သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးလှုပ်ရှားသူ ၁ သောင်းနီးပါး ဖမ်းဆီးခံရ (HRW)


အမျိုးသားရေးပါတီ (BNP) ရုံးရှေ့မြင်ရတဲ့ ရဲတပ်ဖွဲ့တင်များ (နိုဝင်ဘာ ၁၉၊၂၀၂၃)
အမျိုးသားရေးပါတီ (BNP) ရုံးရှေ့မြင်ရတဲ့ ရဲတပ်ဖွဲ့တင်များ (နိုဝင်ဘာ ၁၉၊၂၀၂၃)

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ၂၀၂၄ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အတိုက်အခံ ပါတီတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့သလို တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကိုဖမ်းဆီးခဲ့တယ်လို HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က တနင်္လာနေ့မှာပြောပါတယ်။ ဒါ့အပြင် အမျိုးသားရေးပါတီ (BNP) အပါအဝင် ဖမ်းဆီးခံရသူ ထောင်နဲ့ချီပြီး စွဲချက်တင်ခံထားရတယ်လို့လည်း ပြောပါတယ်။ BNP အဆိုအရတော့ သူတို့ပါတီဝင် ၅ သန်းထဲက ထက်ဝက်လောက် နိုင်ငံရေးလှုံ့ဆော်မှုနဲ့ တရားစွဲဆိုခံထားရတယ်လို့ပြောတာပါ။

လူဦးရေ သန်း ၁၇၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့စီစဉ်ထားပြီး လက်ရှိ ၀န်ကြီးချုပ် Sheikh Hasina က ၄ ကြိမ်ဆက်တိုက် အာဏာကိုဆက်ကိုင်ထားဖို့ မျှော်လင့်နေတာပါ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အထွေထွေရွေးကောက်ပွဲတွေမတိုင်ခင် အတိုက်အခံကို နှိမ်နှင်းနေသလို၊ အကျဉ်းထောင်တွေမှာ ထိမ်းသိမ်းထားနိုင်တဲ့ အရေအတွက် ထက် ၂ ဆကျော်ကို ဖမ်းဆီးထားတယ်လို့ လည်း HRW ကထောက်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့ အချိန်ကစလို့ ရဲအရာရှိ နှစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၅၅၀၀ လောက်ဒဏ်ရာရခဲ့တယ်လို့လည်း HRW ကပြောပါတယ်။ HRW အစီရင်ခံစာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တစုံတရာတုံ့ပြန်တာမရှိပေမဲ့ ဖမ်းဆီးခံရသူတွေ သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ရင်ဆိုင်ရမယ်လို့ ပြောဆိုထားပါတယ်။

please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG