သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ (Dementia)
အခုခေတ်မှာ အသက်ရှည်သူ ပိုများလာပြီး ဒီသက်ကြီးရောဂါခံစားရသူ ပိုများလာပေမဲ့၊ ထိရောက်တဲ့ဆေးမရှိသေးချိန်၊ ဖြစ်ဖို့အန္တရာယ်နည်းအောင်လုပ်ဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ သူငယ်ပြန်တာလို့ တချို့သိထားတဲ့၊ ဒီ သက်ကြီးမှတ်ဉာဏ်ကျရောဂါ ဘယ်လိုလူတွေ ပိုဖြစ်နိုင်ပါလဲ။ ဘာကြောင့်ပါလဲ။ ဒီအကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးမင်းအောင်ကို ကိုဝင်းမင်းက မေးထားပါတယ်။