သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ မုန်တိုင်းကြောင့် လူ ၂ သိန်း ၇သောင်းနီးပါး ဘေးလွတ်ရာတိမ်းရှောင်


ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့်ဇ်ဘဇားမှာ ဆိုင်ကလုန်းဟာမွန်း စတင်ဝင်ရောက်အပြီး လဲကျသွားတဲ့သစ်ပင်တပင်ကို တွေ့ရစဉ် (အောက်တိုဘာ ၂၅၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့်ဇ်ဘဇားမှာ ဆိုင်ကလုန်းဟာမွန်း စတင်ဝင်ရောက်အပြီး လဲကျသွားတဲ့သစ်ပင်တပင်ကို တွေ့ရစဉ် (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်း ဟာမွန်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ သိန်း ၇ သောင်းခွဲ နီးပါးဟာ ဒီနေ့ပဲ လုံခြုံတဲ့နေရာတွေကို ထွက်ပြေးခဲ့ရပြီး၊ အနည်းဆုံး လူ ၂ ဦးသေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်အာရှ အနိမ့်ပိုင်းဒေသတွေမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေဖြစ်ပေါ်နေပြီး၊ ဆိုင်ကလုန်း ဟာမွန်းဟာလည်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကို နောက်ဆုံး ဝင်ရောက် တိုက်ခတ်တဲ့ မုန်တိုင်းဖြစ်ပါတယ်။

ကမ်းရိုးတန်းကျေးရွာတွေနဲ့ ကျွန်းတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ဖြတ်တောက်ခံထားရပြီး၊ ပျက်စီးမှုသတင်းတွေကိုတော့ မကြားရသေးဘူးလို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာန အတွင်းရေးမှူး Kamrul Hasan (ကမ်ရူလ် ဟာဆန်) က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

သစ်ပင်နဲ့ အဆောက်အဦပြိုကျတဲ့အတွက် လူ ၂ဦးသေဆုံးပြီး၊ အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရထားလို့ ဆေးရုံမှာ ကုသနေတယ်လို့လည်း သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ ကျွမ်းကျင်သူ Muhammad Abul Kalam Mallik ကတော့ မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှာ စစ်တကောင်းနဲ့ ကော့ဘဇားကမ်းရိုးတန်းခရိုင် ကုန်းတွင်းပိုင်းတွေကို လေတိုက်နှုန်း (၆၅ မိုင်) အထိ တိုက်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်း အားပျော့သွားဖွယ်ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ကော့စ်ဘဇားခရိုင်မှာတော့ အင်္ဂါနေ့နှောင်းပိုင်းထဲက လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေကို သိရဖို့အတွက် ခရိုင်တာဝန်ရှိသူများထံ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG