သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအရှေ့မြောက် ရေကြီးမှု လူပေါင်း ၈၀ နီးပါး သေဆုံး 


ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးသွားတဲ့ အိန္ဒိယနိုင်ငံ ဆစ်ကင်းပြည်နယ်တွင်းက အခြေအနေ။ (အောက်တိုဘာ ၆၊ ၂၀၂၃)
ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးသွားတဲ့ အိန္ဒိယနိုင်ငံ ဆစ်ကင်းပြည်နယ်တွင်းက အခြေအနေ။ (အောက်တိုဘာ ၆၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် အနည်းဆုံး လူ ၇၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ လမ်းတွေ၊ တံတားတွေ အတော်များများ ပျက်စီးသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ကုန်ပါတယ်။

မြင့်မားတဲ့ တောင်တန်းပေါ်မှာ အေးခဲနေတဲ့ ရေကန်တခုကနေ ဗုဒ္ဓဟူးနေ့က ရုတ်တရက်ပေါက်ကွဲခဲ့ပြီးနောက် ဆစ်ကင်းပြည်နယ်ထဲ ရေစီးကြောင်းတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အပူချိန် မြင့်တက်လာနေတဲ့အတွက် ရေခဲတွေအရည်ပျော်ကာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဟိမဝန္တာတောင်တန်းတွေတလျှောက် အလားတူ ဘေးအန္တရာယ်တွေတိုးလာမယ့် အခြေအနေတွေကို သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

“စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းကို Sikkim ပြည်နယ်နေရာအနှံ့မှာ ကောက်ယူရရှိခဲ့တယ်” လို့ ပြည်နယ်ကယ်ဆယ်ရေးကော်မရှင်နာ Anilraj Rai က AFP ကို ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်း အနောက်ဘန်ဂေါပြည်နယ်မှာလည်း နောက်ထပ် ရုပ်အလောင်း ၄၈ လောင်းကို ဆယ်ယူရရှိထားကြောင်း Jalpaiguri ခရိုင်ရဲတပ်ဖွဲ့က ဆိုပါတယ်။ လက်ရှိမှာ လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ထားပါတယ်။

XS
SM
MD
LG