သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်နဲ့ ယူကရိန်းအရေး သမ္မတဘိုင်ဒင် မိန့်ခွန်းပြောမည်


သမ္မတ Joe Biden
သမ္မတ Joe Biden

ဂါဇာကမ်းမြောင်ဒေသက အစ္စရေးတို့အပေါ် Hamas စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စ၊ ယူကရိန်းစစ်ပွဲအရေးကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တုံ့ပြန်ပုံနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Joe Biden ဒီနေ့ ကြာသပတေးနေ့ ညကျရင် နိုင်ငံကို မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ Hamas စစ်သွေးကြွတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်နေတဲ့ အစ္စရေးတို့ဘက်က ထောက်ခံတယ်ဆိုတာ ပြသတဲ့အနေနဲ့ရော ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေရှိရာ လူသားချင်းစာနာတဲ့ အကူအညီတွေ ရောက်ရှိနိုင်ရေးအတွက် သမ္မတ Biden အစ္စရေးကို ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့ပါတယ်။

အစ္စရေးနဲ့ အစ္စရေးပြည်သူတွေကို ကာကွယ်ရေးအတွက် အမေရိကန်က အကူအညီပေးမယ်လို့ သမ္မတ Biden က Tel Aviv မြို့တော်မှာ ကတိပြုခဲ့ပါတယ်။ အစ္စရေးကာကွယ်ရေးအတွက် ဘယ်တုန်းကမှနဲ့ မတူတဲ့ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ရေး လွှတ်တော်က အတည်ပြုပေးဖို့ ဒီသီတင်းပတ်နှောင်းပိုင်းကျရင် အမေရိကန်လွှတ်တော်ကို သူတောင်းဆိုမယ်လို့လည်း သမ္မတ Biden ကပြောကြားခဲ့ပါတယ်။ ဂါဇာဒသနဲ့ ‌ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း‌ဒေသအတွက် အမေရိကန်က ဒေါ်လာသန်း ၁၀၀ အကူအညီပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။ အစ္စရေး၊ ယူကရိန်း၊ ထိုင်ဝမ်နဲ့ အမေရိကန် မက်ဆီကိုနယ်စပ်အတွက် Biden အစိုးရက နောက်ထပ် ဒေါ်လာ ဘီလျံ ၁၀၀ ဖိုး သုံးစွဲထောက်ပံ့သွားဖို့ အဆိုပြုမယ်လို့ မျှော်လင့်ရပါတယ်။

အစ္စရေးလ်နဲ့ ယူကရိန်းအရေး သမ္မတဘိုင်ဒင် မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG