သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အန္တရာယ် ကုလသတိပေး


ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) (မေ ၁၈၊ ၂၀၂၃)
ရခိုင်ပြည်နယ်စစ်တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) (မေ ၁၈၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က သတိပေးထားပါတယ်။
အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး နိုင်ငံတွေနဲ့ ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေရဲ့ အခြေအနေ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ် သတိပေးချက် အစီရင်ခံစာ FAO က ဒီနေ့ ထုတ်ပြန်တာပါ။

ဆူဒန်၊ ဟေတီ၊ Burkina Faso နဲ့ မာလီ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား စတဲ့ အရေးပေါ်အကူအညီလိုအပ်တဲ့ အဆိုးရွားဆုံး နိုင်ငံ ၉ နိုင်ငံနဲ့အတူ စားနပ်ရိက္ခာ မလုံလောက်မှု အတွက် အထူး စိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နှစ်နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားတာပါ။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးမဲ့ အိမ်မဲ့ အတိဒုက္ခရောက်နေတဲ့သူတွေအပါအဝင် လူ ၁၅ သန်း ၂ သိန်း စားနပ်ရိက္ခာနဲ့ အသက်ရှင်နေထိုင်ရေးအတွက် အထောက်အပံ့တွေ လိုအပ်မယ့်အကြောင်း FAO အရာရှိတွေက ပြောဆိုထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ် နဲ့ အမျိုးသမီး ၂ သန်း ၂ သိန်းအတွက် အဟာရ ဖြည့်ဆည်းပေးနိုင်ရေး စားနပ်ရိက္ခာ အကူအညီ လိုအပ်မယ်လို့လည်း FOA ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၂၅၀ ကျော် စားနပ်ရိက္ခာ မလုံလောက်တဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံပေါင်း ၅၈ နိုင်ငံနဲ့ ကိုယ်ပိုင်နယ်မြေတွေမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အကူအညီလိုအပ်ခဲ့တဲ့အကြောင်း မကြာသေးခင်က ထုတ်တဲ့ FAO ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘပေါ်က အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဆယ်နိုင်ငံထဲမှာ ပါဝင်နေတယ်ဆိုပြီးတော့လည်း FAO အကြီးတန်းအရာရှိတဉီးက မေလ ပထမပတ်အတွင်းက သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG