သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BTS မှတ်တမ်း ရုပ်သံဇာတ်လမ်းတွဲ အမြည်းဗွီဒီယိုထွက် 


BTS တေးဂီတအဖွဲ့
BTS တေးဂီတအဖွဲ့

ကမ္ဘာကျော် ကိုရီးယားကေပေါ့အဖွဲ့ BTS က သူတို့အဖွဲ့အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းဇာတ်လမ်းတွဲ အမြည်းဗွီဒီယို ထုတ်လိုက်ပါပြီ။ "BTS Monuments: Beyond the Star" ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အမြည်းကို အွန်လိုင်းမှာ ရှာကြည့်နိုင်ပါတယ်။

အပိုင်း ၈ ပိုင်း ပြသမှာဖြစ်ပြီး Disney+ ရုပ်သံလိုင်းမှာ ပြသမှာပါ။ BTS အဖွဲ့ရဲ့ ၁၀ နှစ်တာ အနုပညာခရီးတလျှောက် အတွေ့အကြုံတွေကို သေချာရိုက်ပြထားတာ ဖြစ်ပါတယ်။ သူတို့ လက်ရှိရထားတဲ့ အောင်မြင်မှုမျိုးမရခင် ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရလဲဆိုတာလည်း တွေ့ရမှာပါ။ BTS အဖွဲ့ဝင် ၇ ယောက်ဖြစ်တဲ့ Jin, Suga, J-hope, RM, Jimin, V, and Jung Kook တို့ တဦးချင်းစီနဲ့လည်း မေးမြန်းခန်းတွေပါဝင် ပါတယ်။

BTS အဖွဲ့ဟာ ကိုရီးယားသမိုင်းမှာ အရောင်းရဆုံး တေးဂီတအဖွဲ့ဖြစ်ပြီး တေး ဓာတ်ပြား သန်း ၃၀ ကျော်ရောင်းချရခဲ့ပြီးပါပြီ။ အမေရိကန်အကောင်းဆုံးတေးမှတ်တမ်း Billboard စာရင်းမှာလည်း အကောင်းဆုံးတေးအပုဒ် ၁၀၀ စာရင်းမှာ နံပတ် ၁ ပထမဆုံးချိတ်တဲ့ တခုတည်းသော ကိုရီးယားအဖွဲ့ဖြစ်ပါတယ်။ "Dynamite” “Butter” ဆိုတဲ့သီချင်းတွေ၊ ဗြိတိသျှနာမည်ကျော် Coldplay အဖွဲ့နဲ့ သီဆိုထားတဲ့ “My Universe” သီချင်းတွေက အင်္ဂလိပ်တေးသီချင်းစာရင်းမှာပါ ထိပ်ဆုံးရောက်တဲ့ သီချင်းတွေပါ။ ပြီးတော့ BTS အဖွဲ့ဟာ ဂရမ်မီ ဂီတဆုအတွက် တစ်ကြိုဆုနေရာ ၅ ခု လျာထားခံရတဲ့ ပထမဆုံးနဲ့ တခုတည်းသော ကိုရီးယား ဂီတအဖွဲ့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဂီတကြီးကြပ်ရေးအဖွဲ့ IFPI က သူတို့ကို ကမ္ဘာ့အသံသွင်းအနုပညာရှင်ဘွဲ့ ၂ ခါတောင် ပေးထားပါတယ်။

တောင်ကိုရီးယားရဲ့ စစ်မှုထမ်းဥပဒေအရ အခုဆို အပြင်မှာ ကျန်နေသေးတဲ့ RM, Jimin, V နဲ့ Jung Kook တို့ စစ်မှုထမ်းလုပ်ငန်းစဉ် စပြီလို့ သူတို့ကို ကိုယ်စားပြုတဲ့ Hybe က ပြောပါတယ်။

“BTS Monuments: Beyond the Star” မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို Disney+ ရုပ်သံလိုင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တိုင်းမှာ ဇာတ်လမ်းတွဲအသစ် ၂ ခုစီ ပြသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG