သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပုံစံ ပြောင်းလိုက်တဲ့ သတင်းတွေထွက်


ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်ပုံဓာတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်ပုံဓာတ်ပုံ)

နေပြည်တော်အကျဥ်းထောင်မှာနှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းကနေတခြား နေရာတခုကိုပြောင်းရွှေ့ လိုက်တယ်လို့နီးစပ်တဲ့ သတင်းရင်းမြစ်တချို့ကပြောပါတယ်။

လက်ရှိပြစ်ဒဏ်တွေကို ဆိုင်းငံ့ပြီးနေပြည်တော်က ဒုတိယဝန်ကြီးတွေနေထိုင်တဲ့နေရာတခုကို နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ပြောင်းရွှေ့လိုက်တာလို့သတင်းတွေ ထွက်နေတဲ့အပေါ်အတည်ပြုနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေကအကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ဖုန်းကိုင် ဖြေကြားခြင်းမရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းမှာလည်းအတည်မပြုနိုင်တဲ့ သတင်းတွေကအမျိုးမျိုး ရှိနေတာပါ။ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ကစပြီးနေအိမ်အကျယ်ချုပ်ပုံစံ ပြောင်းထားတယ်လို့သိရတဲ့အကြောင်း နီးစပ်သူတချို့ကဗွီအိုအေကို ပြောပေမဲ့လတ်တလော သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေမရှိသေးပါဘူး။

နေပြည်တော်ထောင်နဲ့ နီးစပ်သူတွေတော့ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ထောင်တွင်းမှာမရှိတော့သလို၊ ဘယ်နေ့ကဘယ်ကို ပြောင်းရွှေ့သွားတာဆိုတာ မသိရကြောင်းပြောပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အများပြည်သူအတွက်ဖွင့်ပွဲလုပ်မယ့်နေ့ အထိမ်းအမှတ် အနေနဲ့ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ နှစ်ရှည်အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ပေးနိုင်ချေရှိတယ်ဆိုတဲ့ သတင်းလည်း အခုတလော ထွက်ပေါ်နေပေမဲ့ VOA က အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ဇူလိုင်လ ၉ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တယ်ဆိုတာမှာလည်း တွေ့ဆုံတဲ့နေရာနဲ့ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကိုစစ်ကောင်စီဘက်ကရော ထိုင်းအစိုးရဘက်ကပါထုတ်ဖော် ပြောဆိုတာမရှိခဲ့ပါဘူး။ထောင်နဲ့နီးစပ်သူတွေကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အကျဥ်းထောင်မှာ လာရောက်တွေ့ဆုံတာမဟုတ်ဘူးလို့ ပြောဆိုကြသလို၊အဲ့ဒီအချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာ ပြောင်းရွှေ့ထားသလား ဆိုတာလည်း သေချာမသိရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG