သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘာ့ (၁၀) နိုင်ငံမှာ မြန်မာပါဝင်


(ယခင်ပုံဟောင်း) WFP အစီအစဉ်နဲ့ အစားအသောက်ပေးဝေနေစဉ် (မေလ၊ ၂၀၂၁ ခုနှစ်)
(ယခင်ပုံဟောင်း) WFP အစီအစဉ်နဲ့ အစားအသောက်ပေးဝေနေစဉ် (မေလ၊ ၂၀၂၁ ခုနှစ်)

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အဆိုးဝါးဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဆယ်နိုင်ငံထဲမှာ ပါဝင်နေတဲ့အကြောင်း ကုသလမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO က သတိပေးပြောဆိုပါတယ်။

ကမ္ဘာ့ လူဦးရေတော်တော်များများ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေ အပြင်းအထန် ရင်ဆိုင်နေရတဲ့ အနေအထား သိပ်ကို တိုးလာပါတယ်။ ပမာဏအတိုင်းအတာ များလာတာတင် မဟုတ်ဘဲ နေရာတော်တော်များများမှာ ပျံနှံ့နေတာပါ။

စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြသနာကို ရင်ဆိုင်နေရတဲ့ အဆိုးဆုံး နိုင်ငံတွေကို ကြည့်ရင် ပမာဏ အတိုင်းအတာအနေနဲ့ ကွန်ဂို နိုင်ငံပါ။ ဒုတိယ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေက အီသီယိုးပီးယား၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ယီမင်၊ မြန်မာ၊ ဆီးရီးယား၊ အီရတ်၊ ဆူဒန်၊ ယူကရိန်းနဲ့ ပါကစ္စတန်နိုင်ငံတွေ ဖြစ်ကြောင်း ကုသလမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO ရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲ Máximo Torero က မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အွန်လိုင်းကတဆင့် ပါဝင်ပြောဆိုသွားပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၂၅၀ ကျော် စားနပ်ရိက္ခာ မလုံလောက်တဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံပေါင်း ၅၈ နိုင်ငံနဲ့ ကိုယ်ပိုင်နယ်မြေတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း အကူအညီလိုအပ်ခဲ့တဲ့အကြောင်း FAO ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ပဋိပက္ခတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်ရတဲ့ အဓိကအကြောင်းအရင်းတွေလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် နိုင်ငံ ၂၅ နိုင်ငံမှာ ပြည်တွင်း အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေတဲ့သူ ၅၃ သန်း ၂ သိန်းလောက်အထိ တိုးလာတဲ့အကြောင်းလည်း FAO ရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲ Máximo Torero က ပြောဆိုသွားပါသေးတယ်။

စားနပ်ရိက္ခာ မလုံလောက်တဲ့ ကမ္ဘာ့ (၁၀) နိုင်ငံမှာ မြန်မာပါဝင်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG