သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မှာ စစ်ဆင်ရေးသည် နိုင်ငံအနှံ့ စစ်ဆင်ရေးရဲ့ ပထမဆုံးအဆင့် (ညီနောင် ၃ ဖွဲ့)


ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်က စပြီး မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကြေညာပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက် လုပ်နေ။
ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်က စပြီး မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကြေညာပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက် လုပ်နေ။

ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ (၂၂) ရက်မြောက် ဖြစ်လာနေပြီး ညီနောင် (၃) ဖွဲ့ရဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့၊ ညပိုင်း ထုတ်ပြန်ချက်ထဲမှာ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးတွေရဲ့ ပထမဆုံးအဆင့် အဖြစ် ကြေညာပါတယ်။ စစ်ရေးအရှိန် ကြီးမားကျယ်ပြန့်လာပြီး စစ်ကောင်စီဘက်က တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ကို မြေပြင်မှာ မတွန်းလှန်နိုင်ဘဲ အရပ်သားပြည်သူတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေပြီး နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုတွေကို နေ့စဥ်ရက်ဆက်ကျုးလွန်နေတယ်လို့ ကြေညာချက်ထဲမှာ စွပ်စွဲပါတယ်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ရဲ့ နိုဝင်ဘာ (၁၇) ရက်စွဲနဲ ထုတ်ပြန်တဲ့ ပြည်သူလူထုထံ ပန်ကြားချက်မှာတော့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်ဖို့၊ မလိုအပ်ဘဲ ခရီးမသွားဖို့၊ ဆေးဝါး စားနပ်ရိက္ခာ စုဆောင်းထားဖို့ အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း ထိခိုက်မှုနည်းအောင် လမ်းညွှန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ (၁၇) ရက်နေ့က တစုံတရာ ထုတ်ပြန်တာမရှိပါဘူး။ ဒါပေမယ့် ကယားပြည်နယ် (ဒေသအခေါ် ကရင်နီ) ထဲမှာ စစ်ကောင်စီ အခေါ် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ KNPP အဖွဲ့နဲ့ PDF အဖွဲ့တွေကို လက်နက်၊ ခဲယမ်းတွေပို့ဆောင်ပေးတဲ့ တရားခံတွေကို ဖမ်းဆီးရမိတယ်လို့ နိုဝင်ဘာ (၁၇) ရက်နေ့က ထုတ်ပြန်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တဦးကို ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့မြင်ရတဲ့ မြင်ကွင်း။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တဦးကို ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့မြင်ရတဲ့ မြင်ကွင်း။

နိုဝင်ဘာလ (၁၇) ရက်နေ့ တိုက်ပွဲတွေမှာတော့ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင့်ချိုမ့်ထန်ကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၂) တပ်စခန်းကို MNDAA ကိုးကန့်တပ်က သိမ်းပိုက်ခဲ့တယ်လို့ ညီနောင် (၃) ဖွဲ့ရဲ့ တရားဝင် အွန်လိုင်း စာမျက်နှာမှာ သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာလည်း ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီရဲ့ မောင်တောအခြေစိုက် “ဒုံးညိုနယ်ခြားစောင့်စခန်း” ကို နိုင်ဝင်ဘာ (၁၆) ရက် နံနက်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ (၁၇) ရက်နေ့ နေ့လယ် (၁:၀၀) မှာ သိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ (၁၇) ရက်မှာထဲမှာပဲ နောက်ထပ် ညီနောင်မဟာမိတ်အဖွဲ့ဝင် တခု ဖြစ်တဲ့ TNLA တအာင်းတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က စစ်ကောင်စီ စခန်းသစ်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၄) မန်တပ်စခန်းနဲ့ ကွတ်ခိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ နမ့်ဖတ်ကာစခန်းဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ် ဆိုပါတယ်။ ဒါ့အပြင် TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာလ (၁၇) ရက်နေ့မှာ နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီးတဝိုက်နဲ့ ကျောက်မဲမြို့နယ်၊ လုံကြိမ်ကျေးရွာအနီးတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ညီနောင် (၃) ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ပြည်နယ် ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်နီ (ကယားပြည်နယ်) တွေမှာလည်း တိုက်ပွဲတွေ ဆက် ပြင်းထန်နေကာ စစ်ကောင်စီရဲ့ စခန်းကြီး ငယ်နဲ့ဗျူဟာကုန်းတွေကို ဆက်လက် သိမ်းပိုက်နေပြီး ညီနောင်အဖွဲ့ အနေနဲ့ အနည်းဆုံး စစ်စခန်း ၁၅၂ ခုကို သိမ်းထားတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်တိုက်ပွဲတရုတ်အခန်းကဏ္ဍ Stimson Center ဆွေးနွေး
please wait

No media source currently available

0:00 0:06:15 0:00

မြန်မာနိုင်ငံမှာ အောက်တိုဘာ လကုန်ပိုင်းကစပြီး လက်နက်ကိုင် ပဋိပက္ခတွေ အခုလို အရှိန် မြင့်တက်လာနေချိန်မှာပဲ အရပ်သားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ စစ်ရေးစစ်ဆင်ရေးတွေမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲကလည်း သောကြာနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဂျီနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk ရဲ့ ရုံးက သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ “အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အသာစီးရလာတဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ စစ်ကောင်စီ တပ်ဘက်က စစ်သားရာနဲ့ချီ လက်နက်တွေချတာကို သိရှိထားကြောင်းနဲ့ ဖမ်းဆီးရမိသူအားလုံးကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ လက်တုံ့ပြန်တာမျိုးတွေ မကျူးလွန်ဖို့ အရေးကြီးကြောင်း” ဖော်ပြထားပါတယ်။

XS
SM
MD
LG