{Zawgyi/Unicode}
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏိုင္ငံကို ကိုယ့္ဘာသာ ပိတ္ဆို႔ထားလိုက္တဲ့အတြက္ ေျမာက္ကိုရီးယားႏိုင္ငံဟာ ငတ္မြတ္ေခါင္းပါးမယ့္အႏၲရာယ္ အလားအလာအရွိဆုံးျဖစ္ေနတယ္လို႔ ကုလသမဂၢရဲ႕ေျမာက္ကိုရီးယားဆိုင္ရာ လူ႔အခြင့္အေရးကိုယ္စားလွယ္က ေျပာပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယားအစီအစဥ္ေၾကာင့္ ကုလသမဂၢက ခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြကိုလည္း ေလွ်ာ့ေပးသင့္ပါတယ္လို႔ ဗုဒၶဟူးေန႔မွာ သူက ဆိုပါတယ္။
မႏွစ္အေစာပိုင္းကစၿပီး ေျမာက္ကိုရီးယားဟာ ႏိုင္ငံတြင္း အဝင္အထြက္ကိုပိတ္ခဲ့တာေၾကာင့္ စီးပြါးေရးထိခိုက္ခဲ့ၿပီး အဓိကကုန္သြယ္ဘက္ တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးကလည္း ၿဖိဳးၿဖိဳးေျဖာက္ေျဖာက္ပဲ ရွိခဲ့ပါတယ္။ ေျမာက္ကိုရီးယားမွာ စားနပ္ရိကၡာ အက်ပ္အတည္းရွိေနၿပီလို႔ ႏိုင္ငံေတာ္ပိုင္ KCTV က ဇြန္လတုန္းကဝန္ခံခဲ့ၿပီး လယ္ယာစိုက္ပ်ိဳးေရးက႑ ဖုတ္လႈိက္ဖုတ္လႈိက္ ျဖစ္ေနတာကို သတိေပးခဲ့ပါတယ္။ အဲဒီလမွာပဲ ေခါင္းေဆာင္ကင္ဂ်ဳံအန္းက စားနပ္ရိကၡာ အေျခအေနက က်ပ္သထက္က်ပ္လာေနတယ္လို႔ ေျပာခဲ့ပါတယ္။
သူ႔ရဲ႕ႏ်ဴကလီယာနဲ႔ တိုက္ခ်င္းပစ္ဒုံးက်ည္အစီအစဥ္ေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ႏိုင္ ငံတကာက အမ်ိဳးမ်ိဳး ပိတ္ဆို႔အေရးယူထားတာပါ။ငတ္မြတ္ေခါင္းပါးမႈဒဏ္ အခံရႏိုင္ဆုံးက ကေလးနဲ႔ သက္ႀကီး႐ြယ္အိုေတြျဖစ္ၿပီး လူသားခ်င္း စာနာေထာက္ထားမႈနဲ႔ အသက္ကယ္တင္ေရး အေထာက္အကူ လိုေနတဲ့အခ်ိန္မွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနနဲ႔ အဲဒီလို ပိတ္ဆို႔ အေရးယူထားတာေတြကို ျပန္လည္ သုံးသပ္ၿပီး ေလွ်ာ့ေပးသင့္ပါတယ္လို႔ ေျမာက္ကိုရီးယား ဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး ကိုယ္စားလွယ္ Tomas Ojea Quintana က တိုက္တြန္းပါတယ္။
ေျမာက္ကိုရီးယားရဲ႕ႏ်ဴကလီယား လက္နက္ ေလွ်ာ့ခ်ဖ်က္သိမ္းေရးကို အေမရိကန္က လိုလားသလို ေျမာက္ကိုရီးယား ကိုယ္စားလွယ္ေတြနဲ႔ေတြ႔ဆုံဖို႔လည္း ဆႏၵရွိေၾကာင္း သမၼတဘိုင္ဒင္ က ေၾကညာထားပါတယ္။ဒါေပမဲ့ ေဒသတြင္းတင္းမာမႈဟာ အေမရိကန္ရဲ႕ ရန္လိုမႈေၾကာင့္ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားက စြပ္စြဲၿပီး လက္နက္ေတြဟာ ခုခံကာကြယ္ေရးအတြက္ ျဖစ္တယ္လို႔ ေျပာပါတယ္။
----------------
{Unicode}
မြောက်ကိုရီးယားမှာငတ်မွတ်ဘေးရင်ဆိုင်ရနိုင်ဟု ကုလသတိပေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံကို ကိုယ့်ဘာသာ ပိတ်ဆို့ထားလိုက်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံဟာ ငတ်မွတ်ခေါင်းပါးမယ့်အန္တရာယ် အလားအလာအရှိဆုံးဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီယားအစီအစဉ်ကြောင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကိုလည်း လျှော့ပေးသင့်ပါတယ်လို့ ဗုဒ္ဓဟူးနေ့မှာ သူက ဆိုပါတယ်။
မနှစ်အစောပိုင်းကစပြီး မြောက်ကိုရီးယားဟာ နိုင်ငံတွင်း အဝင်အထွက်ကိုပိတ်ခဲ့တာကြောင့် စီးပွါးရေးထိခိုက်ခဲ့ပြီး အဓိကကုန်သွယ်ဘက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကလည်း ဖြိုးဖြိုးဖြောက်ဖြောက်ပဲ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ အကျပ်အတည်းရှိနေပြီလို့ နိုင်ငံတော်ပိုင် KCTV က ဇွန်လတုန်းကဝန်ခံခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတာကို သတိပေးခဲ့ပါတယ်။ အဲဒီလမှာပဲ ခေါင်းဆောင်ကင်ဂျုံအန်းက စားနပ်ရိက္ခာ အခြေအနေက ကျပ်သထက်ကျပ်လာနေတယ်လို့ ပြောခဲ့ပါတယ်။
သူ့ရဲ့နျူကလီယာနဲ့ တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်ကြောင့် မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင် ငံတကာက အမျိုးမျိုး ပိတ်ဆို့အရေးယူထားတာပါ။ငတ်မွတ်ခေါင်းပါးမှုဒဏ် အခံရနိုင်ဆုံးက ကလေးနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုနဲ့ အသက်ကယ်တင်ရေး အထောက်အကူ လိုနေတဲ့အချိန်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အဲဒီလို ပိတ်ဆို့ အရေးယူထားတာတွေကို ပြန်လည် သုံးသပ်ပြီး လျှော့ပေးသင့်ပါတယ်လို့ မြောက်ကိုရီးယား ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana က တိုက်တွန်းပါတယ်။
မြောက်ကိုရီးယားရဲ့နျူကလီယား လက်နက် လျှော့ချဖျက်သိမ်းရေးကို အမေရိကန်က လိုလားသလို မြောက်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့လည်း ဆန္ဒရှိကြောင်း သမ္မတဘိုင်ဒင် က ကြေညာထားပါတယ်။ဒါပေမဲ့ ဒေသတွင်းတင်းမာမှုဟာ အမေရိကန်ရဲ့ ရန်လိုမှုကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြီး လက်နက်တွေဟာ ခုခံကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ပြောပါတယ်။
#NorthKorea #NorthKoreaUN #VOABurmese