူးအမိန့် ထုတ်ပြန်ထားပါတယ်။

ရဲပစ်ခတ်လို့ သေဆုံးသူ လူငယ်ကိစ္စ ပါရီမှာဆန္ဒပြပွဲ ပြင်းထန်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG