သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံခေါင်းဆောင်တွေ ဆက်လက် ဖမ်းဆီးခံရ


အဖမ်းဆီးခံရပြီးနောက် တရားရုံးတက်ဖို့ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် ယခင်စီးပွားကူးသန်းဝန်ကြီးဟောင်း Amir Khosru Mahmud Chowdhury (နိုဝင်ဘာ ၃၊ ၂၀၂၃)
အဖမ်းဆီးခံရပြီးနောက် တရားရုံးတက်ဖို့ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် ယခင်စီးပွားကူးသန်းဝန်ကြီးဟောင်း Amir Khosru Mahmud Chowdhury (နိုဝင်ဘာ ၃၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဓိက အတိုက်အခံ BNP အမျိုးသားရေးပါတီရဲ့ နောက်ထပ် ဝါရင့် ခေါင်းဆောင် ၃ ယောက်ကို အစိုးရက ဖမ်းဆီးလိုက်ပါတယ်။ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတယ်လို့ ဝေဘန်ခံနေရတဲ့ ဝန်ကြီးချုပ် Sheikh Hasina က သူ့ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုနေသူတွေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပယ်ချခဲ့ပြီးနောက် အရင်စီးပွားကူးသန်းဝန်ကြီးဟောင်း Amir Khosru Mahmud Chowdhury ကို နိုဝင်ဘာ ၂ ရက်နေ့ ညကဖမ်းဆီးခဲ့တာပါ။

BNP ပါတီပြောခွင့်ရ Zahir Uddin Swapan နဲ့ Dhaka မြို့တော်ဆိုင်ရာပါတီဥက္ကဋ္ဌ Aminul Huq တို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ပါတီက အတည်ပြုပါတယ်။ ပါတီရဲ့ ရာထူးအမြင့်ဆုံး ခေါင်းဆောင်တွေထဲကတယောက်ဖြစ်သူ Mirza Fakhrul Islam Alamgir ကိုဖမ်းဆီးပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလို ဖမ်းဆီးမှုတွေကို လုပ်နေတာပါ။ တခြား BNP ပါတီ အကြီးတန်းခေါင်းဆောင်တွေနဲ့ ပါတီကိုထောက်ခံသူ ရာနဲ့ချီကိုလည်း ဖမ်းဆီးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဆင်းပေးပြီး ဇန်နဝါရီကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ယာယီအစိုးရ အုပ်ချုပ်ဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့နှစ်ထဲက ဆက်တိုက်ရှိခဲ့ပါတယ်။ လက်ရှိအစိုးရထဲက ရဲတပ်ဖွဲ့ဝင်ထိပ်ပိုင်းခေါင်းဆောင်တချို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံခေါင်းဆောင်တွေ ဆက်လက် ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG