သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု စစ်ကောင်စီအတည်ပြု 


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံခဲ့တာ အမှန်ပါပဲလို့ စစ်ကောင်စီ ပြောခွင့်ရက ဒီကနေ့ အတည်ပြု ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာ သတင်းတွေမှာဖော်ပြနေသလို ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံခဲ့တာ ဖြစ်ပြီး အကြောင်းအရာ အသေးစိတ်မသိတဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“နှစ်ယောက်ချင်းတွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံချိန်က ၁နာရီခွဲနီးပါးကြာမြင့်ပါတယ်။လွတ်လွတ်တွေ့ဆုံတာဖြစ်တယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း သူလွတ်လွတ်လပ်လပ် ဆွေးနွေးချင်တာဆွေးနွေးခဲ့ပါတယ်။ နှစ်ယောက်ချင်းလွတ်လွတ်လပ်လပ်တွေ့တာမို့ဆွေးနွေးချက်အ သေးစိတ်ကို မသိရပါဘူး။ “

၂၀၂၁ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က မနေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲ အပြင်ဘန်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့အပြီး ဒီကနေ့မှာ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောဆိုတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေပြီး ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပေမဲ့ ဘယ်နေရာမှာ ဘယ်လိုတွေ့ခဲ့လဲ ဆိုတာကိုတော့ စစ်ကောင်စီဘက်ကရော ထိုင်းဘက်ကပါ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့လည်း ဝန်ကြီး Pramudwinai က ပြောပါတယ်။ ဒီတွေ့ဆုံမှုဟာဖြင့် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံခြား သံတမန်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG