သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငတ်မွတ်နေသူ ကမ္ဘာမှာ ပိုများလာ 


(ယခင်မှတ်တမ်းရုပ်ပုံ) ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ အစားအသောက်ဝေငှမှာကိုစောင့်နေကြတဲ့ ကလေးငယ်တွေ
(ယခင်မှတ်တမ်းရုပ်ပုံ) ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ အစားအသောက်ဝေငှမှာကိုစောင့်နေကြတဲ့ ကလေးငယ်တွေ

ကမ္ဘာပေါ်က လူသန်းပေါင်း ၇၀၀ ကျော် ဘယ်တော့ထပ်ပြီးအစားအစားရမယ်ဆိုတာ မသိနိုင်တဲ့ အခြေအနေဖြစ်နေကြတယ်လို့ ကုလစားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP က ပြောလိုက်ပါတယ်။ အစားအသောက်လိုအပ်ချက် တောက်လျှောက်မြင့်တက်လာနေချိန်မှာ လူသားချင်းစာနာတဲ့ ထောက်ပံ့ငွေတွေလည်း နည်းပါးလာနေတယ်လို့ WFP ခေါ် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ရန်ပုံငွေ မလုံလောက်တော့တဲ့အတွက် အစားအသောက်ထောက်ပံ့မှုတွေကို လျှော့ချ ဖြတ်တောက်ခဲ့ရသလို နောက်ထပ်လည်း ဖြတ်ရမယ့်အခြေအနေဖြစ်နေတယ်လို့ WFP အမှုဆောင်ဒါရိုက်တာ Cindy McCain က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အထင်ကရ အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း John McCain ရဲ့ ဇနီးဖြစ်သူ Cindy McCain က၊ လက်ရှိဖြစ်ဆဲနဲ့ ရေရှည်ဖြစ်လာမဲ့ အကျပ်အတည်းတွေကြောင့် အစာရေစာ လိုအပ်မှု ပိုကြီးမားလာမယ်လို့ သတိပေးခဲ့ပါတယ်။

နိုင်ငံပေါင်း ၅၀ ကျော်က လူပေါင်း ၄၇ သန်းဟာ ငတ်မွတ်ခေါင်းပါးမှု အခြေအနေရောက်ဖို့ ခြေတလှမ်းလောက်သာလိုတော့တယ်လို့ ထောက်ပြခဲ့ပါတယ်။ အာဟာရချို့တဲ့မှုဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေကလည်း ၄၅ သန်းလောက်ရှိနေတယ်လို့ WFP အကြီးအကဲက ပြောကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားမှုရဲ့ နောက်ဆက်တွဲသက်ရောက်မှုနဲ့ မိုခါမုန်တိုင်းဒဏ်တွေကြောင့် အကူအညီလိုအပ်မှု ပိုများလာတာကြောင့် ဒီနှစ်ကုန်အထိကူညီနိုင်ဖို့ ဒေါ်လာသန်း ၆၀ လိုအပ်နေသေးတယ်လို့ WFP က မကြာခင်လပိုင်းကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ငတ်မွတ်နေသူ ကမ္ဘာမှာ ပိုများလာ 
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG