သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးမြို့နဲ့ အနီးတဝိုက်မှာ စံချိန်တင်မိုးရွာ ရေကြီး 


ပဲခူးမှာမိုးများပြီးရေကြီး (အောက်တိုဘာ ၈၊ ၂၀၂၃)
ပဲခူးမှာမိုးများပြီးရေကြီး (အောက်တိုဘာ ၈၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ မကြာသေးခင်ရက်တွေက စံချိန်တင်မိုးရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေနဲ့ ကြုံနေရပါတယ်။ ဒီလထဲ စံချိန်တင်မိုးများခဲ့တဲ့ ပဲခူးတိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈ လက်မလောက်အထိ ရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့တာပါ။

ပဲခူးမြို့နဲ့ အနီးတဝိုက်နေရာတွေမှာ မိုးများရေကြီးနေပြီး ရေလျှံနေတဲ့ လမ်းတွေပေါ်မှာ ကားတွေ ခက်ခက်ခဲခဲ သွားလာနေရတာတွေ၊ ယာယီဆောက်လုပ်ထားတဲ့ ဖောင်တွေနဲ့ ဒေသခံတွေ သွားလာနေရတာတွေရှိတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ရေကြီးမှုတွေကြောင့် မကြာခင်ရက်တွေမှာ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်နိုင်ပြီး သတိထားကြဖို့လည်း အာဏာပိုင်တွေက ဒေသခံတွေကို နှိုးဆော်ထားပါတယ်။ ဇူလိုင်လနှောင်းပိုင်းကစ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရခိုင်၊ ကချင်၊ ကရင်၊ မွန်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီးမှုတွေ ကြုံခဲ့ရတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) ရဲ့ ဒီလဆန်း သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ မုတ်သုန်ရာသီမိုးကြောင့် နေရပ်စွန့်ခွာရသူတွေ တိုးလာနေကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လူ ၂ သန်းနီးပါး အိုးအိမ်စွန့်ခွာနေထိုင်နေကြရပြီး၊ အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG