သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီပြောင်းလဲမှု တုံ့ပြန်ရေး ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်ဝင်ကြမည်


ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်
ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်

ဥတုရာသီပြောင်းလဲမှု တုံ့ပြန်ရေး ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်ဝင်ကြမည်

ပါရီ ထိပ်သီးညီလာခံမှာ ချမ်းသာတဲ့ နိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှု အတွက် ကတိပြုထားတဲ့ ဒေါ်လာ ဘီလီယံ ၁၀၀ ကို အပြီးသတ် သဘောတူနိုင်ခဲ့ကြတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။

"ဒီထိပ်သီးအစည်းအဝေးမှာ အောင်မြင်မှုတွေ ခိုင်ခိုင်မာမာ ရရှိခဲ့ပါတယ်။ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးကတိကဝတ် ဒေါ်လာ ဘီလီယံ ၁၀၀ ကို အပြီးသတ်နိုင်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ်မှာ ကတိပြုထားတဲ့ အတိုင်း အထူး အစီအစဥ်နဲ့ ပြန်လည် မျှဝေ အသုံးပြုနိုင်ဖို့ ဒေါ်လာ ၁၀၀ ဘီလီယံ အထိ ရရှိခဲ့တာပါ။ သဘောတူညီချက်တွေ အပြီးဆသတ်နိုင်ခဲ့တဲ့ နိုင်ငံတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြင်သစ် သမ္မတ မက်ခရွန်က ပါရီ ထိပ်သီး အစည်းအဝေးရဲ့ အပိတ် အစီအစဥ်မှာ ပြောသွားတာပါ။

ဒီအကူအညီငွေကို ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ဇီဝမျိုးစိတ်မျိုးကွဲစုံနဲ့ သစ်တောတွေ ကာကွယ်ရေးအတွက် ရန်ပုံငွေ အဖြစ် ထားရှိမှာပါ။

ဧဝရက်တောင်က ရေခဲလွှာတွေ အရည်ပျော်လာနေ
please wait

No media source currently available

0:00 0:04:50 0:00

အခု အပြီးသတ်နိုင်ခဲ့တဲ့ ဒေါ်လာ ၁၀၀ ဘီလီယံ ကတိကဝတ်ဟာ ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ အမှန်တကယ် လိုအပ်ချက်နဲ့ အလှမ်းကွာနေဆဲ ဖြစ်ပါတယ်။ ဒါဟာ ချမ်းသာတဲ့ နိုင်ငံကြီးတွေဘက်က ကတိပြုထားတဲ့ ရာသီဥတုဆိုင်ရာ ရန်ပုံငွေတွေ ပေးအပ်ဖို့ ပျက်ကွက်နေတာရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ဒါက ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချနိုင်ရေး အစီအမံတွေကို မြင့်တင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံများအကြားမှာလည်း မယုံကြည်မှုကို ဖြစ်ပေါ်စေနေတာပါ။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အစီအစဥ် အသစ် တရပ် သဘောတူညီနိုင်ရေး တွန်းအားပေးတဲ့ အနေနဲ့ အခု ကျင်းပခဲ့တဲ့ ပါရီ ညီလာခံကို အာဖရိကတိုက်က နိုင်ငံပေါင်း ၂၄ နိုင်ငံက ခေါင်းဆောင်တွေ၊ ဘရာဇီးသမ္မတ လူလာ၊ တရုတ်ဝန်ကြီးချုပ် လီချန် ( Li Qiang)၊ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါလီယန်နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန် တို့ အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ထိပ်သီးအစည်းအဝေးရဲ့ ရည်ရွယ်ချက်မှာ ဝင်ငွေနည်းနိုင်ငံတွေအတွက် ငွေကြေးထောက်ပံ့မှုကို မြှင့်တင်ရေးနဲ့ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ရေးနဲ့ စစ်ပြီးခေတ်ဘဏ္ဍာရေးစနစ်တွေ ပြုပြင်ပြောင်းလဲရေး အစီအစဥ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေး ရန်ပုံငွေ အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ G-20 အစရှိတဲ့ အဖွဲ့အစည်း တွေ အတွင်းမှာ ရုန်းကန်နေရတဲ့ အစပျိုး ခြေလှမ်းတွေ ဘုံသဘောတူညီ စတင်နိုင်ဖို့ လည်း ရည်ရွယ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG