သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်နဲ့မင်းပြားစစ်ကောင်စီတပ်စခန်းတချို့ AA သိမ်းပိုက်


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA (ယခင်ပုံဟောင်း)
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA (ယခင်ပုံဟောင်း)

ရခိုင်မြောက်ပိုင်းက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့မနက်ပိုင်းကစတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထားသလို အရာရှိတချို့ ဖမ်းဆီးရမိတာတွေရှိတယ်လို့လည်း ရက္ခိုင့်တပ်တော် AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“ ဒီမနက်မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေတာတော့ရှိပါတယ်၊ စခန်းတချို့ သိမ်းပိုက်ရရှိတာလည်းရှိပါတယ် တချို့နေရာတွေမှာ တို်က်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတုန်းဖြစ်တယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာရှိတယ်လို့ သိရတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကတော့ ကျနော့်ဆီကို ရောက်လာတာ မရှိသေးဘူးဗျာ။ အသေးစိတ်အချက်အလတ်တွေ ရောက်လာရင်တော့ ကျနော်တို့ ထုတ်ပြန်ပေးဖို့ ရှိပါတယ်။”

ဒီကနေ့ မနက်စတင်ခဲ့ပြီး အခုအချိန်ထိ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်က ဒေသခံတချို့ထွက်ပြေးနေရသလို လက်ကြီးကျည်ထိမှန်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ် ရာတာတွေလည်းရှိနေတာပါ။ ဒါ့အပြင် စစ်ကောင်စီက ရသေ့တောင်- အငူမော်ကားနဲ့ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတွေကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ရခိုင်တောင်ပိုင်းက မြို့နယ်တချို့မှာလည်း မြို့ဝင်မြို့ထွက်ခွင့်တွေကို စစ်ကောင်စီက ပိတ်ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာလည်း စစ်ဆေးရေး ဂိတ်တွေကို စစ်ကောင်စီက ပိတ်ထားတယ်လို့ အမ်းဒေသခံတချို့ကပြောပါတယ်။

XS
SM
MD
LG