သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်သူတွေ အရေးယူဖို့ စစ်ကောင်စီသတိပေး


စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ၂ ဒေါက်တာလင်းအောင် (သြဂုတ် ၂၂၊ ၂၀၂၃)
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ၂ ဒေါက်တာလင်းအောင် (သြဂုတ် ၂၂၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေးကွက်မှာ မတည်မငြိမ်ဖြစ်နေတာကို စစ်ကောင်စီ ဗဟိုဘဏ်က ဝန်ခံပြောဆိုပြီး ငွေကြေးဖေါင်းပွမှု ထိန်းချုပ်ရေးနဲ့ ငွေလဲနှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံခြားငွေပိုင်ဆိုင်မှုနဲ့ လက်ဝယ်ကိုင်ဆောင်မှုတွေ ဆက်လက်တင်းကြပ်သွားမယ့်အကြောင်း ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့တိုင်အောင် ပြင်ပမှာဈေးနှုန်းတွေမြင့်တက်လျက်ရှိတာကို တွေ့ရပါတယ်။ ဒီလိုမြင့်မားနေရတဲ့အကြောင်းအရင်းတွေကတော့ ကုန်သွယ်မှုနဲ့ပတ်သတ်တဲ့ မှောင်ခိုရောင်းဝယ်မှုတွေနဲ့ တရားမဝင်တင်ပို့မှုတွေကြောင့်ဖြစ်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမဟုတ်ဘဲနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်စေရန် ရည်ရွယ်ပြီးတော့ စျေးကစားနေခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။" - မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ၂ ဒေါက်တာလင်းအောင် ပြောကြားသွားတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး ငွေကြေးဖေါင်းပွမှု အကျပ်အတည်းကို မြန်မာနိုင်ငံ ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်းတွေလည်း စံချိန်တင်မြင့်တက်နေတာပါ။ ဒါဟာ ကမ္ဘာ့စီးပွားရေးရဲ့ ရိုက်ခတ်မှု တစိတ်တပိုင်း ဖြစ်သလို ဝိသမစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အမြတ်အစွန်းရလိုမှုကို ဦးစားပေးမှုတွေကြောင့် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီဘက်က ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အပြစ်တင်ပြောဆိုသွားပါတယ်။

နိုင်ငံခြားငွေ ရောင်းဝယ်ဖေါက်ကားခွင့် လိုင်စင်မရှိဘဲ လက်ဝယ်ကိုင်ဆောင်သူတွေကို အရေးယူမယ့်အကြောင်းနဲ့ ၆ လအတွင်း အသုံးမပြုတဲ့ နိုင်ငံခြားငွေတွေကို လုပ်ငန်းလိုင်စင်ရှိတဲ့ သူတွေဆီ ဈေးကွက်ပေါက်ဈေးနဲ့ရောင်းချကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်ထုတ်ထားပါတယ်။ ဒါပေမဲ့ ငွေကြေးစျေးကွက် တခုလုံးကို ဖိအားပေး အရေးယူတဲ့နည်းနဲ့ ထိန်းကြောင်းဖို့ ကြိုးစားတာဟာ အောင်မြင်မှု ရှိပါ့မလားဆိုတာကို စီးပွားရေလုပ်ငန်းရှင်တွေနဲ့ အကဲခတ်တွေ သံသယနဲ့ စောင့်ကြည့်နေကြတာပါ။ ဈေးကွက်ထဲမှာ ဒေါ်လာငွေနဲ့ လည်ပတ်မှု မရှိတော့သလောက် ဖြစ်လာပြီး ကျပ်ငွေဈေး ဆက်လက် ကျနေတဲ့အကြောင်းနဲ့ ငွေကြေးစျေးကွက်တခုလုံး အတက်အကျ ခန့်မှန်းရခက်တဲ့ အခြေအနေ ရောက်နေတဲ့အကြောင်း ပို့ကုန် လုပ်ငန်းရှင်တဦးက ဗွီအိုအေ ကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG