သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး စိုးရိမ်မှု ကုလအတွင်းရေးမှူးချုပ် အထွေထွေညီလာခံမှာပြောကြား


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ် Antonio Guterres

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ် Antonio Guterres မနေ့ စက်တင်ဘာ ၁၉ ရက်နေ့က အဖွင့်မိန့်ခွန်း ပြောကြားတာမှာ ကမ္ဘာ့တဝန်း လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ပြောကြားတာမှာ မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုး ဆိုးရွားလာနေတဲ့ ငတ်မွတ် ခေါင်းပါးမှုတွေအပြင် ဒီမိုကရေလမ်းကြောင်းပေါ် ပြန်ရောက်လာရေးအတွက် မျှော်လင့်ချက်တွေဟာလည်း ရိုက်ချိုး ဖျက်ဆီးခံနေရပါတယ်” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသွားခဲ့တာပါ။

ဒါ့အပြင် ကမ္ဘာတဝန်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အလယ်ပိုင်းက ပါလက်စတိုင်းဒေသအရေး၊ ဆီးရီးယား ပဋိပက္ခနဲ့ ဆိုးရွားတဲ့ ဥတုရာသီဒဏ်ခံနေရတဲ့ ဒေသတွေအကြောင်းတို့ကိုလည်း အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါကြောင်း၊ ကမ္ဘာကြီးဟာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေအပါအဝင် စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Joe Biden ၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့လည်း မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ တောင်ကိုရီးယားနဲ့ အီတလီခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားဖို့ရှိသလို ယူကရိန်းအရေးနဲ့ဆိုင်တဲ့ လုံခြုံရေးကောင်စီ စည်းဝေးပွဲလည်း ကျင်းပဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG