သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် မြန်မာစစ်ကောင်စီနွယ် လူပုဂ္ဂိုလ် ၆ ဦးနဲ့ သတ္တုတွင်းဌာနကို EU အရေးယူ

Soldiers search the National League for Democracy (NLD) headquarters after the coup in Yangon, Myanmar, February 15, 2021. REUTERS/Stringer
Soldiers search the National League for Democracy (NLD) headquarters after the coup in Yangon, Myanmar, February 15, 2021. REUTERS/Stringer


မြန်မာဝန်ကြီး ၃ ဦးနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဌာနတို့ကို အီးယူ ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်ကြောင်း ဇူလိုင်လ ၂၀ ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါဟာ သတ္တမအကြိမ်မြောက် အရေးယူတာဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ နိုင်ငံ့တည်ငြိမ်အေးချမ်းမှုအတွက် ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ်စေတဲ့အတွက် အရေးယူတာ ဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

အီးယူက နောက်ထပ်အရေးယူခံရသူ ၆ ဦးကတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်းနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ စစ်ကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးအောင်ကျော်မင်းနဲ့ Porel အောင်သိန်း တို့အပြင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ ဖြစ်ပါတယ်။ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းဌာနကတော့ မြန်မာစစ်တပ်အတွက် ဝင်ငွရအောင် လုပ်ဆောင်ပေးနေတာကြောင့် အရေးယူတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အီးယူက ဒဏ်ခတ်အရေးယူတဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၉၉ ဦးရှိပြီဖြစ်ပြီး ကုမ္ပဏီ အဖွဲ့အစည်းပေါင်းက ၁၉ ခုရှိပြီဖြစ်ပါတယ်။ အခုလို အရေးယူဒဏ်ခတ်ထားသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အီးယူက ထိန်းချုပ်မှာဖြစ်သလို ခရီးသွားခွင့်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံသားတွေ ငွေကြေး ဆက်သွယ် ထောက်ပံ့မှုတွေကိုပါ ပိတ်ပင်တားမြစ်လိုက်တာပါ။

မြန်မာအတွက် လက်နက်တင်ပို့ရောင်းချခွင့်ကို အီးယူက ဆက်လက်ပိတ်ပင်ထားသလို မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုနိုင်တဲ့ တင်ပို့ကုန်တားမြစ်တာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စစ်ရေးလေ့ကျင့်မှု သင်တန်းပေးတာတွေကိုပါ ဆက်လက် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ပြီး တိုးလာနေတာအတွက် အီးယူက အထူး စိတ်ပူနေဆဲဖြစ်ပြီး၊ သတင်းသမားတွေ၊ လူ့အခွင့်ရေးရှေ့နေတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှု၊ နှိပ်စက်ညှင်းပမ်းမှုတွေ၊ ဧပြီ ၁၀ ရက်နေ့က လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG