သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားသမဂ္ဂလှုပ်ရှားသူတဦး အသတ်ခံရမှု ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေး


ဘင်္ဂလားဒေ့ရှ်အလုပ်သမား ဆန္ဒပြပွဲ (ယခင်မှတ်တမ်းဓာတ်ပုံ)
ဘင်္ဂလားဒေ့ရှ်အလုပ်သမား ဆန္ဒပြပွဲ (ယခင်မှတ်တမ်းဓာတ်ပုံ)

ဘင်္ဂလားဒေ့ရှ်က အလုပ်သမားသမဂ္ဂ တက်ကြွလှုပ်ရှားသူ ရှာဟီဒူး အစ္စလာမ် (Shahidul Islam) ဇွန်လတုန်းက သေဆုံးသွားခဲ့တာအပေါ် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နဲ့ ကမ္ဘာ့အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုသံတွေ ပိုပြီးများလာနေပါတယ်။

စက်ရုံက ရှင်းမပေးတဲ့လုပ်ခတွေအတွက် အလုပ်သမားတွေနဲ့ စက်ရုံကြား အငြင်းပွါးကြရာမှာ ရှာဟီဒူး အစ္စလာမ် (Shahidul Islam) က အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေစဥ်မှာ ဒက္ကာမြို့အပြင်ဘက်က ဂါဇီပူရ (Gazipur) မှာ ရိုက်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အစ္စလာမ်ဟာ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း အလုပ်သမားများ ဖက်ဒရေးရှင်း BGIWF (Bangladesh Garment and Industrial Workers Federation) ရဲ့ သမ္ဘာရင့် စည်းရုံးရေးမှူးတယောက်လည်း ဖြစ်ပါတယ်။

စက်ရုံကငှါးထားတဲ့ ကြေးစားလူမိုက်တွေရဲ့လက်ချက် ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကတော့ စွပ်စွဲကြပါတယ်။ “အလုပ်သမားတွေကို ကိုယ်စားပြု စကားမပြောနိုင်အောင် လုပ်တာပါပဲ။ ဒါမှ ဒီ အငြင်းပွါးမှုမှာ သူ့ကို ဖယ်ရှားပြီး အလုပ်သမားတွေကို လုပ်ခ မပေးရအောင်လို့ပါ လို့ သမဂ္ဂဥက္ကဋ္ဌ ကယ်ပိုနာ အက်တာက (Kalpona Akter) က ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းပြပွဲကို နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ မှာကျင်းပခဲ့ရာမှာ နယ်သာလန်အခြေစိုက် သန့်ရှင်းအထည်များ စည်းရုံးလှုပ်ရှားရေး CCC အဖွဲ့က တက်ကြွလှုပ်ရှားသူတွေကလည်း အစ္စလာမ် အသတ်ခံရမှုအပေါ် ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG