သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံမှာ သမ္မတဘိုင်ဒန် ဒီကနေ့ မိန့်ခွန်းပြောမည် 


ယခင်မှတ်တမ်းရုပ်ပုံ | နယူးယောက်မြို့မှာကျင်းပတဲ့ ၇၆ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားအပြီးတွေ့ရတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (စက်တင်ဘာ ၂၁၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | နယူးယောက်မြို့မှာကျင်းပတဲ့ ၇၆ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားအပြီးတွေ့ရတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (စက်တင်ဘာ ၂၁၊ ၂၀၂၁)

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီနေ့ ကမ္ဘာ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောရာမှာာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုဟာ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ထပ်မံရှုတ်ချဖို့ ရှိပါတယ်။

ကုလသမဂ္ဂ ပဋိဉာဉ်ရဲ့ တန်ဖိုးတွေအပေါ် သမ္မတဘိုင်ဒန် ထပ်လောင်း အတည်ပြုပြောကြားမှာ ဖြစ်သလို၊ ယူကရိန်း အပါအဝင် နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ခိုင်မာမှုကိုလည်း ထည့်သွင်းပြောကြားမှာဖြစ်ကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

အထွေထွေညီလာခံကို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၁၄၅နိုင်ငံက ခေါင်းဆောင်တွေ ညီလာခံကို တက်ရောက်ကြမှာဖြစ်ပြီး ဒီကနေ့ မိန့်ခွန်းပြောမယ့် အထဲမှာတော့ သမ္မဘိုင်ဒင်အပြင် ယူကရိန်း သမ္မတဗလော်ဒီမီယာ ဇလန်းစကီးလည်းပါဝင်ပါတယ်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတားရက်စ် အဖွင့်မိန့်ခွန်း ပြောကြားမှာဖြစ်ပြီး ဘရာဇီးနိုင်ငံ သမ္မတ အပြီးမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ဒုတိယမြောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကချမှတ်ထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဖို့အပြင် သန့်ရှင်းတဲ့ စွမ်းအင်ရရှိရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ကိစ္စတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ အဓိက အလေးပေးဆွေးနွေးမယ်လို့‌ မျှော်လင့်ရပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ ယူကရိန်းကို ရုရှားကျုးကျော်ခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းနောက်ပိုင်း အထွေထွေညီလာခံကို ပထမဆုံး အကြိမ် တက်ရောက်တာပါ။

ကျနော်တို့ ပြောချင်တဲ့အကြောင်းအရာ၊ သတင်းစကားတွေကို မိတ်ဖက် နိုင်ငံတွေ ကြားဖို့ သိပ်ကို အရေးကြီးပါတယ်ဆိုပြီး ဒီနေ့ နယူးယောက်မြို့မှာ သတင်းထောက်တွေကို သမ္မတဇလန်းစကီး ပြောဆိုသွားပါတယ်။ နယူးယောက်မြို့ကို ရောက်တယ်ဆိုရင်ပဲ ထိခိုက်ဒဏ်ရာရတဲ့ ယူကရိန်းစစ်သားတွေအတွက် ခြေတုလက်တု လုပ်ပေးပြီး ကုသပေးနေတဲ့ နယူးယောက်မြို့ကဆေးရုံကို ဇလန်းစကီးသွားရောက်ပါတယ်။ မနက်ဖြန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးကျင်းပဖို့ရှိပြီး သမ္မတဇလန်းစကီး တက်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

အမေရိကန် သမ္မတဘိုင်ဒင် ကုလအထွေထွေညီလာခံ မိန့်ခွန်းကောက်နုတ်ချက်
please wait

No media source currently available

0:00 0:02:13 0:00
ကုလအထွေထွေညီလာခံမှာ သမ္မတဘိုင်ဒန် ဒီကနေ့ မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG