သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် ကုန်တိုက်ပစ်ခတ်မှု သေဆုံး ခဲ့သူတွေအတွက် တဦးကို ဘတ်ငွေ ၆.၂ သန်း လျော်ကြေးပေး


မမိုးမြင့် စျာပန အခမ်းအနား (အောက်တိုဘာ ၈၊ ၂၀၂၃)
မမိုးမြင့် စျာပန အခမ်းအနား (အောက်တိုဘာ ၈၊ ၂၀၂၃)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ကုန်တိုက်တခုမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးအဖြစ် တဦးကို ဘတ်ငွေ ၆.၂ သန်းပေးသွားမယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။ Siam Paragon ကုန်တိုက်မှာ အောက်တိုဘာလ (၃)ရက်နေ့က စိတ်ဝေဒနာခံစားနေတဲ့ လူငယ်တဦး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မြန်မာအမျိုးသမီးတဦးနဲ့ တရုတ်ခရီးသွား အမျိုးသမီး သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ မိသားစုတွေကို ထိုင်းအစိုးရနဲ့ ကုန်တိုက်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး လျော်ကြေးပေးသွားမယ့် ပမာဏကို ခရီးသွားနဲ့အားကစားဝန်ကြီး Sudawan Wangsuphakitkoson (ဆူဒါဝမ် ဝမ်ဆိုပကစ် ကို စွန်) ကအခုလို ထိုင်းဘာသာနဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"အခုပေးမယ့် နစ်နာကြေးကတော့ သေဆုံးသူအတွက် အစိုးရထံက ဘတ်ငွေ တသန်း နှစ်သိန်းနဲ့ Paragon ကုန်တိုက် ကနစ်နာကြေး ဘတ် ၅သန်း စုစုပေါင်း တဦးကို ခြောက်သန်းနှစ်သိန်းဖြစ်ပါတယ်။" လို့ပြောသွားတာပါ။

ဒါ့အပြင် ဒဏ်ရာရသူတဦးခြင်းကိုလည်း Paragon ကုန်တိုက်က ထိုင်းဘတ်ငွေ သုံးသိန်းပေးမှာဖြစ်ပြီး အစိုးရဘက်က ၅ သောင်း စုစုပေါင်း ၃ သိန်းခွဲ စီပေးသွားမယ်လို့လည်း ထိုင်းခရီးသွားဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခုလို Siam Paragon ကုန်တိုက်မှာ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံကို လာရောက်မယ့် ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်လာနိုင်ပေမဲ့ ထိုင်းခရီးသွားလုပ်ငန်းကို ထိခိုက်မှာမဟုတ်ကြောင်းနဲ့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာခရီးသွား ၂၅သန်းကျော် လာရောက်မယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားတာပါ။ အခု အောက်တိုဘာလအထိ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်ပေါင်း သန်း၂၀ကျော်ရှိပါတယ်။

တရုတ်ခရီးသွားတွေလျော့နည်းသွားနိုင်မလားလို့စိုရိမ်မူတွေရှိပေမဲ့ ဘေးကင်းစွာလာရောက်လည်ပတ်နိုင်ကြောင်း၊ ဒီလိုဖြစ်ရပ်မျိုးမဖြစ်အောင်လုံခြုံရေးကို လုပ်ဆောင်သွားမယ်လို့ ဝန်ကြီး Sudawan Wangsuphakitkoson (ဆူဒါဝမ် ဝမ်ဆိုပကစ်ကိုစွန်) ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG