သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အမျိုးသမီးပွဲမှာ ဂျပန်အသင်း စပိန်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ


FIFA Women’s World Cup Australia and New Zealand 2023 - Group C - Japan v Spain
FIFA Women’s World Cup Australia and New Zealand 2023 - Group C - Japan v Spain

ကမ္ဘာ့ဖလား အမျိုးသမီးပွဲစဉ်တွေ တနင်္လာနေ့က ကစားရာမှာ ဂျပန်အသင်းက စပိန်အသင်းကို ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်နေရာ ရသွားပါတယ်။ ဂျပန်အသင်းက ပထမပိုင်းမှာတင် ၃ ဂိုး ဆက်တိုက် ရခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၁ ဂိုး ထပ်သွင်းခဲ့ပြီး ၄ ဂိုးပြတ်နဲ့ စပိန်အသင်းကို အနိုင်ရခဲ့တာပါ။

ပထမပိုင်း ၂၅ မိနစ်အထိ ဘောလုံးရရှိမှု ၆၈ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့ စပိန်အသင်းက ဘောလုံးကို အများစု ထိန်းထားနိုင်ပေမဲ့ တိုက်စစ်ဆင် ကစားတာတော့ မရှိခဲ့ပါဘူး။ ဂျပန်အသင်းကတော့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင် ကစားသွားခဲ့တာပါ။ ကမ္ဘာ့ဖလားပွဲတွေမှာ စပိန်အသင်းဟာ အာရှအသင်းတွေနဲ့ ကစားရာမှာ အရင်ကလည်း အခက်အခဲတွေနဲ့ ကြုံခဲ့ရဘူးပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက တောင်ကိုရီးယားအသင်းကို ရှုံးခဲ့ဖူးသလို၊ ၂၀၁၉ ခုနှစ်ကလည်း တရုတ်အသင်းနဲ့ သရေဖြစ်ခဲ့ဖူးပါတယ်။

အုပ်စု C မှာ ထိပ်ဆုံးနေရာရသွားတဲ့ ဂျပန်အသင်းဟာ အုပ်စု A မှာ ဒုတိယနေရာ ရထားတဲ့ နော်ဝေအသင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စပိန်အသင်းကတော့ အုပ်စု A မှာ ထိပ်ဆုံးနေရာရထားတဲ့ ဆွစ်ဇာလန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG