သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဘုံသဘောထား အကောင်အထည်ပေါ်ဖို့ ကြိုးပမ်းချက်များ ကန်ထောက်ခံ


Menlu AS Antony Blinken dan Menlu RI Retno Marsudi dalam pertemuan di sela-sela Pertemuan Menlu ASEAN di Jakarta, Jumat (14/7).
Menlu AS Antony Blinken dan Menlu RI Retno Marsudi dalam pertemuan di sela-sela Pertemuan Menlu ASEAN di Jakarta, Jumat (14/7).

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး မြန်မာစစ်ကောင်စီကို ဖိအားဆက်ပေးနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တူညီတဲ့သဘောထား ရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့ကြား အတူတကွရှိတဲ့ လုံခြုံရေးနဲ့ သာယာ၀ပြောရေးမှာ စိန်ခေါ် အကဲစမ်းချက်တွေကို တု့န်ပြန်ဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်လာနေတာကြောင့်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အာဆီယံ ဘုံသဘောထားငါးချက်ကို လိုက်နာလာစေဖို့ စစ်ကောင်စီကို ဆက်ပြီး ဖိအားပေးသွားရမယ်ဆိုတာ ဒီနေ့အစည်းအဝေးအတွင်း အတော်များများ ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။"

အာဆီယံ ဘုံသဘောထားကို စစ်ကောင်စီ လိုက်နာလာပြီး အကောင်အထည်ပေါ်လာမယ့် ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ပြီးခဲ့တဲ့ ကြာသာပတေး သောကြာ နှစ်ရက်လုံး အင်ဒိုနီးရှားမှာ ရှိနေပြီး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အစည်းအဝေးအတွင်း မြန်မာ့အရေးကိစ္စအပြင် ဒေသတွင်းကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီယားနိုင်ငံက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် မကြာသေးခင်က ပစ်လွှတ်ခဲ့တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ရှုတ်ခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေနဲ့ အစည်းအဝေးအတွင်း ကိုရီယားကျွန်းဆွယ် နူကလီယား ကင်းရှင်းရေး၊ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ပြန်တန်နိုင်ရေးနဲ့ မြောက်ကိုရီးယားအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ရေးတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ကန်ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်ရဲ့ အတင့်ရဲလာတဲ့ အပြုအမှုတွေကိုလည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ရေကြောင်းနဲ့ လေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ကိုင်စွဲထားပြီး၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းထားရမယ်လို့လည်း ပြောသွားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒေသတွင်း အင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံက ထိပ်တန်းသံတမန် Wang Yi နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG